တရုတ်နိုင်ငံက ဘော့ဆွာနာနိုင်ငံသို့ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်သန်း လှူဒါန်းမည်

ပေကျင်း   ဇန်နဝါရီ   ၂


တရုတ်နိုင်ငံသည်    ၂၀၂၂ ခုနှစ် အတွင်း ဘော့ဆွာနာနိုင်ငံသို့ Sinovac ကိုဗစ်-၁၉  ရောဂါ      ကာကွယ်ဆေး အလုံးရေ နှစ်သန်း   လှူဒါန်းမည်ဖြစ် ကြောင်း      ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး       ဝမ်ဇူဖန်က ဇန်နဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။


ယင်းလှူဒါန်းမှုသည် ဘော့ဆွာနာ နိုင်ငံသို့   ပထမဆုံးအကြိမ်လှူဒါန်းမှု ဖြစ်လာမည်ဖြစ်ပြီး   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်   အပို ဆောင်းထိုးနှံမှု  အပါအဝင်    နိုင်ငံ တစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ဆေးထိုးနှံမှုတွင် ဘော့ဆွာနာနိုင်ငံအား ထပ်မံ        အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း           ဝမ်ဇူဖန်က ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး       ဖေ့စ်ဘွတ်စာမျက်နှာတွင်   ရေးသားဖော်ပြထားသည်။


တစ်စိတ်တစ်ပိုင်းဖြစ်


တရုတ်နိုင်ငံက ဘော့ဆွာနာနိုင်ငံ သို့     Sinovac   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ       နှစ်သန်း လှူဒါန်းမည့်       ဆောင်ရွက်ချက်သည် အာဖရိကတိုက်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံ ထပ်မံအထောက်အပံ့ပေးမည့် တရုတ် နိုင်ငံ၏ ကတိကဝတ် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဘော့ဆွာနာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၉၅၀၉ ဦး၊ အဆိုပါရောဂါဖြင့် သေဆုံး သူပေါင်း ၂၄၄၄ ဦးရှိကြောင်း သိရသည်။ ဘော့ဆွာနာနိုင်ငံ၌ ၁၁၆၇၁၀၅ ဦးသည် ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေး တစ်ကြိမ်     ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း နှင့် ၁၀၃၂၅၈၄ ဦးသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု   ခံယူပြီးဖြစ်ကြောင်း သိရသည်။


 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်