တက္ကသိုလ်ကျောင်းသား ကျောင်းသူများအားလုံးကို ကျောင်းတက်သည်နှင့် တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရင်းများကို စနစ်တကျမှတ်တမ်းထားရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားက

နေပြည်တော်  ဒီဇင်ဘာ  ၃၀


တက္ကသိုလ်များ  ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်းအစည်း  အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ဖြည့်ဆည်းပေးမည်


ဦးစွာ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၆ ရက်တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်ရာ    တက္ကသိုလ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးကြရမည်ဖြစ်ပါကြောင်း၊    တက္ကသိုလ်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်း သာယာရေးတို့ကို  အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအားလုံးကို  ကျောင်းတက်သည်နှင့်  တစ်ပြိုင်နက် တည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင် ရေးနှင့်  ကာကွယ်ဆေးထိုးနှံပြီးစီးမှု  စာရင်းများကို စနစ်တကျ         မှတ်တမ်းထားရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်   ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊  တက္ကသိုလ်စာကြည့် တိုက်များရှိ  ဘာသာရပ်အလိုက်  ရည်ညွှန်းစာအုပ် အရေအတွက်၊ သုတ၊ ရသ စာအုပ်အရေအတွက်နှင့် ထပ်မံလိုအပ်သည့် စာအုပ်စာရင်းများပြုစု၍ တင်ပြ စေလိုပါကြောင်း၊  ဆရာ ဆရာမ၊  ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်း များ   ပျိုးထောင်ပေးရန်အတွက်  စာအုပ်များနှင့် စာကြည့်တိုက်ဝန်ထမ်းများ ပြည့်စုံအောင် ဖြည့်ဆည်း ပေးမည် ဖြစ်ပါကြောင်း။


တက္ကသိုလ်အသီးသီးတွင်       မြေနေရာရှိပြီး သီးခြားစာကြည့်တိုက်မရှိသေးပါက တည်ဆောက် ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ အတွက် သင်ထောက်ကူပစ္စည်းများ  ဝယ်ယူရာတွင် သက်ဆိုင်ရာဘာသာရပ် ပါမောက္ခများ တွေ့ဆုံညှိနှိုင်း ပြီး တက္ကသိုလ်တိုင်းအတွက် တစ်ပြေးညီတူညီသည့် သင်ထောက်ကူပစ္စည်းများ သတ်မှတ်မှာကြားကြစေ လိုပါကြောင်း၊   မှာယူထားသော  သင်ထောက်ကူ ပစ္စည်းများကို အသုံးမပြုဘဲထားခြင်းသည် ဝန်ကြီး ဌာနအတွက်၊  နိုင်ငံတော်အတွက်  ဆုံးရှုံးမှုဖြစ်ပါ ကြောင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/  ဌာနမှူးများအနေဖြင့် သင်ကြားရေး ကို စာသင်ခန်းအထိ လှည့်လည်ကြည့်ရှုပြီး ကြီးကြပ် ကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရေး၊ စီမံရေးရာ အခြေအနေများ  တိုးတက်ကောင်းမွန်ရေးအတွက် အောက်ခြေအထိ ကွင်းဆင်းကြီးကြပ်ကြရမည်ဖြစ်ပါ ကြောင်း။


ပြုစုထားကြရမည်


တက္ကသိုလ်အသီးသီးတွင်     ကျောင်းသား ကျောင်းသူများ  တက်ရောက်ပညာသင်ယူသည့် ဦးရေ၊ ဘွဲ့ရရှိသည့်ဦးရေနှင့် ရာခိုင်နှုန်း စသည့်စာရင်း ဇယားများကို  ပညာသင်နှစ်အလိုက်၊  ဘာသာရပ် အလိုက် ဆယ်နှစ်စာ ပြုစုထားကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပရဝဏ်အတွင်း    အင်တာနက်ဝိုင်ဖိုင် ကွန်ရက် အပြည့်အဝလွှမ်းခြုံနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊  တက္ကသိုလ်များ တွင်  ကွန်ပျူတာများ  လိုအပ်သည့်အရေအတွက် ဖြည့်ဆည်းပေးနိုင်ရေး   စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  တက္ကသိုလ်များတွင် ဒေသအကျိုးပြု အသုံးချဘာသာရပ်များကို တိုးချဲ့သင်ကြားကြရမည် ဖြစ်ပါကြောင်း၊ ဥပဒေနှင့်  စီးပွားရေးဘာသာရပ် သင်တန်းများကို စီးပွားရေးဇုန် ၂၄ ခုတွင်  တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊  တက္ကသိုလ်နည်းပြ၊ သရုပ်ပြများ ခန့်အပ်ရာတွင် အသက်ကန့်သတ်ချက် ကို တိကျစွာ စိစစ်ကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဖြည့်စွက်ရှင်းလင်းသည်။ယင်းနောက် အမြဲတမ်း အတွင်းဝန်  ဒေါက်တာစိုးဝင်းနှင့်  အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း တို့က  တက္ကသိုလ်များ     ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍        တက်ရောက်လာသူများက  တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း ၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်