တရားဝင် စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

 

နေပြည်တော် ဒီဇင်ဘာ ၂၄


တရားမဝင်ကုန်စည်များ     တားဆီးထိန်းချုပ်ရေး အတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား   ဌာနဆိုင်ရာ   ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်က မန္တလေး-မူဆယ်      ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်    ကုန်သွယ်မှုယာဉ်  ပို့ကုန် ၂၇၂ စီး၊ သွင်းကုန် ၁၀၃ စီး၊    ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက်  ကုန်သွယ်မှုယာဉ်  သွင်းကုန် ၂၉၇ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

 


 အဆိုပါ  စစ်ဆေးရေးစခန်းများက  တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်စဉ် ဒီဇင်ဘာ ၂၃ ရက်က  မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှုတစ်မှု၊   ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၄၀၀ သန်းတန်ဖိုးရှိ တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D (100mlx50) (160 Pkgs) သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်