ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးတို့ အမှူးပြုသော ဆရာတော် သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖူးမြော်ကြည်ညို

စစ်တွေ   ဒီဇင်ဘာ  ၁၅


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့်   ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊  ရခိုင် ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် အဖွဲ့သည်  ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့  လောကာနန္ဒာစေတီ တော်   သာသနာ့ဗိမာန်တော်၌  ပြည်နယ် ဩဝါဒါစရိယဆရာတော် ကြီးနှင့်  ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ     ဆရာတော်ကြီးတို့ အမှူးပြုသော  ဆရာတော်၊ သံဃာ တော်များအား ဖူးမြော်ကြည်ညို ကြသည်။


ထို့နောက်   ပြည်နယ်ဩဝါဒါ စရိယ  စစ်တွေမြို့  နန္ဒာရာမပရိ ယတ္တိစာသင်တိုက်  ပဓာနနာယက ဆရာတော်     ဘဒ္ဒန္တနန္ဒသိရီထံမှ ငါးပါးသီလ  ခံယူဆောက်တည်ကြ ပြီး  ဧည့်ပရိသတ်များက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြကာ  ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊  စစ်တွေမြို့  ဓမ္မသုခ ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တ သောမထံမှ  လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် စစ်တွေမြို့လောကာ နန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်  စကြာမုနိ သွန်းစက်တော်ဘုရားအား ဖူးမြော် ကြည်ညိုကြပြီး    လောကာနန္ဒာ စေတီတော်   ဘက်စုံပြုပြင်မွမ်းမံ နေမှုကို         လှည့်လည်ကြည့်ရှု ဖူးမြော်ကြသည်။
ယင်းနောက်     ကမ္ဘာ့ဗုဒ္ဓ သာသနာ့အာဇာနည်ဂုရုဂုရုမဟာ     ဂုရုအသျှင်စန္ဒြမဏိ ဗိမာန်တော်သို့    သွားရောက်ပြီး ဆရာတော်ကြီး၏ ကြေးသွန်းရုပ်တုတော်ကို  ဖူးမြော် ကြသည်။


ညနေပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်   (၄၇)နှစ်မြောက်  ရခိုင် ပြည်နယ်နေ့  အထိမ်းအမှတ် ရခိုင် ရိုးရာကျင်ကိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆု ချီးမြှင့်ပွဲကို   ကြည့်ရှုအားပေးကြ သည်။   


ထို့နောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု   ဝန်ကြီးများနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့သည်     ရခိုင်ပြည်နယ်အစိုးရ ဧည့်ရိပ်သာ  အစည်းအဝေးခန်းမ၌ ရခိုင်၊  မြို၊  ခမီ၊  ဒိုင်းနက်၊ သက် တိုင်းရင်းသားရိုးရာ  ယဉ်ကျေးမှု ကိုယ်စားလှယ်     အဖွဲ့များနှင့် တွေ့ဆုံ၍   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊       မှန်ကန်သည့် အတွေးအမြင်များဖြင့် ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေး၊ တိုင်းရင်းသားများ၏       စာပေ၊ ယဉ်ကျေးမှု      ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး     တက် ရောက်လာကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု    အဖွဲ့များ၏ တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးညှိနှိုင်းပေးသည်။ 


ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများသည်   ရခိုင်ပြည်နယ်      အစိုးရအဖွဲ့က   တည်ခင်းဧည့်ခံသော (၄၇)  နှစ် မြောက် ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်ညစာစားပွဲသို့ တက်ရောက် ခဲ့ကြသည်။            

 

   သတင်းစဉ်