
နေပြည်တော် ဒီဇင်ဘာ ၁၄
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရ “ကေတုမောင်ညိုလင်း” ရေးသားသည့် “စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘဝလေးများ” စာအုပ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအသင်းပေး စာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိ လျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များ သည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူ နိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိသည်။
စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်း ရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်းအမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့လိပ်မူ၍ ဆက်သွယ်နိုင် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်