ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများကို ကိုဗစ်စင်တာများ၌ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၉    

ကိုဗစ်-၁၉ ရောဂါ   အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ    ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊   နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများ၌   စနစ်တကျလက်ခံ၍  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင်   ကျန်းမာရေးဝန်ကြီး ဌာနနှင့်     အခြားဌာနဆိုင်ရာ    တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ် များ၌     Quarantine Center   များ    ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ    နေပြည်တော် စစ်ကြောရေးနှင့်  တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ    အမျိုးသား လေးဦး နှင့် အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၂ ဦးတို့ကို လက်ခံထားရှိကြောင်း သိရသည်။

 


အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများ၏       နေထိုင် စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များရှိ နယ်မြေခံ   ဆေးကုသရေးအဖွဲ့များ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း   သတင်းရရှိသည်။

သတင်းစဉ်