
နိုင်ငံတကာ နှစ်သစ်ကူးအချိန်အခါမှစ၍ အေးချမ်းသာယာပြည်မြန်မာကြီး ဖြစ်ထွန်းလာစေရေးအတွက် စာပေပညာရှင်၊ အနုပညာရှင် အသီးသီးတို့၏ နှစ်သစ်ကူးဆုမွန်တောင်း စကားသံတို့ကို ဖော်ပြလိုက်ရပါသည်။
ဒေါက်တာ သန်းဦး
(စာပေပညာရှင်)
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ် ကို ကူးပြောင်းတဲ့အခါမှာ မင်္ဂလာ ကျက်သရေအပေါင်း ခညောင်း ပြည့်စုံပါစေ။ အားလုံးသော ပုဂ္ဂိုလ်သတ္တဝါအပေါင်း သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေ။ အားလုံးကျန်းမာ ချမ်းသာရွှင်လန်းချမ်းမြေ့ကြပါစေ။
ဦးကြည်စိုးထွန်း
(မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)
မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ဘေးဘယာဝေးကွာ၍ အန္တရာယ်အပေါင်းမှ ကင်းဝေးပါ စေကြောင်း၊ ၂၀၂၂ ခုနှစ်ရဲ့ နှစ်သစ် မင်္ဂလာအချိန်သမယ၌ မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့ပါ စေလို့ ရုပ်ရှင်လောကသားများ ကိုယ်စား ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
ပန်းချီဦးစိုးမိုး
(ရုပ်ရှင်ဒါရိုက်တာ)
ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ် ရောဂါ ပထမလှိုင်းကစပြီး ယခုထိ အခြားသော တိုင်းပြည်များနဲ့ စာရင် တော်တော်ခံသာပါတယ်။ ဆက်လက်ပြီးလည်း မြန်မာနိုင်ငံ သူ နိုင်ငံသားအားလုံးအနေနဲ့ ကိုဗစ်-၁၉ ရောဂါကင်းစင်ပြီး ကမ္ဘာသူ ကမ္ဘာသားတွေလည်း ကိုဗစ်ရောဂါ ကင်းဝေးကြပါစေ။ စီးပွားရေး လုပ်ငန်းများလည်း အောင်မြင်ကြပါစေ။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်း တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲ ပြီးတဲ့အခါ စစ်မဲ့ကမ္ဘာကြီး ဖြစ်လာ ရင် ကမ္ဘာကြီး ပိုပြီးငြိမ်းချမ်းသွား မယ်လို့ ပြောချင်ပါတယ်။
ဒေါ်နွဲ့နွဲ့စမ်း
(ရုပ်ရှင်သရုပ်ဆောင်)
ကျွန်မအနေနဲ့ ကမ္ဘာကြီး လည်း အေးချမ်းပါစေ၊ မြန်မာပြည် ကြီးလည်း အေးချမ်းပါစေ၊ မြန်မာ ပြည်သူ ပြည်သားများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်။ အားလုံးလည်း အေးချမ်းသာယာ စေချင်ပါတယ်။
ဦးအုန်းမောင်(ခ)မြင်းမူ
မောင်နိုင်မိုး
(မြန်မာနိုင်ငံသတင်း
မီဒီယာကောင်စီဥက္ကဋ္ဌ)
နှစ်သစ်ကူး ကာလနဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ ပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ မိမိ တို့ရဲ့ လုပ်ငန်းခွင်တို့မှာ ချမ်းမြေ့ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ကြပါ စေလို့ ဆန္ဒပြုပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့လည်း ကင်းဝေးပြီး ပြည်သူလူထု အင်အားနဲ့ နိုင်ငံတော်ရဲ့ ဦးဆောင်မှုနဲ့အတူ ညီညီညွတ်ညွတ်နဲ့ ကပ်ရောဂါ ကို ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ ဒါအပြင် သတင်းမီဒီယာသမားများအနေနဲ့ သတင်းအမှန်၊ တိကျမှန်ကန်တဲ့ သတင်းမျိုးကို ပြည်သူလူထုသိရှိ နိုင်အောင် အချိန်နဲ့တစ်ပြေးညီ ဖော်ထုတ်တင်ပြပြီးတော့ သတင်း အတု/ သတင်းမှားများဖြစ်တဲ့ အဆိပ်သင့်တဲ့ သတင်းတွေ ပပျောက်ဖို့အတွက် ကျွန်တော် တို့ သတင်းမီဒီယာသမားများ ကလည်းပဲ ပြည်သူလူထုနဲ့အတူ နိုင်ငံတော်အတွက် တစ်တပ် တစ်အား ပါဝင်ပြီး တာဝန်ယူ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဆန္ဒ ပြုအပ်ပါတယ်။ အားလုံးကျန်းမာချမ်းသာတော်မူကြပါစေ။
ဦးလွင်မြင့်
(မြန်မာနိုင်ငံဂီတ
အစည်းအရုံးဥက္ကဋ္ဌ)
နှစ်သစ်ဆိုတာ လူသား အားလုံးအတွက် မင်္ဂလာရှိတဲ့နေ့ လည်းဖြစ်ပါတယ်။ လူသား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ကမ္ဘာကြီးတစ်ခု လုံး ငြိမ်းချမ်းသာယာပါစေ။ အာဃာတတွေ ပပျောက်ပြီး ငြိမ်းချမ်းမှုနဲ့ ချစ်ကြည်မှုအားလုံး တည်ဆောက်နိုင်ပါစေလို့ ဆုမွန် ကောင်းပို့သပါတယ်။ ရင်ဆိုင် နေရတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးမှ လည်း အမြန်ဆုံး အားလုံး ဘေးဘယာ ဝေးကွာကြပါစေ ကြောင်း မေတ္တာပို့သပါတယ်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ်)