
ရန်ကုန် ဒီဇင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ် မှုဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် မိသားစုတို့က လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲတို့ အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၏ အလွှာ ၁၀ များဖြစ်သော အုပ်ချုပ်/ဖြန့်ချိအလွှာ၊ ဗီဒီယို အခြေခံအလွှာ၊ ဇာတ်လမ်း/ ဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ် ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတ အလွှာ၊ ဒါရိုက်တာအလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့/ဇာတ်ရံအလွှာနှင့် စက်မှုအလွှာ တို့မှ အစည်းအရုံးဝင်များကို ဆန်၊ ဆီ၊ဆားနှင့်ပဲများ ဝေငှပေးအပ်မှု များကို မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၌ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ပေးအပ်ရာတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် အနုပညာ ရှင်/ အတတ်ပညာရှင်များအား တစ်ဦးလျှင် ဆန် ၁၂ ပြည် တစ်အိတ်၊ ဆီတစ်လီတာ တစ်ဘူး၊ ပဲ တစ်ပိဿာ၊ ဆားတစ်ပိဿာတို့ အား ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်လုပ်/ဖြန့်ချိအလွှာနှင့်ဗီဒီယိုအခြေခံအလွှာတို့ကို လည်း ကောင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဇာတ်လမ်း/ဇာတ်ညွှန်းအလွှာနှင့် အဓိကသရုပ်ဆောင်အလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက် တွင် တည်းဖြတ်အလွှာနှင့်ပြဇာတ် နှင့်နောက်ခံတေးဂီတအလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက် တွင် ဒါရိုက်တာ အလွှာနှင့် ထုတ်လုပ်သူအလွှာတို့ကို လည်း ကောင်း၊ ဒီဇင်ဘာ ၂၉ ရက်နှင့် ဒီဇင်ဘာ ၃၀ ရက်တို့တွင် ဇာတ်ပို့ ဇာတ်ရံအလွှာနှင့် ဒီဇင်ဘာ ၃၁ ရက်တွင် စက်မှုအလွှာတို့ကို လည်းကောင်း သီးခြားရက်များ သတ်မှတ်ထားပြီး ဝေငှပေးလျက် ရှိကြောင်း၊ အလွှာ ၁၀ အနက်မှ စက်မှုအလွှာသည် အစည်းအရုံး ဝင် အများဆုံးဖြစ်သည့်အတွက် ဒီဇင်ဘာ ၃၁ ရက်တွင် မော်တော် ယာဉ်များဖြင့် အိမ်တိုင်ရာရောက် ဝေငှပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဝင်များအတွက် စားဝတ် နေရေး အဆင်ပြေစေရန် ရည်ရွယ် ၍ လှူဒါန်းမှုမှာ စားသုံးဆီ တစ်လီတာဘူး ၁၆၉၀၊ ပဲပိဿာ ချိန် ၁၆၉၀၊ ဆန်အိတ် ၁၂ ပြည်ဆံ့ ၁၆၉၀နှင့် ဆားပိဿာ ၁၆၉၀ တို့ကို ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်