
နေပြည်တော် ဒီဇင်ဘာ ၈
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဒီဇင်ဘာ ၈ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ တစ်ခုမှ Meromax Injection ၅၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Colostomy Bag ၆၀၀၀၀၊ Massage Therpy ၃၀၀၀၊ Sphygmomanometer ၁၀၀၀၀၊ Cotton Cuff With Latex Bladder ၁၀၀၀၀၊ ဆေးဝါးမျိုးစုံ ၆၆ မျိုး စုစုပေါင်း ၃၄၁၁၅၄ ဒသမ ၁၂ Kg ။
နယ်စပ် (မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ ကိုးခုတို့မှ Liquid Oxygen ၁၅၈၇၈ ဒသမ ၈ M3 ၊ Syiringe ၂၁၈၀၀၊ Infusion ၁၆၄၄၀၊ Scalp Vein Set ၃၀၀၀၊ Disposable Needle ၁၅၀၀၀၊ Sodium Chloride Injection ၂၀၄၈၇၀၊ Mask ၆၄၅၂၄ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်