
နေပြည်တော် ဒီဇင်ဘာ ၁၄
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွား လုပ်ငန်းဌာနနှင့် ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွား လာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် UNWTO Asia– Pacific Workshop on Measuring the Sustainability of Tourism (MST) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ Virtual ဖြင့်ကျင်းပရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် အာရှနှင့် ပစိဖိတ်ခရီးသွားလုပ်ငန်း အဖွဲ့ (PATA) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် ဦးဆောင်၍ အဆင့်မြင့် အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက် ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO)၊ အာရှနှင့်ပစိဖိတ်ဒေသ များမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်း ဌာနမှ တာဝန်ရှိသူနှင့် ကိုရီးယား နိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အကြီးအကဲများနှင့် ကျွမ်းကျင် ပညာရှင်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
ရည်ရွယ်ကျင်းပ
ဆွေးနွေးပွဲကို အာရှ-ပစိဖိတ် ဒေသ အဖွဲ့ဝင်နိုင်ငံများအား ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ခိုင်မြဲမှုကို တိုင်းတာရန်အတွက် စာရင်းအင်းအချက်အလက်များ အသုံးပြုပုံကို သိရှိစေရန်၊ ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့မှု၏ အရေးကြီးပုံကို ပိုမိုသတိပြုမိလာ စေရန်နှင့် ခရီးသွားလုပ်ငန်း ရေရှည် တည်တံ့ဖွံ့ဖြိုးရေး တိုင်းတာမှု ညွှန်းကိန်းများ၊ မဟာဗျူဟာများ ကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းနောက် Division မှ Chief of Environment Economic Accounting Section ဖြစ်သူ Ms. Alessandra Alfieri က Sustainable Development Agenda တွင် ပါဝင်သော ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့မှု တိုင်းတာခြင်း၏ အရေးပါမှုနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေး သည်။
ဆွေးနွေး
ထို့နောက် ဆွေးနွေးပွဲတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ ဆိုင်ရာ ညွှန်းကိန်းများနှင့် ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့မှုအား တိုင်းတာခြင်းအပေါ် ဆောင်ရွက် နေသည့် UNWTO/UNSD စီမံကိန်းကို ရှင်းလင်းတင်ပြခြင်း၊ ခရီးသွားလုပ်ငန်း မူဝါဒများနှင့် ညွှန်းကိန်းများ ချိတ်ဆက်ခြင်း၊ ခရီးသွားလုပ်ငန်းရေရှည်တည်တံ့မှုကို တိုင်းတာခြင်း၊ ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့မှုကို အဏ္ဏဝါဆိုင်ရာ အချက်အလက် များနှင့် တိုင်းတာခြင်း စသော ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ရေအရင်း အမြစ်နှင့် စွမ်းအင်သုံးစွဲမှုကို ခန့်မှန်းခြင်း၊ ဖီဂျီနိုင်ငံတွင် ခရီး သွားလုပ်ငန်း ရေရှည်တည်တံ့မှု တိုင်းတာခြင်း လမ်းပြမြေပုံ ဖော်ဆောင်ခြင်း၊ Samoa နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်း စာရင်းဇယား တိုးချဲ့ဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံ မှ စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်း အချက်အလက်များ ချိတ်ဆက် ဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ် များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်