ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်(မြောက် ပိုင်း)   မူဆယ်မြို့သို့    ပြန်လည် ဝင်ရောက်လာသူ    အမျိုးသား   ၁၁၄ ဦး၊ အမျိုးသမီး ၈၂ ဦး  စုစု ပေါင်း ၁၉၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား လေးဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၁ ဦးနှင့်  လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား    နှစ်ဦး၊   အမျိုးသမီး တစ်ဦး    စုစုပေါင်း   သုံးဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ  အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၇၀    စုစုပေါင်း   ၁၇၆ ဦးတို့ကို လည်းကောင်း လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင် သက် ဆိုင်ရာ    ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ   တာဝန် ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ ဝင်များက    ကိုဗစ်-၁၉    ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ   ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏  ညွှန်ကြားချက်များကို   ရှင်းလင်း ပြောကြားပြီး    တိုင်းစစ်ဌာနချုပ် အသီးသီးမှတာဝန်ရှိသူများ၊  ဌာန ဆိုင်ရာ တာဝန်ရှိသူများက လိုအပ် သည်များ  ကူညီဆောင်ရွက်ပေး ကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်   ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင်  သီးသန့်ထားရှိ၍   လိုအပ်သည် များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်