
ဝေါ ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် တည် ဆောက်လျက်ရှိသည့် ပုကိုင်တာ ရေသွင်းတံခါး တည်ဆောက်ရာ၌ စီမံကိန်းဧရိယာအတွင်း ပါဝင် သွားသည့် လယ်ယာမြေ (၅၂ ဒသမ ၅၇)ဧကအတွက် တောင်သူ ကိုးဦးအား သီးနှံနစ်နာကြေး နှင့် လယ်ယာမြေလျော်ကြေး ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက် က ပုကိုင်တာ ရေသွင်းတံခါး တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပ သည်။
ရှေးဦးစွာ ပဲခူးခရိုင်၊ လယ်ယာ မြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင် ဇော်လတ်က စီမံကိန်းဧရိယာ အတွင်း ပါဝင်သွားသော လယ်ယာ မြေများအတွက် သီးနှံနစ်နာကြေး နှင့် လယ်ယာမြေလျော်ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုကိုင်တာ ရေသွင်းတံခါး တည်ဆောက်ခြင်း လုပ်ငန်းတွင် ပါဝင်သွားသည့် (၅၂ ဒသမ ၅၇) ဧကအတွက် မြစ်ကျိုး ကျေးရွာမှ တောင်သူ ခုနစ်ဦးနှင့် လေးအိမ်စုကျေးရွာမှ တောင်သူ နှစ်ဦး စုစုပေါင်းတောင်သူ ကိုးဦး အား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေနစ်နာကြေး ငွေကျပ် ၁၅၅၇၁၂၃၀၀ ကို ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက တောင်သူများထံ ပေးအပ်သည်။
စိုးမိုး(ပြန်/ဆက်)