(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ပဏမလက်ရွေးစင်အားကစားသမားများ စံချိန်ယူမှတ်တမ်းတင်‌ သေနတ်ပစ်ပြိုင်

 

ရန်ကုန်    ဒီဇင်ဘာ   ၂၄


(၃၁)   ကြိမ်မြောက်       အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ    ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် စခန်းသွင်းလေ့ကျင့်နေသည့် ပဏမ လက်ရွေးစင်အားကစားသမားများ၏ စံချိန် ယူ မှတ်တမ်းတင်‌သေနတ်ပစ်ပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲကို ယ‌နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်‌မြောက်ပိုင်း အပြည် ပြည်ဆိုင်ရာ‌‌ သေနတ်ပစ်အားကစားကွင်း၌ ကျင်းပသည်။

 


အဆိုပါပြိုင်ပွဲတွင်အမျိုးသား၁၀မီတာ‌ လေပစ္စတို၊ ၁၀ မီတာ‌ လေရိုင်ဖယ်၊ ၂၅ မီတာ စံချိန်မီပစ္စတို၊ ၅၀ မီတာ စိတ်ကြိုက်ပစ္စတို (ဆီးဂိမ်းစံချိန်)၊  အမျိုးသမီး    ၁၀   မီတာ‌ လေပစ္စတို၊ ၁၀ မီတာ‌လေရိုင်ဖယ်၊ ၂၅ မီတာအားကစားပစ္စတိုပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ယှဉ်ပြိုင်ခဲ့ကြသည်။

 


“ဆီးဂိမ်းပြိုင်ပွဲအတွက် လက်ရည်စစ်တဲ့ အ‌နေနဲ့ ပထမအကြိမ်ပြုလုပ်တာပါ။ ပြိုင်ပွဲ မှာ အခက်အခဲမရှိ‌အောင်လည်း ကျင်းပခြင်း ဖြစ်ပါတယ်။        အားကစားသမား‌တွေက တိုင်း‌ဒေသကြီးနှင့် ပြည်နယ်၊ အားကာသိပ္ပံ၊ ကြည်း၊‌ ရေ၊‌ လေ၊ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ မှ အားကစားသမား‌တွေကို စုစည်း‌ရွေးချယ် ပြီး ပဏမ‌လေ့ကျင့်တာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စခန်းသွင်းထား‌သော အမျိုးသား‌ လေးဦး၊ အမျိုးသားသမီး‌ ခြောက်ဦး ပြိုင်ပွဲ‌ဝင် ကြတာပါ။ ကစားသမား‌တွေရဲ့ ကာယကြံ့ခိုင် မှု‌တွေ၊     စိတ်ပိုင်းဆိုင်ရာတွေ၊   ကျည်နဲ့ ပတ်သက်ပြီး လုံလုံ‌လောက်လောက် ပစ်ခတ် နိုင်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ပစ္စတိုနည်းပြ ဦးသိန်းကြွယ်က‌ ပြောသည်။

 


အဆိုပါပြိုင်ပွဲသို့   တိုင်းဒေသကြီး  စီးပွား‌ ရေးရာ၀န်ကြီး ဦး‌အောင်သန်းဦး၊ သယံဇာတ ရေးရာ၀န်ကြီး ဦး‌ဇော်ဝင်းနှင့်  တာဝန်ရှိသူ များ၊   မြန်မာနိုင်ငံ  သေနတ်ပစ်အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ    ဦးကျော်မိုးဝင်းနှင့်  အမှု ဆောင်များ  တက်ရောက်ကြည့်ရှုအားပေးပြီး ပထမ၊    ဒုတိယ၊   တတိယရရှိကြ‌‌သော အားကစားသမားများအား ငွေသားဆုများ ချီးမြှင့်ကြကြောင်း  သိရသည်။   


သတင်းနှင့်ဓာတ်ပုံ-အာကာစိုး