မိဘပြည်သူများခင်ဗျာ-
နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ် တော်လှန်ရေးများကြောင့် မြန်မာနိုင်ငံ လွတ်လပ် ရေး ရခဲ့တာ ၂၀၂၂ ခုနှစ်မှာ (၇၄)နှစ် ပြည့်ပါပြီ။ (၇၅)ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့သို့ ဘယ်လို ဆက်လက် ချီတက်ကြမလဲ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုခံယူပြီး လတ်တလောဖြစ်ပေါ်လာတဲ့ အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်တဲ့ CRPH၊ NUG၊ PDF တို့ကို အပြတ် ရှင်းလင်းရမယ်။
ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံခြား ဩဇာခံတွေနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတွေရဲ့ ကြားမှာ အမျိုးသားရေးအတွက် စာရင်းရှင်းလင်းမှု ကို ဖြတ်သန်းရပါမယ်၊ ဒီလို နိုင်ငံရေးအချိုးအကွေ့ မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ တွေဟာ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးလာ တဲ့ ဘယ်ပြည်တွင်း၊ ပြည်ပ ရန်သူကိုမဆို ရင်ဆိုင် ရမယ်။ ရန်သူတွေကဖန်တီးတဲ့ အကျပ်အတည်း များကို ရိုက်ချိုးပစ်ရမယ်။
သမိုင်းကပေးခဲ့တဲ့ သင်ခန်းစာများကိုရယူပြီး နောက်တစ်ကြိမ် ကိုလိုနီနိုင်ငံ သူ့ကျွန်ဘဝသို့ ပြန်မရောက်ရေးအတွက် နိုင်ငံခြားကျူးကျော်သူ များနဲ့ အမျိုးသားသစ္စာဖောက်များကို ဗုန်းဗုန်းလဲ ကျရှုံးတဲ့အထိ နှစ်သစ်မှာ အောင်ပွဲဆင်နိုင်ကြပါစေ လို့ ကျွန်တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။