ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

 

နေပြည်တော် ဒီဇင်ဘာ  ၁၄
ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာ သည့်   မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင် ဘာ ၁၃ ရက်တွင်  ရှမ်းပြည်နယ် (မြောက်ပိုင်း)    မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၈၂ ဦး၊ အမျိုးသမီး ၇၅ ဦး စုစုပေါင်း ၁၅၇ ဦးနှင့် လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး  စုစုပေါင်း  ခြောက်ဦးတို့ကို လက်ခံခဲ့ကြသည်။
ထိုသို့      လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ   တာဝန်ရှိသူ များ၊  တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့်   အထောက်အထား စာရွက် စာတမ်းများ     ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး    ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို   ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာန ချုပ်အသီးသီးမှ  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများက လိုအပ်သည်များ  ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက  စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်     ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့်  ရောဂါပိုးတွေ့ရှိသူ များကို     သက်ဆိုင်ရာနေရာများ တွင်  သီးသန့်ထားရှိ၍  လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ     ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
သတင်းစဉ်