ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်   ဇန်နဝါရီ  ၅


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင်   ကမ္ဘာ့နိုင်ငံအသီးသီးမှ   နိုင်ငံအကြီးအကဲများက  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။ 

 


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး
 မစ္စတာ ဗလာဒီမာ မာခေးထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏    လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့  ဂုဏ်ယူဝမ်းမြောက် ကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပညာရေး နှင့် အခြားသောနယ်ပယ်များတွင်    ပူးပေါင်းဆောင်ရွက်မှု   ပိုမိုဖွံ့ဖြိုး တိုးတက်ရန်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ၏  မြဲမြံသော သဘော ထားကို အတည်ပြုလိုပါသည်။

 


နိုင်ငံတကာစင်မြင့်တွင် မြန်မာ−ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနများအကြား    ဆက်လက်ဖြစ်ထွန်းလျက်ရှိသော အပြုသဘောဆောင်သည့် ထိတွေ့ဆောင်ရွက်မှုများသည် နှစ်နိုင်ငံ အကြား အကျိုးကျေးဇူးဖြစ်ထွန်းသော   ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းရေးအတွက်  ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ 
မိမိအနေဖြင့် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။