နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN တို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို
အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံ ပဋိညာဉ်နှင့်အညီ ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းပြောကြား

 

နေပြည်တော်     ဒီဇင်ဘာ     ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN နှင့် ယနေ့ ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည်  လူမျိုး၊  ယဉ်ကျေးမှုတို့တွင်  အခြေခံအားဖြင့်  တူညီမှုရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်မှုတွင်လည်း   တူညီမှုရှိကာ   ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိခဲ့သည့် အခြေအနေ၊ CLMV အဖွဲ့ဝင်နိုင်ငံ များလည်းဖြစ်ကာ မဲခေါင်ဒေသခွဲ GMS အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ နှင့် ရခိုင်ပြည်နယ်အရေးကိစ္စရပ်များတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နားလည်မှုအပြည့်ဖြင့် ရပ်တည်ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှု အတွက် မြန်မာနိုင်ငံအနေဖြင့် တတ်နိုင်သည့်ကဏ္ဍများတွင် အပြည့်အဝ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ အာဆီယံနိုင်ငံများ အချင်းချင်းစည်းလုံးညီညွတ်ရန်နှင့် အာဆီယံ ပဋိညာဉ်များကို အာဆီယံ နိုင်ငံများအားလုံး       လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး    အချို့သော နိုင်ငံများက   အာဆီယံပဋိညာဉ်အား  ချိုးဖောက် ဆောင်ရွက်မှုများကြောင့် အဖွဲ့ဝင်နိုင်ငံများအားလုံး အပေါ် ထိခိုက်မှုရှိနိုင်သည့် အခြေအနေ။


 ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြင့်လာစေမည်


 နှစ်နိုင်ငံနှင့်  နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် ခြင်းအားဖြင့်  ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြင့်လာ စေမည်ဖြစ်ပြီး  ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊  မူးယစ်ဆေးဝါးနှင့်  နယ်စပ် ဖြတ်ကျော်  မှုခင်းနှိမ်နင်းရေးဆိုင်ရာများ၊  သဘာဝ ဘေးအန္တရာယ်   ကူညီကယ်ဆယ်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာများတွင်  ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မည့်  အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ကဏ္ဍအသီးသီးတွင် ထိခိုက် ခဲ့ရသည့် အခြေအနေ၊ နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား  ချစ်ကြည်ရေးခရီးစဉ်များ  အပြန် အလှန်သွားရောက်ခဲ့မှု   အခြေအနေနှင့်  နယ်ပယ် ကဏ္ဍပေါင်းစုံတွင်   ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးဆိုင်ရာများတွင်  ပူးပေါင်း ဆောင်ရွက်ရေးအတွက်    ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်မည့်အခြေအနေ၊  ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်        ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ  စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးမှု ကြောင့်  ရောဂါကူးစက်မှုများ  လျော့နည်းခဲ့မှုကို မြန်မာနိုင်ငံအနေဖြင့်    ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာနိုင်ငံ၌လည်း  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို   အစိုးရ၊  တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကြောင့် ရောဂါကူးစက်မှုများ လျော့နည်းကျဆင်း လျက်ရှိသည့် အခြေအနေ၊  ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပေါ်နေသည့် အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါပိုး    ကာကွယ်ရေးဆိုင်ရာများတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ။၂၀၂၂ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦးစီးချုပ်များ  အစည်းအဝေးအပါအဝင်  အာဆီယံ ဆိုင်ရာ    အစည်းအဝေးများနှင့်   နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား  ချစ်ကြည်ရေးခရီးစဉ်များ အတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများအနေဖြင့်   ကိုယ်တိုင်တက်ရောက် နိုင်ရေး ဖိတ်ကြားသည့်အခြေအနေ၊ နှစ်နိုင်ငံ ရေတပ် နှစ်ရပ်အကြား   စစ်ရေယာဉ်များ   အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ် စေလွှတ်နိုင်ရေး  ဆောင်ရွက် မည့်အခြေအနေများအား    ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး    နိုင်ငံတော်   စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘောဒီးယားနိုင်ငံမှ   အာဆီယံအလှည့်ကျဥက္ကဋ္ဌ   တာဝန်ထမ်းဆောင် ချိန်တွင် အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို   အနှောင်အဖွဲ့ကင်းကင်းဖြင့်   ဖော်ဆောင်နိုင်ရေး အတွက်     အာဆီယံပဋိညာဉ်နှင့်အညီ   ဆောင်ရွက် နိုင်ပါစေကြောင်း      တိုက်တွန်းပြောကြားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ    စစ်ဦးစီးအရာရှိချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်   စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်   ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့  တက်ရောက်ကြပြီး   ကမ္ဘောဒီးယားဘုရင့် 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကမ္ဘော ဒီးယားဘုရင့်တပ်မတော်မှ     သုတေသနနှင့် ထောက်လှမ်းရေးဌာနအကြီးအကဲ  Lieutenant General Hann Sovann၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ  (ကြည်း၊ ရေ၊ လေ)  ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ 


သတင်းစဉ်