နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဂ္ဂါဝပ် ၃၀ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်များ ပြုလုပ်ပေးနေမှုအား စစ်ဆေး
 

နေပြည်တော် ဒီဇင်ဘာ ၁၄  


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊   ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်     ဦးအောင်သန်းဦး၊   ဒေါက်တာ ချာလီသန်း၊   ဦးခင်ရီ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီး များနှင့်   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသ ကြီး    မိတ္ထီလာခရိုင်   သာစည်မြို့နယ် သပြေဝကျေးရွာရှိ Clean Power Energy Co., Ltd. မှ    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်   မဂ္ဂါဝပ် ၃၀ သပြေဝ     နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ      စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ဦးစွာ   စီမံကိန်းရှင်းလင်းဆောင်၌ Clean Power Energy Co., Ltd. ဥက္ကဋ္ဌ  ဦးသောင်းကြိုင်က  မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းလုပ်ငန်း စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မြေများအား အကျိုးရှိစွာဖြင့် အသုံးချမှု အခြေအနေ၊    အသုံးပြုလျက်ရှိသည့် ဆိုလာ Module များ၏ စွမ်းဆောင်နိုင်ရည် များနှင့် နေရောင်ခြည်အပြည့်အဝရရှိရေး အလိုအလျောက်    ထိန်းချုပ်စနစ်ဖြင့် လုပ်ငန်းလည်ပတ်နေမှု           အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ      ဖြစ်ပွားမှုကြောင့် လုပ်ငန်းများ   ခေတ္တရပ်ဆိုင်းခဲ့ရမှုနှင့် ဆက်လက်တည်ဆောက်ဆောင်ရွက်ခဲ့မှု အခြေအနေ၊       လုပ်ငန်းတစ်ခုလုံး၏ ထိန်းချုပ်မှုစနစ်များ၊  တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်တွင်းမှ အင်ဂျင် နီယာများနှင့်  ဒေသခံအလုပ်သမားများ ဖြင့် တည်ဆောက်ခဲ့မှုနှင့် စက်ပစ္စည်းများ တပ်ဆင်ရာတွင် ပြည်ပပညာရှင်များ၏ အကြံဉာဏ်များ    ရယူဆောင်ရွက်ခဲ့မှု အခြေအနေ၊    စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ    လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊   စီမံကိန်းအနီးရှိ ကျေးရွာများ၏   လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကျေးရွာ များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကူညီ ဆောင်ရွက်ပေးလျက်ရှိမှု    အခြေအနေ၊ စီမံကိန်းဖွင့်လှစ်ခဲ့မှုအခြေအနေ၊ လုပ်ငန်း စတင်လည်ပတ်ချိန်မှစ၍ နေ့စဉ်လျှပ်စစ် ဓာတ်အားများကို  နိုင်ငံတော်ဓာတ်အား စနစ်(National Grid)သို့ ချိတ်ဆက်ပို့လွှတ် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလို သည်များအား        မေးမြန်းဆွေးနွေး သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   အဖွဲ့ဝင်များသည်   Clean Power Energy Co.,Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်း စီမံကိန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံမှ     ထုတ်လုပ်လျက်ရှိသည့် ဆိုလာပြားများနှင့်     ပြည်ပနိုင်ငံများမှ ထုတ်လုပ်သည့် ဆိုလာပြားများ၏ အရည် အသွေးများနှိုင်းယှဉ်၍    အရည်အသွေး ပြည့်မီသည့် ဆိုလာပြားများ ပြည်တွင်း၌ အလုံအလောက်         ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိ တို့နိုင်ငံအတွင်း  နေရောင်ခြည်စွမ်းအင်သုံး  လျှပ်စစ်ဓာတ်အား       ထုတ်လုပ်ရေး စက်ရုံများ လုံလောက်စွာတည်ဆောက်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်ယူမှုသည် အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုကြီးမြင့်ခဲ့သော်လည်း  တည်ဆောက် မှုအချိန် ကာလနည်းပါးခြင်း၊ နောက်ပိုင်း ကုန်ကျစရိတ်သက်သာခြင်း      စသည့် အကျိုးကျေးဇူးများရှိကြောင်း၊ အလားတူ ကျေးရွာများတွင်လည်း ဆိုလာပြားများ တပ်ဆင်၍      လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်မည်ဆိုပါက ပြည်သူများ၏ လျှပ်စစ်သုံးစွဲမှုကို ပိုမိုအထောက်အကူ ပြုမည်ဖြစ်ပြီး   ၎င်းတို့၏   လူနေမှုဘဝ ဖွံ့ဖြိုး   တိုးတက်စေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုမဖြစ်ထွန်းသည့်   မြေနေရာများ ကိုလည်း အကျိုးရှိစွာအသုံးချနိုင်ရန် လို ကြောင်း၊    နေရောင်ခြည်စွမ်းအင်အား အသုံးပြု၍  စိုက်ပျိုးရေရရှိရေး လုပ်ငန်း များကိုလည်း   ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မိတ္ထီလာဒေသတွင် ဝါစိုက်ပျိုး မှု   ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေများအား   ဆိုလာစနစ်ဖြင့် အသုံးချ၍ရနိုင်ကြောင်း၊ နိုင်ငံတစ်ဝန်း နေရောင်ခြည်စွမ်းအင်သုံး       လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းများ ဆောင်ရွက် နိုင်ခြင်းဖြင့်      နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်  များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ခြင်းများ နှင့်ပတ်သက်၍  နိုင်ငံတော်မှ  လိုအပ် သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ကြည့်ရှုစစ်ဆေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စီမံကိန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏  တင်ပြချက်များအပေါ်  လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးပြီး  မှတ်တမ်းတင်ဓာတ်ပုံ  ရိုက်ကြ သည်။


အဆိုပါ မဂ္ဂါဝပ် ၃၀ သပြေဝနေရောင် ခြည်စွမ်းအင်သုံး   ဓာတ်အားပေးစက်ရုံ စီမံကိန်းအား   Clean Power Energy (CPE) Co., Ltd. မှ BOO(Build Operate Own) ဖြင့်      အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်၍     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ စီမံကိန်းတွင် နေရောင် ခြည်စွမ်းအင်သုံးဆိုလာ Panel ပေါင်း ၈၃၇၅၂ ခု၊ အင်ဗာတာ ၁၂၆ လုံး၊ Box Transformer  ငါးလုံးတို့ တပ်ဆင်ထားပြီး တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ် နာရီနှစ်သိန်းကျော်ခန့်ထုတ်လုပ်နိုင်ကာတစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၇၀ ဒသမ ၅၉၉ ခန့် ထုတ်လုပ်ပေးနိုင်ကြောင်း၊   ထွက်ရှိလာ သည့် လျှပ်စစ်ဓာတ်အားများအား သပြေဝ ပင်မဓာတ်အားခွဲစက်ရုံ         မှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးလျက်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား  လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ        ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပန်းခင်းစီမံချက်နှင့် e-ID စနစ်


ယင်းနောက်         မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင်       လေတပ် စခန်းဌာနချုပ်     အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လူဝင်မှုကြီးကြပ်ရေး နှင့်      ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်း စီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု အခြေအနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုအခြေအနေ၊    ပန်းခင်း စီမံချက်နှင့် e-ID စနစ် ဆက်စပ်လျက်ရှိမှု အခြေအနေများကို Power point ဖြင့် ရှင်းလင်းတင်ပြသည်။


ရှင်းလင်း          တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့် နေထိုင်လျက်ရှိပြီး အမြဲတမ်း      မှီတင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများမှ မွေးဖွားလာသည့် မွေးရာပါ  နိုင်ငံသားတိုင်းကို  နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရမည်ဖြစ် ကြောင်း၊ ၁၉၈၂ ခုနှစ်  မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံ သား ပေးသင့်ပေးထိုက်သူများကိုလည်း သက်ဆိုင်ရာစိစစ်ရေးကတ်များ ထုတ်ပေး သွားရမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက် အောင်မြင်စေရေးအတွက်  သက်ဆိုင်ရာ အုပ်ချုပ်ရေး   အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီ    ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိတ္ထီလာမြို့နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု အခါ ၇၇ ရာခိုင်နှုန်းကျော်အထိ ပြီးစီး နေပြီဖြစ်သဖြင့်     ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ပြီး တစ်နိုင်ငံလုံး၏ စံပြဖြစ်စေရေးဆောင်ရွက် သွားရန်လိုကြောင်း၊       လုပ်ငန်းများ ဆောင်ရွက်ရာတွင်     လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း    ပြီးစီးအောင် တာဝန်ကျေပွန်စွာဖြင့်    ထမ်းဆောင် နိုင်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်းများ  ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း မှာကြားသည်။


နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ညနေပိုင်းတွင် မိတ္ထီလာမြို့ နယ် မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်း ကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနမှ   ဒေသခံ ပြည်သူများအား   ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊   အသက် ၁၈ နှစ်ပြည့် အသစ်ပြုလုပ်ပေးခြင်းနှင့်  လဲလှယ်ပေး ခြင်း၊ ပျောက်ဆုံးပျက်စီးခဲ့သည့် မှတ်ပုံတင် များအား     အသစ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုရာ    ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနှင့် မန္တလေးတိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဦးစီးဌာနမှ            တိုင်းဦးစီးမှူး ဦးယဉ်ထွေးတို့က     ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ် ရေးကတ်များ ပြုလုပ်ပြီးစီးသည့် စာရင်း များကို ကွန်ပျူတာစနစ်ဖြင့် စနစ်တကျမှတ်တမ်းထိန်းသိမ်းထားရှိရန်နှင့်   ငယ် စာရင်းများ စနစ်တကျဖြင့် မှတ်တမ်းတင် ပြုစု ထိန်းသိမ်းထားရန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်များ  ပြုလုပ်ပြီးစီး သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် စကား  ပြောကြားကာ  ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။


ပြုလုပ်ပေး


အဆိုပါ  မိတ္ထီလာမြို့နယ်  မြင်းကန် အုပ်စုရှိ        ဆည်ကုန်းကျေးရွာတွင် အိမ်ထောင်စု ၁၉၈ စု၊ လူဦးရေ ၉၅၉ ဦး ရှိပြီး ကျေးရွာတွင် နေထိုင်လျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသော ပြည်သူများမှတ်ပုံတင်ရရှိရေး    ပန်းခင်း စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးရန် လိုအပ်သူ ၁၃၈ ဦး ရှိသည့်အနက် ၁၀၁ ဦးအား    ပြုလုပ်ပေး နိုင်ခဲ့ကြောင်းနှင့်       ပြီးစီးမှုရာခိုင်နှုန်း အနေဖြင့် ၇၃ ဒသမ ၁၈ ရာခိုင်နှုန်းဖြစ်ကာ ကျန်ရှိသူများအား ဆက်လက်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။ 


သတင်းစဉ်