နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း ၆၀ တွင် ဘွဲ့သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်

နေပြည်တော်  ဒီဇင်ဘာ  ၃၀ 


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်   ယနေ့နံနက် ၁၀ နာရီတွင်  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့်    တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။ 


မှာကြား


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက နည်းပညာတက္ကသိုလ်နှင့်   ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း  ၆၀ တွင်   ဘွဲ့သင်တန်းများ  ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်     လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ  စနစ်တကျဖြစ်စေရေး၊  ကိုဗစ် ၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်တားဆီးရေး  လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်စေရေး၊  စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်     အမှန်တကယ် တတ်မြောက်သည့် ရလဒ်အခြေပြု အရည်အသွေး ပြည့်ဝသော သင်ကြား၊    သင်ယူမှုများဖြစ်စေရေး တို့ကိုမှာကြားသည်။ 


ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါ်နွယ်နီက တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးပြီး   တက်ရောက်လာကြသော တက္ကသိုလ်အသီးသီးမှ   ပါမောက္ခချုပ်၊  ဒုတိယ ပါမောက္ခချုပ်များက    တက္ကသိုလ်အလိုက်   စီစဉ် ဆောင်ရွက်ထားရှိမှု   အခြေအနေများ    တင်ပြ ဆွေးနွေးကြသည်။ 
 ဖြည့်စွက်ဆွေးနွေး


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် အသီးသီး၏  တင်ပြချက်များအပေါ်   ဖြည့်စွက် ဆွေးနွေးပြီး  လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။   အဆိုပါ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ   ပါမောက္ခချုပ်များ၊  ဒုတိယ ပါမောက္ခချုပ်များ    တက်ရောက်ခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်