
နေပြည်တော် ဒီဇင်ဘာ ၈
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် လီဆူတိုင်းရင်းသား သမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသား ဝတ်စုံလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်း မောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။
အခမ်းအနားတွင် သမိုင်းပညာရှင် ဒေါက်တာခင်စောနွဲ့ (ပါမောက္ခ ဌာနမှူး-ငြိမ်း)၊ ရန်ကုန်တက္ကသိုလ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်တို့ထံ လီဆူတိုင်းရင်းသား သမိုင်းကြောင်းစာအုပ်အား ပေးအပ် လှူဒါန်းခဲ့ပြီး နေပြည်တော်ရှိ လီဆူတိုင်းရင်းသားမျိုးနွယ်စု ကိုယ်စား ဦးဇယ်ဒေါင်(ခ)လာအားဆာက လီဆူတိုင်းရင်းသား ဝတ်စုံများကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် အောင်မြင်မှုများရရှိသကဲ့သို့ ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ)အကြိမ် ပွဲတော် ကို Virtual Celebration ဖြင့် ကျင်းပထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံး က ကြည့်ရှုနိုင်မည်ဖြစ်သည့်အတွက် အခက်အခဲစိန်ခေါ်မှုများ ရှိသော် လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မည် ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်