
နေပြည်တော် ဒီဇင်ဘာ ၁၅
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ကဏ္ဍပေါင်းစုံ၌ ထိခိုက်မှုများ ကြုံတွေ့နေရချိန်တွင် လယ်ယာသားငါးကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်သွယ်စီးဆင်းမှုကိုလည်း သက်ရောက်လာလျက် ရှိရာ တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှု သက်သာစေရန်၊ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယနေ့နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ တားဆီးကာကွယ် ရေး နည်းလမ်းများနှင့်အညီ လုပ်ငန်းခွင့်နှင့် လိုက်လျောညီထွေသည့် နေ့စဉ်လူနေမှုစနစ် ပုံစံသစ်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေး အခြေခံသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ခေတ်စနစ်နှင့်အညီ လုပ်သာကိုင်သာရှိသည့် ဖြေလျှော့ မှုများ ဆောင်ရွက်ပေးခြင်းနှင့်အတူ လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးကူညီပေးနိုင်ရေးအတွက် သက်ဆိုင် ရာ လုပ်ငန်းကဏ္ဍများအလိုက် စီမံဆောင်ရွက် သွားရန် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများကို ကုစားရာ၌ ကာလတိုအတွင်း ဖြည့်ဆည်းပေးနိုင်ရေး နှင့် လိုအပ်ပါက ကာလရှည်အမျိုးသားအဆင့် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်