မွန်ပြည်နယ် အားကစားဥယျာဉ်စီမံကိန်း ဘောလုံးကွင်း၊ အဆောက်အအုံဆောက်လုပ်မည့် မြေနေရာပန္နက်တင်

 

မော်လမြိုင်   ဒီဇင်ဘာ  ၃၀


မွန်ပြည်နယ်အားကစားနှင့်   ကာယပညာဦးစီးဌာနမှ  မော်လမြိုင်မြို့ မင်းရွာကျေးရွာ၌  ပြည်နယ်အားကစား ဥယျာဉ်စီမံကိန်း  ဘောလုံးကွင်း၊  အဆောက်အအုံများ   ဆောက်လုပ်မည့်    မြေနေရာတွင်   ပန္နက်တင်ပွဲကို    ယမန်နေ့က    ကျင်းပရာ    မွန်ပြည်နယ်ဝန်ကြီးချုပ်     ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ပန္နက်တင်ပွဲတွင်  အားကစားဥယျာဉ်စီမံကိန်း    ဘောလုံးကွင်း၊  အဆောက်အအုံတို့ကို   တာဝန်ယူ တည်ဆောက်မည့်         တင်ဒါအောင်ကုမ္ပဏီများက     မိမိတို့  တည်ဆောက်မည့်     အပိုင်းလိုက်   ရှင်းလင်း တင်ပြပြီး   ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များ ကို မှာကြားသည်။ 

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ သည်  သတ်မှတ်နေရာအသီးသီးတို့၌   ပန္နက်များ စိုက်ထူပေးပြီး  မော်လမြိုင်မြို့  ရာမညပွဲကြည့်စဉ် အသစ်    ပြန်လည်တည်ဆောက်ခြင်း   ပန္နက်တင် မင်္ဂလာအခမ်းအနား    တက်ရောက်ကာ      ပန္နက် စိုက်ထူပေးသည်။

 


မွန်ပြည်နယ်အတွင်းရှိ    လူငယ်၊    လူရွယ်များ၊ ကျန်းမာရေးနှင့်    အားကစားလိုက်စားသူများအား ကျန်းမာကြံ့ခိုင်မှု၊      အရည်အသွေးပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု    ဘက်စုံ၊   ထောင့်စုံမှ မြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစား နည်းများအလိုက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇာဖြူဝင်း(ပြန်/ဆက်)