ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၏ နောက်ဆုံးနှစ်(ဘွဲ့ကြို) သင်တန်းများပြန်လည်ဖွင့်လှစ်မည်

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၏ နောက်ဆုံး နှစ်   အမ်ဘီဘီအက်စ်  အပိုင်း(ခ) (၆/၂၀၁၉)  (ပုံမှန်)  သင်တန်း၊ သွားဘက်ဆိုင်ရာ   ဆေးတက္ကသိုလ်များ၊    ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ   နည်းပညာတက္ကသိုလ်များ၊   သူနာပြုတက္ကသိုလ် များ၊    အခြေခံကျန်းမာရေး      တက္ကသိုလ်နှင့်      တိုင်းရင်းဆေး တက္ကသိုလ်တို့၏   နောက်ဆုံးနှစ်   (၁/၂၀၂၀)  (ပုံမှန်)    သင်တန်း များကို (၂၀၂၂)  ခုနှစ်  ဇန်နဝါရီ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်  ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ Facebook Page, Website တို့တွင် ဝင်ရောက်ကြည့်ရှုခြင်း၊     တက္ကသိုလ်များသို့    တိုက်ရိုက်စုံစမ်း မေးမြန်းခြင်းများကို ဆောင်ရွက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။


 သတင်းစဉ်