၂/၈၀ ချည်များအား ပြည်တွင်း၌ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုပြီး လိုအပ်သည့်ကုန်ကြမ်းများနှင့် စက်ပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်

နေပြည်တော်   ဒီဇင်ဘာ  ၁၄  


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်      ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ)  ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊    ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးတို့လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်း တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရှိ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) သို့    သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ဦးစွာ   စက်ရုံအစည်းအဝေးခန်းမ၌ တပ်မတော်စစ်လက်နက်ပစ္စည်း ညွှန်ကြား ရေးမှူးရုံး   ညွှန်ကြားရေးမှူး   ဗိုလ်ချုပ် ဝင်းလွင်က စက်ရုံမှ ချည်ချောလုံချည်များ ထုတ်လုပ်နေမှု၊       ကျောင်းဝတ်စုံများ ထုတ်လုပ်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေမှု၊ တိုင်းရင်းသားများအတွက် တိုင်းရင်းသား ဝတ်စုံများနှင့် ကျေးလက်နေပြည်သူများ အတွက် အဝတ်အထည်များအား ဈေးနှုန်း သက်သာစွာဖြင့် ထုတ်လုပ်ရောင်းချလျက် ရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြ သည်။


ထို့နောက် စက်ရုံမှူး ဦးနိုင်လင်းက စက်ရုံသမိုင်းအကျဉ်း၊    စက်ရုံလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊  စက်ရုံမှ ချည်မျှင်နှင့်အထည်များ ထုတ်လုပ်နိုင်မှု အခြေအနေ၊ ဝန်ထမ်းများတာဝန်ထမ်းဆောင်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။


စက်စွမ်းအားပြည့် လည်ပတ်


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်စွမ်းအားပြည့်    လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်ဝန်ထမ်း များ ထပ်မံဖြည့်တင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊  အလားတူ ဝန်ထမ်းများ နေထိုင်ရန်အတွက် ထပ်မံလိုအပ်သည့် အဆောက်အအုံများဆောက်လုပ်ပေးမည် ဖြစ်ကြောင်း၊        ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျာထားအရေအတွက် များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် နှင့်      စက်စွမ်းအားပြည့်   လည်ပတ်ပြီး တပ်မတော် လိုအပ်ချက်ထက် ပိုလျှံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ စက်စွမ်းအား ပြည့်လည်ပတ်သည့်အချိန်တွင် ဝန်ထမ်း များ၏      လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရန်လိုကြောင်း၊ စက်ရုံပိုင် မြေများပေါ်ရှိ ငှက်ပျောစိုက်ပျိုးဖြစ်ထွန်း နိုင်သည့် မြေများပေါ်တွင်လည်း ကျောက် စိမ်းတစ်သျှူးငှက်ပျောများ စိုက်ပျိုးရန်လို ကြောင်း၊    ကျောင်းစိမ်းဝတ်စုံများအား ဈေးသက်သာပြီး အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍     ယခုထက်ပိုမိုရောင်းချ ပေးနိုင်ခြင်းဖြင့်  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ  ဈေးနှုန်း သက်သာစွာ      အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊       စက်ရုံမှထုတ်လုပ်သည့်    ပိတ်ထည်များအား     အရေအတွက်ထက် အရည်အသွေးကောင်းမွန်အောင် ဦးစား ပေး ထုတ်လုပ်ရန်လိုကြောင်း၊ ချည်မျှင်ထုတ်လုပ်ရန်အတွက်လိုအပ်သည့် ဝါကုန် ကြမ်းများအား ပြည်တွင်း၌အရည်အသွေး ပြည့်မီစွာဖြင့်  လုံလောက်စွာထုတ်လုပ်နိုင် ရေးအတွက် ပြည်ပမှမျိုးကောင်းမျိုးသန့် များမှာယူအသုံးပြု၍     စိုက်နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ ၂/၈၀ ချည်များအား     ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့်ကုန်ကြမ်းများနှင့် စက်ပစ္စည်း များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊    ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရာတွင် ဈေးနှုန်းတူပါ က အရည်အသွေးပိုကောင်းရမည်၊ အရည် အသွေးချင်းတူပါက ဈေးနှုန်းသက်သာရ မည်ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်  လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ 


ကြည့်ရှုစစ်ဆေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ခင်းကျင်းပြသထားသော စက်ရုံမှထုတ်လုပ်ထားသည့်     ချည်ချော လုံချည်များ၊ တိုင်းရင်းသားဝတ်စုံများနှင့် ယူနီဖောင်းပိတ်စများကို ကြည့်ရှုစစ်ဆေး သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်      စက်ရုံ အတွင်း ဝါဖန်ဌာန၊ ဗိုင်းတောင့်ဌာန၊ အကြို အပင်ပေါင်းဌာန၊ တညင်းလုံးဌာန၊ အပင် ပေါင်းဌာန၊ ချည်ငင်ဌာန၊ ချည်ချောဌာနနှင့် အရည်အသွေးစစ်ဆေးရေးဌာနတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ 


သတင်းစဉ်
n