မုံရွာမြို့အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲရေးဆောင်ရွက်ခဲ့သော MHG အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၈


မုံရွာမြို့အတွင်း ဖောက်ခွဲဖျက်ဆီး ရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် MHG အကြမ်း ဖက်အဖွဲ့ဝင်များဖြစ်သော သီဟ (ခ)သီဟအောင် (၃၀နှစ်)၊ အိတုံ (၁၉နှစ်)နှင့်     သက်နိုင်းကိုကို (၂၂နှစ်)တို့ သုံးဦးကို   မုံရွာမြို့ ဘုန်းစိုးရပ်ကွက်၌ Bretta ပစ္စတို တစ်လက်၊   Sigsauer    ပစ္စတို တစ်လက်၊     လက်လုပ်ပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ် ဗုံး နှစ်လုံး၊  လက်လုပ်သေနတ် ပြောင်းသံပိုက် လေးချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

 


 ၎င်းတရားခံများ၏   ထွက်ဆို ချက်အရ ဒီဇင်ဘာ ၃ ရက်တွင် မုံရွာမြို့ နန္ဒဝန်ရပ်ကွက်   Per-fect-2 စားသောက်ဆိုင်၌ မုံရွာမြို့ ရတနာပုံရပ်ကွက်နေ  ထူးသန့် လွင်(ခ)မိုးကြိုး(၁၉နှစ်)၊  အက် တောရွာပြင်ရပ်ကွက်နေ အောင် ဇေယျ(၁၉နှစ်)နှင့် နန္ဒဝန်ရပ်ကွက် နေ ထိုက်ဇော်အောင်(၁၈နှစ်)တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၏    ထွက်ဆိုချက်အရ   ၎င်းတို့ တိမ်းရှောင် တည်းခိုနေထိုင်ခဲ့သည့် မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ HONEY တည်းခိုခန်းအား    သွားရောက် ရှာဖွေခဲ့ရာ   တည်းခိုခန်းပိုင်ရှင် ပွတ်စပါးဒေဝီ     (၅၈နှစ်)နှင့် မန်နေဂျာ     အောင်ကျော်မြင့် (၂၇နှစ်)တို့ နှစ်ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ  ကျား ခုနစ် ဦး၊ မ တစ်ဦး၊ ပေါင်း ရှစ်ဦးနှင့် ပစ္စတိုသုံးလက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး နှစ်လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိ       တရားခံများ အနက်      သက်နိုင်းကိုကို သည် မုံရွာမြို့နယ်    သာစည်ရွာအနီး တွင် လည်းကောင်း၊  အိတုံ သည် ဖားကန့်မြို့နယ်        မော်ကုဋေ ကျေးရွာအနီးရှိ KIA သင်တန်း ကျောင်းတွင်       လည်းကောင်း၊    ဖောက်ခွဲဖျက်ဆီးရေးအကြမ်းဖက် သင်တန်းအား   တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


လက်နက်/ခဲယမ်း ရရှိမှုအနေ ဖြင့်    သီဟ(ခ)သီဟအောင် ၏ ချိတ်ဆက်ပေးမှုဖြင့်    မြဝတီမြို့ နေသူ ဖမ်းဆီးရန်ကျန် မောင်ကျော် အပါအဝင် (စိစစ်ဆဲ)ကျား လေးဦး မှ အောက်တိုဘာ ၂၀ ရက်တွင် တရားခံ အောင်ဇေယျ၏ နေအိမ် ၌ ထူးသန့်လွင်၊ ထိုက်ဇော်အောင် နှင့် ဖမ်းဆီးရန်ကျန်   မြင့်မောင် မောင်တို့ကို    Glock    ပစ္စတို နှစ်လက်၊ Bretta ပစ္စတို တစ်လက် တို့အား လာရောက်ပို့ဆောင်ပေး ခဲ့ကြော င်း ဖော်ထုတ်သိရှိရသည်။

 


ဒလန်ဟု စွပ်စွဲကာ 
သတ်ဖြတ်


ဖမ်းဆီးရမိ     တရားခံများ၏ ထွက်ဆိုချက်အရ    မုံရွာမြို့နယ် အတွင်း အပြစ်မဲ့ပြည်သူများအား ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်မှုနှင့် ဌာနဆိုင်ရာသတင်းပေး ဒလန်ဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ် မှုအနေဖြင့်           ခြောက်ကြိမ် ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂ ရက် တွင် အိတုံ နှင့် သက်နိုင်းကိုကိုတို့ နှစ်ဦးသည် ဆိုင်ကယ်ဖြင့် မုံရွာမြို့ နန္ဒဝန်ရပ်ကွက်သို့ သွားရောက်၍ အိတုံမှ အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦးကို   ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။

 


ဩဂုတ် ၂ ရက်တွင် ထူးသန့် လွင်၊   အိတုံနှင့် ဖမ်းဆီးရန်ကျန် ကောင်းဆုသာ တို့   သုံးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့်     မုံရွာမြို့ တစ်နယ် ပေါက်တောရပ်ကွက်သို့ သွားရောက်၍ အိတုံမှ   အပြစ်မဲ့ ပြည်သူ   အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း။
အောက်တိုဘာ ၁ ရက်တွင် အိတုံနှင့် သက်နိုင်းကိုကိုတို့ နှစ်ဦး သည်   ဆိုင်ကယ်ဖြင့်  မုံရွာမြို့ ပြည်တော်သာရပ်ကွက်သို့  သွား ရောက်၍ သက်နိုင်းကိုကိုမှ အပြစ် မဲ့ ပြည်သူ အမျိုးသမီးတစ်ဦးကို ပစ္စတိုသေနတ်ဖြင့်          ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။
အောက်တိုဘာ ၅ ရက်တွင် အိတုံ၊ သက်နိုင်းကိုကိုနှင့် ဖမ်းဆီး ရန်ကျန် ကောင်းဆုသာတို့ သုံးဦး သည် ဆိုင်ကယ်နှစ်စီးဖြင့်   မုံရွာ မြို့နယ်     သစ်ဆိမ့်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်၍ အိတုံ မှ အပြစ်မဲ့ပြည်သူ   အမျိုးသား တစ်ဦးကို     ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။

 

အောက်တိုဘာ ၈ ရက်တွင် ထူးသန့်လွင်၊ အိတုံနှင့် သက်နိုင်း ကိုကိုတို့ သုံးဦးသည်     ဆိုင်ကယ် နှစ်စီးဖြင့် မုံရွာမြို့  အင်းရွာသစ် ရပ်ကွက်သို့        သွားရောက်၍ သက်နိုင်းကိုကို မှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား     ပစ္စတို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း။

 


အောက်တိုဘာ ၉ ရက်တွင် ထူးသန့်လွင် နှင့် သက်နိုင်းကိုကို တို့သည် မုံရွာမြို့နယ်   ကြေးမုံ ကွက်သစ်ကျေးရွာသို့ သွားရောက် ၍ သက်နိုင်းကိုကိုသည် အပြစ်မဲ့ ပြည်သူ   အမျိုးသားတစ်ဦးအား ပစ္စတိုသေနတ်ဖြင့်      ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။
အဆိုပါ လုပ်ကြံသတ်ဖြတ်မှု များအား အစွန်းရောက်    NLD အမာခံများဖြစ်သည့် ထူးသန့်လွင် နှင့် ဖမ်းဆီးရန်ကျန်  ကောင်းဆု သာမှ          သေနတ်ထုတ်ပေး၍ ငွေကြေးများ ထောက်ပံ့ပေးကာ စေခိုင်းလျက်ရှိပြီး     အိတုံ နှင့် သက်နိုင်းကိုကိုတို့မှ   လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အခြေအနေအား လမ်းကြောင်းကြည့်ရှုပြီး ၎င်းတို့ ကိုယ်တိုင်        သတ်ဖြတ်ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


 ဖမ်းဆီးရမိတရားခံများအနေ ဖြင့် မုံရွာမြို့နယ်အတွင်း ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ လေးကြိမ် ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂၉ ရက် တွင် ဖမ်းဆီးရန်ကျန်   သိန်းနိုင် ဝင်း(ခ)ဘိုသိန်း  ဦးစီးအဖွဲ့သည် မုံရွာမြို့  သာစည်လမ်းရှိ    TTC ကျောင်းရှေ့၌      ဗုံးဖောက်ခွဲခဲ့ ကြောင်း။

 


စက်တင်ဘာ   ၅  ရက်တွင် ထူးသန့်လွင်၊     အောင်ဇေယျ၊ သက်နိုင်းကိုကိုနှင့်   ဖမ်းဆီးရန် ကျန် ကောင်းဆုသာတို့   လေးဦး သည် သလ္လာရပ်ကွက် ဆည်မြောင်း ရုံးအနီး လမ်းကြားတွင် ဗုံးဖောက် ခွဲခဲ့ကြောင်း။
စက်တင်ဘာ   ၉ ရက်တွင် ထူးသန့်လွင်၊   ဖမ်းဆီးရန်ကျန် ကောင်းဆုသာ တို့သည်    မုံရွာ တက္ကသိုလ်အနီး    သန်းကုဋေ အောင်ဆီဆိုင်ရှေ့      ဂျစ်ကား အပျက်ပေါ်တွင်   ဗုံးဖောက်ခွဲခဲ့ ကြောင်း။

 


ဗုံးဖောက်ခွဲမှုများပြုလုပ်


စက်တင်ဘာ  ၁၅ ရက်တွင် ဖမ်းဆီးရန်ကျန် ထွန်းထွန်းဝင်း(ခ) အငယ်လေး သည်      မုံရွာမြို့ ကန်သာရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ We Love Monywa ဆိုင်းဘုတ် အနီး၌ လည်းကောင်း ဗုံးဖောက်ခွဲ မှုများ ပြုလုပ်ခဲ့ကြောင်း။

 


တရားခံများ၏ ထွက်ဆိုချက် အရ ဖမ်းဆီးရန်ကျန် ကောင်းဆု သာ အပါအဝင် အကြမ်းဖက်အဖွဲ့ ဝင်များသည် အကြမ်းဖက်လုပ်ငန်း များ လုပ်ဆောင်ရန်    HONEY တည်းခိုခန်းကို   Safe   House အဖြစ် မကြာခဏအသုံးပြုလျက် ရှိကြောင်း၊    ဖမ်းဆီးရန်ကျန် ကောင်းဆုသာ၏   ချိတ်ဆက်ပေး မှုဖြင့်    ထူးသန့်လွင်(ခ)မိုးကြိုး၊ အောင်ဇေယျနှင့် ထိုက်ဇော်အောင် တို့ သုံးဦးသည် HONEY တည်းခို ခန်းအား  Safe House  အဖြစ် အသုံးပြုကာ အကြမ်းဖက်လုပ်ငန်း များအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံများ၏ ထွက်ဆိုချက် အရ အကြမ်းဖက်သတ်ဖြတ်မှုနှင့်အကြမ်းဖက်      ဖောက်ခွဲရေး လုပ်ငန်းများအား ဖမ်းဆီးရန်ကျန်  မုံရွာ PDF    အကြမ်းဖက်အဖွဲ့မှ အစွန်းရောက် NLD အမာခံများ ဖြစ်သည့် ကောင်းဆုသာ၊ သိန်းနိုင် ဝင်း(ခ)ဘိုသိန်း၊ မြင့်မောင်မောင်၊ အောင်ဖြိုးဝေ(ခ)   ဆရာကျောင်း တို့၏စေခိုင်းမှုဖြင့် အကြမ်းဖက် စခန်းများနှင့်   ဆက်သွယ်ဆောင် ရွက်ခြင်း၊   အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ် ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအား    ဒလန်ဟုစွပ်စွဲ ကာ   လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူလူထု   အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍   အများ ပြည်သူနှင့် သက်ဆိုင်သော  နေရာ များတွင်  အကြမ်းဖက်ဖောက်ခွဲ ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး လက်နက်/ခဲယမ်း များနှင့်  ဖောက်ခွဲရေးပစ္စည်းများ အား ပို့ဆောင်ခြင်းများ  ဆောင် ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။

 


ပူးပေါင်းဆောင်ရွက်ရန်

 


 အထက်ပါ ဖမ်းဆီးရမိသူများ အား ဥပဒေအရ    ထိရောက်စွာ အရေးယူနိုင်ရေး        ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်   ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊   လှုပ် ရှားသွားလာနေထိုင်မှု  သတင်း များရရှိပါက    သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့်     မြို့ရွာများ အမြန်ဆုံး   အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်  ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိ ပေးထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။      

သတင်းစဉ်