နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အနာဂတ်ကာလတွင် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံတပ်မတော်များကို ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး
စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်အောင် အရှိန်အဟုန်ဖြင့် ဆက်လက်တည်ဆောက်သွားရမည

 

နေပြည်တော်  ဒီဇင်ဘာ  ၁၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(လေ)၏ (၇၄) နှစ်မြောက်   နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့် တပ်မတော်၏   လေကြောင်း စွမ်းပကား မြင့်မားစေရန်အတွက် လေယာဉ်၊   ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတတ် သင်   လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  တက်ရောက်ချီးမြှင့်သည်။


တက်ရောက်


အဆိုပါအခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏  ဇနီး  ဒေါ်ကြူကြူလှ၊     အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်  (ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊


b ရှေ့ဖုံးမှ


ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ    တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊  လေတပ်စခန်းဌာနချုပ်မှူးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)  ဗိုလ်ချုပ်ကြီး     မောင်မောင်ကျော်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော် ဝင်ခြင်းနှင့်ပတ်သက်၍   နှုတ်ခွန်းဆက် စကား ပြောကြားသည်။


ကာကွယ်စောင့်ရှောက်နိုင်မည်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ်က  အမှာစကားပြောကြားရာ တွင် အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊  ဝေဟင်ပိုင်နက်နှင့်  အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်တစ်ရပ်  ဖြစ်အောင် တည်ဆောက်သွားရမည်  ဖြစ်ကြောင်း၊  သို့မှသာ နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့်   အမျိုးသားအကျိုးစီးပွားကို    ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ပြီး  ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်ဆောက် သွားနိုင်မည်ဖြစ်ကြောင်း။


မိမိတို့တပ်မတော်သည် တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများနှင့် ဖွဲ့စည်းထား သည့်  ပြည်ထောင်စုတပ်မတော်ဖြစ်ပြီး နိုင်ငံတော်အပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်းပြည်ပအန္တရာယ်များကို တားဆီး ကာကွယ်ရန်     အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များသည် ပြည်သူများနှင့် လက်တွဲ ပြီး အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်၍ ဆောင်ရွက်ခဲ့ကြကြောင်း။


ဆက်လက်ကြိုးစားသွားရမည်


ယနေ့ မျက်မှောက်ခေတ်စစ်ပွဲများ ကို ကြည့်ပါက လေကြောင်းစွမ်းအား၏ အရေးပါမှုကို  တွေ့ရမည်ဖြစ်ကြောင်း၊ လေကြောင်းနှင့် အာကာသ စွမ်းအားသည်  ကမ္ဘာပေါ်တွင်    မည်သည့်အချိန်အခါ နေရာဒေသမရွေး ပစ်မှတ်ကို တိုက်ခိုက် နိုင်သည်ကို   ခေတ်သစ်စစ်ပွဲများတွင် လက်တွေ့ပြသနိုင်သည့်အတွက် ယနေ့ ခေတ်တွင် လေကြောင်းနှင့် အာကာသ စွမ်းအား အယူအဆသည် ခိုင်မာလျက် ရှိကြောင်း၊ မြေပြင်၊ ဝေဟင်နှင့် ပင်လယ် ပြင်များတွင် စိုးမိုးနိုင်သလို အာကာသ ကိုလည်း စိုးမိုးနိုင်ရေး ဆက်လက်ကြိုးစား သွားရမည်ဖြစ်ကြောင်း။


ဝယ်ယူဖြည့်တင်းနိုင်ခဲ့
ထို့ကြောင့် တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များ ကို အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဝယ်ယူ ဖြည့်တင်းခြင်းများ ဆောင်ရွက်ပေးသည့် အပြင် သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ်များနှင့်      တိုက်ခိုက်ရေး ရဟတ်ယာဉ်များလည်း ဝယ်ယူဖြည့်တင်း နိုင်ခဲ့သည့်အတွက်        မြန်မာ့ဝေဟင် ပိုင်နက်စိုးမိုးရေးကို     အဆင့်မြှင့်တင် နိုင်ခဲ့ကြောင်း၊ လေယာဉ်/ရဟတ်ယာဉ် များကို အဆင့်မြှင့်တင်သည့်နေရာတွင် စတုတ္ထမျိုးဆက်၊ ပဉ္စမမျိုးဆက်ကဲ့သို့ အဆင့်မြင့်   တိုက်လေယာဉ်များအထိ မဟုတ်သော်လည်း    ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် တိုက်လေယာဉ်အဆင့် မျိုးအထိရရှိအောင်  အဆင့်မြှင့်တင်ခြင်း များ၊ သုတေသနပြု ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။
ခေတ်မီတပ်မတော်(လေ) ဖြစ်စေရေး တည်ဆောက်ရာတွင်    လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး သည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊  ထို့ကြောင့် လေသူရဲများ၊ စက်မှုလက်မှု စစ်သည်များ၏   လေ့ကျင့်ရေးစွမ်းရည် မြင့်မားလာစေရန်အတွက်  လေယာဉ် အမျိုးအစားအလိုက် Simulator များ တပ်ဆင်ပေးခြင်း၊ လေ့ကျင့်ရေးကျောင်း များကို         အဆင့်မြှင့်တင်ခြင်းနှင့် လေကြောင်းစစ်ဆင်ရေး      သင်တန်း ကျောင်း ဖွင့်လှစ်ခြင်းများကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း။


စောင့်ကြည့်ကာကွယ်နိုင်ခဲ့


လေယာဉ်/ရဟတ်ယာဉ်များ ပြင်ဆင် ထုတ်လုပ်ရန်အတွက်လည်း လေယာဉ်  ထုတ်လုပ်ပြင်ဆင်ရေး    ဌာနချုပ်တွင် ရဟတ်ယာဉ်များအား အကြီးစားပြင်ဆင် ခြင်းနှင့်   တိုက်လေယာဉ်များ   အဆင့် မြှင့်တင်နိုင်ရန် လိုအပ်သည့်   စက်မှု လက်မှုဆိုင်ရာ   အဆောက်အအုံများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ အဆောက် အအုံများ၊ အလုပ်ရုံများကို တည်ဆောက် ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်(လေ)တွင် လိုအပ်သော   မြေပြင်အထောက်အကူ ပစ္စည်းများဖြစ်သည့်    လေကြောင်း လမ်းညွှန်စက်များနှင့်       စစ်ဆင်ရေး အထောက်အကူပြုရေဒါများကို တပ်ဆင် ပေးနိုင်ခဲ့သည့်အတွက်   မြန်မာ့ဝေဟင် ကို စောင့်ကြည့်ကာကွယ်နိုင်ခဲ့ကြောင်း၊ ခေတ်မီ  မိုးလေဝသရေဒါများကိုလည်း ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့သည့်အတွက် လေကြောင်းမိုးလေဝသဌာနခွဲများ ထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကာ   ပျံသန်းရေး အတွက်  အရေးကြီးသည့်  ရာသီဥတု အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ ရယူပေးနိုင်ခဲ့ကြောင်း။


တပ်မတော်(လေ)အနေဖြင့် စွမ်းရည် မြင့်မားစွာ           လှုပ်ရှားစစ်ဆင်နိုင်ပြီး နိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို စိုးမိုး ထားနိုင်ရန်အတွက် ခေတ်မီ လေယာဉ်/ ရဟတ်ယာဉ်များ၊  ပျံသန်းစစ်ကစားနိုင် သည့် လေသူရဲများ ပိုင်ဆိုင်ရုံဖြင့် မပြည့်စုံ နိုင်သည်ကို သိရှိထားရမည်ဖြစ်ကြောင်း၊ စက်မှုလက်မှု၊ လေကြောင်းထိန်း၊ ရေဒါ နှင့် မိုးလေဝသ စသည့် ကဏ္ဍအသီးသီးမှ အရာရှိ/စစ်သည်အားလုံး      စည်းလုံး ညီညွတ်စွာ  ပူးပေါင်းဆောင်ရွက်မှသာ စစ်ဆင်ရေးများကို  အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် တပ်တွင်းစည်းလုံး  ညီညွတ်ရေး၏   အင်အားတစ်ရပ်ဖြစ် သည်ကို ပြသနေခြင်းပင်ဖြစ်ကြောင်း။
ဝါဒဖြန့်လျက်ရှိ


လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ ကို  ပြောရမည်ဆိုပါက  နိုင်ငံတည်ငြိမ် အေးချမ်းမှုကို   မလိုလားသည့် NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် စာသင်ကျောင်းများနှင့် အစိုးရပိုင်အဆောက်အအုံများကို   မိုင်း ထောင်ဖောက်ခွဲခြင်း၊ အပြစ်မဲ့ ပြည်သူ များ၊  နိုင်ငံ့ဝန်ထမ်းများကို  အန္တရာယ် ပေးခြင်းများ ဆောင်ရွက်နေသည့်အပြင် တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန် နှင့် တပ်မတော်နှင့် ပြည်သူသွေးကွဲစေရန် လူမှုကွန်ရက်များ၊ ပြည်ဖျက်မီဒီယာများ မှတစ်ဆင့် မဟုတ်မမှန်သတင်းများနှင့် ဝါဒဖြန့်လျက်ရှိကြောင်း၊ တပ်မတော်သား များနှင့် မိသားစုဝင်များအနေဖြင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေ အနေမှန်များကို သိရှိအောင် လေ့လာ သွားကြရန်နှင့် စစ်သတင်းနှင့် စာရွက် စာတမ်းလုံခြုံရေး၊ စစ်ပစ္စည်းလုံခြုံရေး၊ စစ်မှုထမ်းလုံခြုံရေး၊    စစ်ဆင်မှုနှင့် လေ့ကျင့်ခြင်း လုံခြုံရေးဆိုသည့် လုံ(၄)လုံကို     အထူးသတိပြုဆောင်ရွက်ရန် လိုကြောင်း။


တပ်တွင်း စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရမည့် စစ်သည်တော် ကျင့်ဝတ်များကို တိတိကျကျ လိုက်နာ ကျင့်ကြံကြရမည်     ဖြစ်ကြောင်း၊ ခေါင်းဆောင်အသီးသီးတို့  သည်လည်း ခေါင်းဆောင်မှုအင်္ဂါရပ်      (၁၆)ရပ်ကို သေချာနားလည်အောင် လုပ်ဆောင်ပြီး အဆင့်နှင့်လျော်ညီသည့် ခေါင်းဆောင်မှု ပေးနိုင်ပါက တပ်တွင်းစည်းလုံးညီညွတ်မှု ကို အမှန်တကယ်ရရှိမည်ဖြစ်ကြောင်း။


တပ်တွင်းစည်းလုံးညီညွတ်ရေးရရှိလာပါက တပ်ပြင်စည်းလုံးညီညွတ်ရေး ကိုပါ  အလွယ်တကူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊       တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း     စစ်သည်တော် ကျင့်ဝတ်နှင့်အညီလိုက်နာကျင့်ကြံနေထိုင်ပြီး ပြည်သူများ ၏ အကျိုးစီးပွားကို မိမိတို့တတ်စွမ်းသမျှ  ကူညီဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်     တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့်    တပ်တွင်း/တပ်ပြင်      စည်းရုံးရေးလုပ်ငန်းများ     ဆောင်ရွက်ရာတွင်    နိုင်ငံတော်နှင့် တပ်မတော်အပေါ်     သစ္စာစောင့်သိပြီး ကောင်းမွန်သည့်    စိတ်ရင်းစေတနာ ထားရှိကာ   ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။


မှတ်တမ်းတင်ဂုဏ်ပြု


ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့ နေရသည့်    ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက်  နိုင်ငံတော်အနေဖြင့်   ဘက်ပေါင်းစုံမှ အစွမ်းကုန်     ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊   နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ တပ်မတော်နှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး  လက်တွဲပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စုပေါင်း ညီညွတ်စွာ  ဆောင်ရွက်ခဲ့ကြသကဲ့သို့ ကိုဗစ်-၁၉ တတိယလှိုင်းကို ကျော်လွှား နိုင်ခဲ့သော်လည်း  အဆိုပါရောဂါသည် ကမ္ဘာတွင် လုံးဝပျောက်ကင်းသွားရန်မှာ အချိန်ကာလတစ်ခုအထိ  ကြာမြင့်မည် ဖြစ်ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး၊ ကုသ ဆေးနှင့် အခြားလိုအပ်သည့်ပစ္စည်းများ ကို   ပြည်နယ်နှင့်   တိုင်းဒေသကြီးများ နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းရင်းသားဒေသများအထိ  အချိန်မီ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သည့် အတွက်   ကျေးဇူးတင်ကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြား လိုကြောင်း။


တပ်မတော်(လေ)ကို  ဒေသတွင်း နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် တန်ဖိုးကြီးသည့် လေယာဉ်/ရဟတ်ယာဉ် များ   ဝယ်ယူဖြည့်တင်းပေးခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ လေယာဉ်/ရဟတ်ယာဉ် များ ခေတ်မီလာသကဲ့သို့ ပျံသန်းမောင်း နှင်မည့် လေသူရဲ၊ လေယာဉ်သား၊ စက်မှု လက်မှုအရာရှိ၊ စစ်သည်များ၏ အရည် အချင်း၊ အရည်အသွေး တိုးတက်လာရန် လိုအပ်ကြောင်း။


ထို့ကြောင့် “လေ့ကျင့်မှ ကျွမ်းကျင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပိုမိုကြိုးစား  လေ့ကျင့်ရမည်ဖြစ်ကြောင်း၊     သို့မှသာ မိမိကိုင်တွယ်မောင်းနှင်မည့် လေယာဉ်/ ရဟတ်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ 


»» စာမျက်နှာ ၄ မှ
အသုံးပြုနိုင်မည်ဖြစ်ပြီး ပေးအပ်လာသည့် စစ်ဆင်ရေးတာဝန်များကို  အောင်မြင် အောင် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုအရည်အသွေးကို အမြဲထိန်းသိမ်းနိုင်ရန် လေ့ကျင့်နေရမည် ဖြစ်သကဲ့သို့  ကျန်းမာကြံ့ခိုင်မှုရှိအောင် လည်း   အမြဲထိန်းသိမ်းလေ့ကျင့်နေရန် ပြောကြားလိုကြောင်း။ 
အောင်မြင်မှုများစွာရရှိခဲ့
တပ်မတော်(လေ)          အနေဖြင့် လေကြောင်းစစ်ဆင်မှု ပြုလုပ်ခြင်းများ၊  မြေပြင်/ ရေပြင်တပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ဆင်ရေးဆောင်ရွက်မှုများ၊ လေကြောင်း ထောက်ပံ့မှုများ၊ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင် ခဲ့မှုများကြောင့်  အောင်မြင်မှုများစွာရရှိ ခဲ့သည်ကို     တွေ့ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး တပ်မတော်(လေ)အနေ ဖြင့်  နိုင်ငံတကာနှင့်  ဒေသတွင်းနိုင်ငံ များနှင့်    ရင်ပေါင်တန်းနိုင်ရန်အတွက် ယခုထက်ပိုပြီး  ကြိုးစားအားထုတ်သွား ရန် မှာကြားလိုကြောင်း။
အနာဂတ်ကာလတွင် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံတပ်မတော်များကို ရင်ပေါင်  တန်းနိုင်သည့်  အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်  တပ်မတော်ဖြစ်အောင် အရှိန်အဟုန်ဖြင့် ဆက်လက်    တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊        ဒို့တာဝန်အရေးသုံးပါး ကို  ကာကွယ်စောင့်ရှောက်ရန်အတွက်    တပ်မတော်သည်      အဓိကကျကြောင်း၊ နိုင်ငံကို ဖြိုခွဲချင်သူများအနေဖြင့် အတိတ်၊  ပစ္စုပ္ပန်တို့တွင် တပ်မတော်ပြိုကွဲအောင်  ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲဖြစ်ကြောင်း။ 
တပ်တွင်း  စည်းလုံးညီညွတ်ရေးနှင့် တပ်ပြင်စည်းရုံးရေးတို့ကို   အမြဲတည် ဆောက်နေရမည်    ဖြစ်သည့်အပြင် (ကြည်း/ရေ/လေ)    တပ်မတော်သား အားလုံးတို့အနေဖြင့် သတိတမံ၊ ဉာဏ်မြေ ကတုတ်ဖြင့် အမြဲတမ်းလေ့ကျင့်၊ အမြဲ တမ်းစစ်ရေးသတိရှိပြီး      အမြဲတမ်း တိုက်ပွဲဝင်   အသင့်ရှိနေရန်   လိုအပ် ကြောင်း၊ တပ်မတော်၏ ကောင်းမြတ် သည့်     အစဉ်အလာကောင်းများကို သားစဉ်မြေးမြစ်  မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ   ထိန်းသိမ်းစောင့် ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာ တည်စေရန် အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြရန်  တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် လေကြောင်းအတတ် သင်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး  ဗိုလ်ချုပ်စိုးအောင်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။ 


အမှတ်တရလက်ဆောင် ပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ             ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး     မောင်မောင်ကျော်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် လေယာဉ်၊ ရဟတ်ယာဉ် များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်း နှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများ ပြသကြရာ  ဦးစွာ  အချိန်ကိုက်ပျံသန်း  အလေးပြုခြင်း အစီအစဉ်အရ သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ်   တစ်စင်းက နိုင်ငံတော်အလံချိတ်ဆွဲပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးစင်းက     တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ   အသီးသီး ချိတ်ဆွဲလျက်     (Composite Trail Formation)      အတန်းလိုက်   အုပ်ဖွဲ့ ပုံသဏ္ဌာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ တပ်မတော် (လေ)မှ သုတေသနပြုထုတ် လုပ်ထား  သော MTX-1A အမောင်းသင်လေယာဉ်  တစ်စင်းနှင့်     အပေါ့စားရဟတ်ယာဉ် နှစ်စင်းတို့က (Composite Arrow Head  Formation)  မြားဦးပုံသဏ္ဌာန်   အုပ်ဖွဲ့ ပျံသန်းပြီးနောက် အမောင်းသင်လေယာဉ် မှာ   အုပ်ဖွဲ့မှခွဲထွက်၍  (Chandelle Maneuver) ခေါ်  လေသူရဲက  တိကျ ပိုင်နိုင်စွာ     ထိန်းချုပ်မောင်းနှင်ပြီး အနည်းဆုံး အကွာအဝေးအတွင်း လားရာ ၏ ဆန့်ကျင်ဘက် ၁၈၀ ဒီဂရီသို့ ကွေ့၍  ပျံတက်ခြင်းနှင့် (Lazy Eight Maneuver) အင်္ဂလိပ်အက္ခရာ “8” ပုံသဏ္ဌာန်ပျံသန်း အလေးပြုသည်။ 


ဆက်လက်၍      Grob-120 TP အမောင်းသင် လေယာဉ် ငါးစင်းတို့က Arrow Head Formation ဖြင့်  အုပ်ဖွဲ့ ပျံသန်းပြီးနောက်   ရှုရပ်ရှေ့ဧည့်သည် တော်များ၏ မျက်နှာချင်းဆိုင်မှ Landing Light များဖွင့်ကာ  

 

»» စာမျက်နှာ ၅ မှ
အုပ်ဖွဲ့ပျံသန်းခြင်း၊  ATR-72  သယ်ယူ ပို့ဆောင်ရေးလေယာဉ်     တစ်စင်းနှင့်   Beech-1900D   သယ်ယူပို့ဆောင်ရေး  လေယာဉ် နှစ်စင်းတို့က (Composite Arrow Formation)   မြားဦးပုံသဏ္ဌာန်   အုပ်ဖွဲ့ပျံသန်းခြင်းတို့ဖြင့်   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား    ပျံသန်း အလေးပြုကြသည်။
စွမ်းရည်ပြသ
ယင်းနောက် လေ့ကျင့်ရေးဂျက်တိုက် လေယာဉ်    ငါးစင်းတို့က   နိုင်ငံတော် အလံ  ကိုယ်စားပြုသည့်  အဝါရောင်၊ အစိမ်းရောင်၊   အနီရောင်   မီးခိုးများ ထုတ်လွှတ်၍ (Arrow Head Formation) မြားဦးပုံသဏ္ဌာန်    ပျံသန်းပြီးနောက် ၎င်းတိုက်လေယာဉ် ငါးစင်းတို့က ရှုရပ်သို့  ဦးတည်ပျံသန်းပြီး လေယာဉ်သုံးစင်းက Upward Bomb Bust နှင့်  လေယာဉ် နှစ်စင်းက Cross Over ပြုလုပ်စွမ်းရည် ပြသခြင်း၊ တိုက်လေယာဉ် သုံးစင်းတို့က (Arrow Head Formation)   မြားဦး ပုံသဏ္ဌာန်    အုပ်ဖွဲ့ပျံသန်းပြီးနောက် Formation Loop Maneuver  အုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်း၊     ဘက်စုံသုံး တိုက်လေယာဉ် ခြောက်စင်းတို့က Wedge Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီးနောက် ရှုရပ်သို့ နောက်တစ်ကြိမ် ဦးတည်ပျံသန်း ပြီး တိုက်လေယာဉ် လေးစင်းက အမြင့်သို့ ရုတ်တရက်ဆွဲတင်ခြင်း(Pull Up) ပြုလုပ် ၍ အုပ်ဖွဲ့မှ ခွဲထွက်သွားပြီး ကျန်နှစ်စင်းက တိုက်လေယာဉ်များ၏ အခြေခံလှုပ်ရှား စစ်ကစားမှုပုံစံများဖြစ်သည့်    (Basic Fighter Maneuver)  ရှေ့မှ   ပျံသန်း ထွက်ပြေးရန် ကြိုးစားနေသော ရန်သူ့ တိုက်လေယာဉ်အား မိမိတိုက်လေယာဉ် မှ ကြားဖြတ်ဟန့်တားတိုက်ခိုက်ချေမှုန်း နိုင်ရန်အတွက်     လက်နက်ပစ်လွှတ် တိုက်ခိုက်မှု အကောင်းဆုံးအနေအထား ရောက်ရှိအောင် နေရာယူလိုက်ပါပျံသန်း ခြင်း၊     ရန်သူ့တိုက်လေယာဉ်ကလည်း ကြားဖြတ်ဟန့်တား     တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရန်အတွက်    (Derry Turn)  ရုတ်တရက်   ဆန့်ကျင်ဘက် အရပ်မျက်နှာသို့ကွေ့၍   ရှောင်တိမ်း ပျံသန်းခြင်း၊     မိမိတိုက်လေယာဉ်က ဝေဟင်-ဝေဟင် ကြားဖြတ်တိုက်ခိုက်မှု စစ်နည်းဗျူဟာတစ်ခုဖြစ်သော (Barrel Roll Attack) ပြောင်းရစ်ပုံသဏ္ဌာန်ဖြင့် ရန်သူ့တိုက်လေယာဉ်နောက်သို့ အမြန်ဆုံး ချဉ်းကပ်ဝင်ရောက်   ပျံသန်းပြီးနောက် လက်နက်ပစ်လွှတ်ရန်   ချိန်ရွယ်ပျံသန်း  ခြင်း၊   မိမိတိုက်လေယာဉ်က   ရန်သူ့ တိုက်လေယာဉ်အား HUD တွင် တိကျစွာ ချိန်ရွယ်ထားရှိပြီး တိုက်ခိုက်ချေမှုန်းရန် အသင့်ဖြစ်နေမှုကို ပျံသန်းသရုပ်ပြခြင်း၊ ကြားဖြတ်ဟန့်တား  တိုက်ခိုက်ခံရသော ရန်သူ့တိုက်လေယာဉ်မှ ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုကို  ရှောင်ရှားနိုင်ရန်အတွက် မီးကျည်(Flare)များ ပစ်လွှတ်ရှောင်တိမ်း သရုပ်ပြပျံသန်းခြင်း၊  ဘက်စုံသုံး  တိုက် လေယာဉ်တစ်စင်းက   Box Formation ဖြင့် ဧည့်သည်တော်များရှေ့ ကောင်းကင် ယံတွင် Formation Brea (Deploy Flare)များ ပစ်လွှတ်၍ ဂုဏ်ပြုသရုပ်ပြပျံသန်း ခြင်းများ ဆောင်ရွက်၍ လေယာဉ်မောင်း စွမ်းရည်များအား ပြသကြသည်။
ဆက်လက်၍ ဇီဝိတဒါနငှက်လွှတ် ခြင်း  ဆောင်ရွက်ကြရာ  နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ  ၇၄  ကောင်တို့အား ဘေးမဲ့လွှတ်ပေးကြပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည်   တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြ သည်။ ထို့နောက် တပ်တော်ဝင်လေယာဉ် များအား       လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ   ရိုက်ကြ သည်။


ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှု တွင်   ပါဝင်သော   လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


ယနေ့  ကျင်းပသည့်  လေယာဉ်၊ ရဟတ်ယာဉ်များ   တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပါဝင်သည့် Yak – 130 လေယာဉ်နှင့်   K-8 လေယာဉ်တို့သည် အမောင်းသင်  ဂျက်တိုက်လေယာဉ်နှင့် အပေါ့စား    တိုက်ခိုက်ရေးလေယာဉ် အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင် စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊   လက်နက် တပ်ဆင်ကင်းထောက်ခြင်းနှင့် လွှဲပြောင်း သင်တန်းပို့ချခြင်း     တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ ATR – 72 600  လေယာဉ်သည်   အလတ်စားသယ်ယူ ပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊   ခရီးသည် သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများ သယ်ပို့ခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ Y- 12 လေယာဉ်သည် လူနှင့်ကုန်ပစ္စည်း များ သယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင် ကင်းထောက်ခြင်း၊ ရှာဖွေ ကယ်ဆယ်ခြင်း       တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ Eurocopter ရဟတ်ယာဉ်သည် အလတ်စားသယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်အမျိုးအစား ဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ယူပို့ဆောင် ရေး၊ ခရီးသည်သယ်ဆောင်ခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း စသည့်  တာဝန်များကို    ထမ်းဆောင်နိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ တပ်မတော်(လေ) ၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ် များ     တပ်တော်ဝင်နိုင်ခဲ့ခြင်းသည် နိုင်ငံတော်နှင့်      တပ်မတော်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း  သိရ သည်။      

                         သတင်းစဉ်