(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တံဆိပ်ခေါင်းသစ် သုံးမျိုး ရောင်းချမည်

 

နေပြည်တော်   ဇန်နဝါရီ   ၂


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန     မြန်မာ့စာတိုက် လုပ်ငန်းက (၇၄)   နှစ်မြောက် လွတ်လပ်ရေးနေ့   အထိမ်းအမှတ် အထူးထုတ်   (၂၀၀  ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးကို ၂၀၂၂ ခုနှစ်   ဇန်နဝါရီ   ၄ ရက်၊ မြန်မာသက္ကရာဇ်   ၁၃၈၃  ခုနှစ် ပြာသိုလဆန်း ၃ ရက်(အင်္ဂါနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည် တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊   မန္တလေးစာတိုက် ကြီးတို့နှင့်       တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

 


အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်  ဗဟိုစာတိုက်ကြီး၊  ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင်    ဇန်နဝါရီ ၄   ရက်တွင်   ဝယ်ယူသော   စာပို့ တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေး မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်