အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ အဆင့်မြှင့်တင်ပြီး၍ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်   ဒီဇင်ဘာ   ၁၄


အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့် တင်ပြီး၍   လွှဲပြောင်းအပ်နှံခြင်း  အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပသည်။


ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်  မြန်မာနိုင်ငံဆိုင်ရာ       တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့သည် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)   သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်းစာချွန်လွှာကို      လက်မှတ် ရေးထိုးကြသည်။
ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး


ထို့နောက်   စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှု Video Clip ကို ပြသပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခု အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)ကို ၁၉၈၃ ခုနှစ်က တရုတ်အစိုးရ၏  ရန်ပုံငွေဖြင့် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး   တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးကို    သင်္ကေတပြုသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားရုံကို အခမဲ့ ပြုပြင်မွမ်းမံရန် ဆုံးဖြတ်ခဲ့ပြီး    ယနေ့   စီမံကိန်း အောင်မြင်စွာပြီးဆုံး၍ လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊   အားကစားသည်  လူမှုဖွံ့ဖြိုးရေးနှင့် လူသားတိုးတက်မှုအတွက်      အရေးကြီးသော သင်္ကေတတစ်ခုဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင်   ၂၀၂၂  ခုနှစ်၌    (၂၄)ကြိမ်မြောက်  ဆောင်းရာသီအိုလံပစ်နှင့်   (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို   အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပါ ကြောင်း၊ တရုတ်နှင့် မြန်မာအကြား အားကစား နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံ က   အထူးအလေးထားပါကြောင်း၊  လာမည့်နှစ် မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိစေရန်   မြန်မာနိုင်ငံအတွက် အားကစားနည်းပညာဆိုင်ရာ   အကူအညီပေးရေး စီမံချက်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊   မိမိတို့အနေဖြင့်   ပြည်သူကို ဗဟိုပြုသည့် သဘောတရားကို အခြေခံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်များသည်  မြန်မာနိုင်ငံ ပြည်သူများကို ပိုမိုအကျိုးရှိစေရန်အတွက် မြန်မာ နိုင်ငံနှင့်အတူ   လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏအဆင့်မြှင့်တင်ပြီး    လွှဲပြောင်းအပ်နှံခြင်း စာချွန်လွှာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး  မစ္စတာချန်းဟိုင်နှင့်   အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တို့က အပြန်အလှန် လဲလှယ်ပေးအပ်သည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီးက  အဆိုပါ အားကစားပြိုင်ပွဲရုံသည် ပရိသတ် ၁၀၈၂၅ ဦး ဝင်ဆံ့ ပြီး ဖွင့်လှစ်စဉ်မှ ယနေ့အထိ နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊  ပြည်တွင်း အားကစားပြိုင်ပွဲ များနှင့်   အခမ်းအနားပေါင်းများစွာကို     ကျင်းပ ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့်   နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို   မွေးထုတ်ပေးခဲ့သည့် အားကစားရုံဖြစ်ပါကြောင်း၊ နှစ်ကာလကြာမြင့်လာ သည့်အခါ  အားကစားရုံနှင့်   လျှပ်စစ်နှင့်စက်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု လျော့နည်းလာခြင်းများ ဖြစ်ပေါ် လျက်ရှိသည့် အခြေအနေမျိုး၌ အဆောက်အအုံ၏ အဓိကပုံစံမပြောင်းလဲဘဲ   မူလပုံစံမပျက်   ကဏ္ဍ အလိုက်   အဆင့်မြှင့် ပြန်လည်တည်ဆောက်ပေး သည့်အတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် Shanghai ဆောက်လုပ်ရေးကုမ္ပဏီ၏    စိတ်ရင်း စေတနာကို   အထူးပင်  ဝမ်းသာဂုဏ်ယူပါကြောင်း။


ယွမ်သန်း ၂၂၀ အကုန်အကျခံ


စီမံကိန်းကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့်  ယွမ်သန်း ၂၂၀ အကုန်အကျခံ၍ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့     စီမံကိန်းလုပ်ငန်းများ    အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိ အားကစား ရုံကြီးကို မူလပုံစံမပျက်ဘဲ    သတ်မှတ်ကာလ အတွင်း  ပြုပြင်ပြီးစီးခဲ့သည့်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တိုင်တစ်ခု ကျန်ရှိနေမည်ဖြစ်ပါကြောင်း၊   ၂၀၂၂  ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၄)ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲနှင့်    (၁၉)ကြိမ်မြောက်    အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ပါ စေကြောင်း    ဆုမွန်ကောင်းပို့သအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍  အဆင့်မြှင့်တင်ပြုပြင်ပြီးသည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)    သုဝဏ္ဏကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး  မစ္စတာ ချန်းဟိုင်နှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံရုံးမှ စီးပွားရေးသံမှူးကြီး  Mr. Tan Shu Fu  တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်