(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူခြင်းနှင့် ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၅


(၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်       မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်     လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ    ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး    မောင်မောင်ကျော်၊   အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊   မိတ္ထီလာတပ်နယ်မှ  အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 


စစ်ရေးပြတပ်ခွဲများအား စစ်ဆေး


ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ် အတိုင်း   ကျင်းပပြုလုပ်ရာ   နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းအား အလေးပြုခြင်း၊   သစ္စာလေးချက်   ရွတ်ဆိုခြင်းများ ဆောင်ရွက်၍    ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများအား စစ်ဆေးသည်။

 


ထို့နောက်   ကာကွယ်ရေးဦးစီးချုပ်(လေ)က တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ    စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်  ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားအား   လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာန ချုပ်တွင်    ကျင်းပပြုလုပ်ရာ   နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့    ဒုတိယဥက္ကဋ္ဌ၊    မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ပရိယတ္တိစာသင်တိုက်    ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ   အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး      ဒေါ်အောင်မာမြင့်၊  လေတပ်စခန်းဌာနချုပ်မှူးများနှင့်  ဇနီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ငါးပါးသီလခံယူဆောက်တည်


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်း အနားတက်ရောက်လာကြသူများသည်  သာသနာ့ ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက်    သံဃာတော် အရှင်သူမြတ်များ  ရွတ်ပွားချီးမြှင့်တော်မူကြသည့်  ပရိတ်တရားတော်များအား နာယူကြသည်။

 


ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး     သာသနာ့ဝေပုလ္လ ပါဠိတက္ကသိုလ်  ဆရာတော်ထံမှ  အနုမောဒနာတရား နာယူကြသည်။

 


ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှဝေကြပြီးနောက်   သံဃာတော်အရှင် သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။              

သတင်းစဉ်