
မိုးညှင်း ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ ၂၄၉ ဦးအား ၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ဒီဇင်ဘာ ၂၃ ရက်က ငွေကျပ် ၁၇၃၁ သိန်း ထုတ်ချေးပေးသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို နိုဝင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ကျေးရွာဘဏ်အဖွဲ့ဝင် တောင်သူ ၂၄၉ ဦးအား ၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံ စိုက်ဧက ၁၇၃၁ ဧကအတွက် ချေးငွေစုစုပေါင်း ၁၇၃၁ သိန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအောင်စိုးဦးထံမှ သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)