ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ    ပစ္စည်းများကို       လေကြောင်း၊  ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ   နှောင့်နှေးကြန့်ကြာမှုမရှိ    တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင်    အပြည်ပြည်ဆိုင်ရာ           ဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ သုံးခု၊  ယာဉ်စီးရေ   ၁၃  စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၅၂၃၈ ခု၊ PPE  ဝတ်စုံ  ၃၀၀၊  လက်အိတ်  ရှစ်တန်နှင့် နှာခေါင်းစည်း (Mask) ၉၅ တန် တို့ကို တင်သွင်းခဲ့သည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့်   SOP  များနှင့် အညီ   ဦးစားပေး  တင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်   ဆက်စပ်သည့်  အသိပေး  ကြေညာချက်များကိုလည်း    အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website  ဖြစ်သည့် commerce.gov.mm  တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး     စီစဉ်ဆောင်ရွက်ပေးထားကြောင်း   သိရသည်။                         
       

သတင်းစဉ်