နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်  သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊    ဗိုလ်ချုပ်ကြီး   မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊  ကောင်စီတွဲဖက် အတွင်းရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး      ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဦးအောင် သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီနှင့် ဒေါက်တာ မျိုးသိန်းကျော်၊     ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊      အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိ သူများလိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာ မြို့ရှိ    မြန်မာနိုင်ငံ   လေကြောင်းနှင့်   အာကာသ ပညာတက္ကသိုလ်သို့  သွားရောက်ကြည့်ရှုစစ်ဆေး သည်။ 

 


ရှင်းလင်းတင်ပြ


ဦးစွာ   တက္ကသိုလ်အစည်းအဝေး  ခန်းမတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က မြန်မာနိုင်ငံကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုလွှတ်တင် ဆောင်ရွက်မှုစီမံကိန်း နှင့်    ပတ်သက်သည့်အခြေအနေ၊     နည်းပညာ လွှဲပြောင်းမှုအစီအစဉ်အရ ပြည်ပသို့ ပညာတော်သင် များ     စေလွှတ်မှုအခြေအနေ၊    အနိမ့်ပျံဂြိုဟ်တု အခြေစိုက်စခန်း တည်ဆောက်နေမှုနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ   လေကြောင်းနှင့်   အာကာသပညာ တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင် မျိုးသူက  တက္ကသိုလ်   စတင်ဖွင့်လှစ်ခဲ့မှု   သမိုင်း ကြောင်းနှင့်    ကျောင်းသား  ကျောင်းသူများအား ပညာသင်ကြားပေးမှုအခြေအနေ၊      တက္ကသိုလ် အဆောက်အဦများ တည်ဆောက်နေမှုအခြေအနေ၊ ဘာသာရပ်အလိုက် သင်တန်းများသင်ကြားပေးနေမှု နှင့်  ဆရာ ဆရာမများ  တာဝန်ထမ်းဆောင်နေမှု အခြေအနေ၊ တက္ကသိုလ်ကျောင်းဆင်းများ၏ အလုပ် အကိုင်အခွင့်အလမ်းများ၊    နောင်အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက်    တက္ကသိုလ်အနေဖြင့်    ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 


ကူညီဆောင်ရွက်ပေးသွားမည်


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ဂြိုဟ်တုလွှတ်တင်     ဆောင်ရွက်မှုစီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက်    သက်ဆိုင်ရာဌာနဆိုင်ရာများ   ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန်၊ လိုအပ်သည့် နည်းပညာများ ရရှိရေးအတွက်    ပြည်ပသို့    ပညာတော်သင်များ စဉ်ဆက်မပြတ်စေလွှတ်နိုင်ရေး    ဆောင်ရွက်ရန်၊ အဆောက်အဦများ   ဆောက်လုပ်ရာတွင်  ရေရှည် အတွက်     ကြိုတင်စဉ်းစား၍     စနစ်တကျဖြင့် ဆောင်ရွက်ရန်၊ သင်ကြားမှုနှင့်ပတ်သက်၍ ဆရာ ဆရာမများ       ဖြည့်ဆည်းပေးနိုင်ရေးအတွက် သင်ကြားလျက်ရှိသည့် ဘာသာရပ်များနှင့်ကိုက်ညီ သည့် ဆရာ ဆရာမများကို ဖြည့်ဆည်းပေးနိုင်ရေး အတွက်      ယခုတက္ကသိုလ်မှ    ဘွဲ့ရရှိခဲ့သူများကို ဦးစားပေးခန့်အပ်နိုင်ရေး   ဆောင်ရွက်ရန်၊  ပညာ သင်ကြားရေးတွင် အရေအတွက်ထက် အရည်အချင်း များ   ပိုမိုတိုးတက်ပြည့်စုံပြီး   လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်စွာအသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးနိုင်ရေး  ဆောင်ရွက်ရန်နှင့် လိုအပ်သည့်   သင်ထောက်ကူပစ္စည်းများကိုလည်း ပြည့်စုံစွာထားရှိနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံ၍ သင်ကြားပေး ခဲ့သည့် ပညာရပ်များအား ပြည်တွင်း၌ အကျိုးရှိစွာ ဖြင့် လက်တွေ့အသုံးချရန်လိုကြောင်း၊ တက္ကသိုလ် အတွင်းရှိ   လမ်းများနှင့်   အဆောက်အဦများအား ယခုထက် ပိုမိုတိုးတက်ကောင်းမွန်စေရေး ပြန်လည် ပြုပြင်    တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့်ပတ်သက်၍ နည်းပြ ဆရာ ဆရာမများ လိုအပ်မှုအတွက် တပ်မတော်မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

 


ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ     ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်