ပူတာအို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေး တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်များ ဖွင့်လှစ်သင်ကြားမည်

 

ပူတာအို    ဇန်နဝါရီ     ၅


ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေး၊ စိုက်ပျိုးရေး အခြေခံထွက်ကုန်သီးနှံများ တန်ဖိုးမြှင့် ထုတ်လုပ်၍      ပြည်တွင်း    ပြည်ပတင်ပို့နိုင်ရေး၊ ကြိမ်၊   ဝါးလက်မှုထည်များ၊    ရက်ကန်းလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး ရေး၊   တိုင်းရင်းသားရိုးရာ   လက်မှုအထည်များ တိမ်ကောပပျောက်မှု   မရှိစေရေးနှင့်     ဒေသ စီးပွား  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ယခုဘဏ္ဍာ နှစ်အတွင်း  ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်နိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း     ကချင် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 


“ကျွန်တော်တို့ ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း      ဦးစီးဌာနအနေနဲ့ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်မှာ ရုံးတိုးချဲ့ဖွင့်လှစ်သွားပါမယ်။   ဒီခရိုင်တွေကို တိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် ဌာနရဲ့လုပ်ငန်းဖြစ် တဲ့     အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေ၊ ရက်ကန်း လုပ်ငန်းတွေ နောက်ပြီးဒေသခံတွေ အများဆုံး လိုအပ်တဲ့    အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းတွေ၊   တိုင်းရင်းသားရိုးရာ   လက်မှုအထည်လုပ်ငန်းတွေ    ဦးစားပေးပြီး ပို့ချသွားပါမယ်။  အခု  ဒီဘဏ္ဍာနှစ်အတွင်းမှာ  ခရိုင်ရုံးဖွင့်ဖို့    ခွင့်ပြုထားပြီဖြစ်တဲ့အတွက် ခရိုင်ရုံးဖွင့်တာနဲ့       အသက်မွေးဝမ်းကျောင်း ဆိုင်ရာ  ကာလတိုသင်တန်းတွေ  ပေးမှာဖြစ်လို့    ပူတာအိုခရိုင်ဟာ     အရင်ကထက်     ဖွံ့ဖြိုး တိုးတက်လာမှာ  ဖြစ်ပါတယ်” ဟု  ပြည်နယ်  အသေးစား   စက်မှုလက်မှု    လုပ်ငန်းဦးစီး ဌာန     ပြည်နယ်ဦးစီးမှူး     ဦးအောင်မောင်း က ပြောသည်။

 


“သင်တန်းအမျိုးအစား       အနေနဲ့ကတော့ တန်ဖိုးမြှင့်     စားသောက်ကုန်တွေ    ပါမယ်။ လူသုံးကုန်တွေ   ပါမယ်။      နောက်တစ်ခါ  လက်မှုအထည်တွေ။     ပူတာအိုခရိုင်မှာ      နဂို ကတည်းက      တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့  ရက်ကန်းတွေရှိတယ်။   ဒါပေမယ့်    ဒီဘက် က  စက်ရက်ကန်း၊  လက်ရက်ကန်းလိုတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့   ဂျပ်ခုတ်ဆန်ဆန်   အထည်ရက်လုပ်တာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ရုံးစတင်ဖွင့်လှစ်ပြီး ရက်ကန်း လုပ်ငန်းတွေရှိမယ်။    စက်ချုပ်လုပ်ငန်းတွေ  ရှိမယ်။ နောက်တစ်ခါ သဘာဝဆိုးဆေးလုပ်ငန်း တွေရှိမယ်။   ဌာနကသင်ပေးတဲ့   လုပ်ငန်း တွေ     အကုန်ပို့ချသွားမှာ    ဖြစ်တဲ့အတွက် ပူတာအိုမှာ   အရင်ကတည်းက   အခြားဒေသနဲ့    မတူတဲ့    အအေးပိုင်းမှာ   စိုက်ပျိုးတဲ့သီးနှံ တွေ၊    လုပ်ငန်းရှင်တွေ    ပေါ်ထွက်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

 


GDP အနိမ့်ဆုံးခရိုင်ဖြစ်


လက်ရှိ   ကချင်ပြည်နယ်    အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ပြီး     ခုနစ်နှစ်တာကာလအတွင်း     လုပ်ငန်းရှင် မှတ်ပုံတင်ထားသူ  စုစုပေါင်း ၅၀၆ ဦးရှိသည့် အနက် ပူတာအိုခရိုင်မှ လုပ်ငန်းရှင်မှတ်ပုံတင် ထားသူ လေးဦးသာရှိသည့်အတွက်    အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း အရေအတွက် အနည်း ဆုံးနှင့် ဒေသ  GDP အနိမ့်ဆုံးခရိုင်ဖြစ်ကြောင်း သိရသည်။


 ဖုန်ကန်(ပူတာအို)