၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၈


၂၀၂၂   ခုနှစ်အတွက်   ဂုဏ်ထူး ဆောင်ဘွဲ့များ၊  ဂုဏ်ထူးဆောင် တံဆိပ်များ    ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့      အစည်းအဝေး ကို   ယနေ့  မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊    ရုံးအမှတ်(၈)၊ အရိန္ဒမာခန်းမ၌    ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ရန်          စိစစ်ရေးအဖွဲ့နာယက၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ၊  ဒုတိယ ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက် အမှာ စကား ပြောကြားသည်။

 


အစည်းအဝေးသို့    ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ    ချီးမြှင့်အပ်နှင်းရန်  စိစစ်ရေးအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြသည်။   ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း က   အမှာစကားပြောကြားရာတွင်   “ယနေ့ကျင်းပ သည့်   အစည်းအ ဝေးသည်    ၂၀၂၂  ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့” အစည်းအဝေးဖြစ်ကြောင်း။ 

 


ချီးမြှင့်ပေးသွားမည်


နိုင်ငံတော်အစိုးရအနေဖြင့်     နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံမှ မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသား ရေးမူဝါဒဖြစ်သော        ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ၌     သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်  ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့် အညီ  ထူးခြားစွာ  အားထုတ်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသော ပုဂ္ဂိုလ်များ၊  သိပ္ပံပညာ၊  ဝိဇ္ဇာပညာနှင့် အခြားသော  ပညာရပ်တစ်ခုခုတွင်  ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ   တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ အား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များကိုလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို   တည်ဆောက်ရာတွင်  သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြသော ပုဂ္ဂိုလ် များနှင့်  သက်ဆိုင်ရာပညာရပ်ဖြင့်  နိုင်ငံတော်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုကြသောပုဂ္ဂိုလ်များကို စွမ်းဆောင် မှုဆိုင်ရာ      ဂုဏ်ထူးဆောင်တံဆိပ်    (၁၂)မျိုးကို လည်းကောင်း  ချီးမြှင့်အပ်နှင်းနိုင်ရေး “ပဏာမစိစစ် ရေးအဖွဲ့များ”နှင့် “စိစစ်ရေးအဖွဲ့”တို့က အဆင့်ဆင့် စိစစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ် ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း။

 


၂၀၂၁ ခုနှစ်ကာလအတွင်း နိုင်ငံတော်ကို ထူးကဲ စွာ အကျိုးပြုသည့်ဂုဏ်ပြုချီးမြှင့်ထိုက်သူ လူပုဂ္ဂိုလ် များ၊  တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ     ချီးမြှင့်နိုင်ရေးအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခုအစိုးရ တာဝန်ယူ   ဆောင်ရွက်စဉ်ကာလအတွင်း   တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအနက် မိမိ၏ အသက်အန္တရာယ်ကို    မငဲ့ကွက်ဘဲ   စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကို မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ဆိုင်ရာ      စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို လည်းကောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် စွမ်းစွမ်း တမံ တာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်း များကို   စွမ်းဆောင်မှုဆိုင်ရာ    ဂုဏ်ထူးဆောင် တံဆိပ်များ   ချီးမြှင့်နိုင်ရေးအတွက်   ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် ကို ဖြည့်စွက်ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင် ရွက်သွားမည်ဖြစ်ပြီး ယခုပြုလုပ်သည့် စိစစ်ရေးအဖွဲ့ အစည်းအဝေးက   ထပ်မံစိစစ်ပြီး  အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ    ဂုဏ်ပြုချီးမြှင့်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့       အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း။ 

 


ဆက်လက်တင်ပြသွားမည်


ထို့အတူ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များနှင့်      စပ်လျဉ်း၍    နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ နှင့် နိုင်ငံခြားသံရုံးများမှ  စိစစ်ပေးပို့လာသော ရဟန်း၊ သီလရှင်၊ ဥပါသကာ လူပုဂ္ဂိုလ်များအား ဆက်ကပ် လှူဒါန်းနိုင်ရေးအတွက်     “သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်     ဆက်ကပ်အပ်နှင်းရေးဆိုင်ရာ စိစစ်ရေးအဖွဲ့” က    စိစစ်ပြီး    တင်ပြလာမှုအပေါ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ် အပ်နှင်းခြင်း ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက် များနှင့်အညီ     ဝိုင်းဝန်းစိစစ်ပြီး   ၂၀၂၂  ခုနှစ်တွင် ဆက်ကပ်လှူဒါန်းချီးမြှင့်နိုင်ရေး ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့  ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း။

 


နှစ်စဉ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်အပ်နှင်းလျက်ရှိသော     ဂုဏ်ထူးဆောင်ဘွဲ့ များ၊    ဂုဏ်ထူးဆောင်တံဆိပ်များနှင့်   စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊         ပြည်ထဲရေးဝန်ကြီးဌာန နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပဏာမစိစစ်ပြီး တင်ပြလာသည့် ချီးမြှင့်သင့် ချီးမြှင့် ထိုက်သော     ရဟန်းတော်များ၊     သီလရှင်များ၊ တပ်မတော်သားများ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ရရှိသင့်ရရှိထိုက်သော ပုဂ္ဂိုလ်များ မကျန်ရှိစေရေးနှင့်    ထိုသို့ချီးမြှင့်အပ်နှင်းခံရမည့် ပုဂ္ဂိုလ်များ၏  အရည်အချင်းမှာ သားစဉ်မြေးဆက် ဂုဏ်ယူဝင့်ကြွားနိုင်သော ထိုက်တန်သည့် စွမ်းဆောင် ရည်များကိုသာ ချီးမြှင့်ခြင်းမျိုးဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက်    ဂုဏ်ထူးဆောင်ဘွဲ့များ၊   ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊    ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ရှင်းလင်းတင်ပြသည်။ 

 


ရှင်းလင်းတင်ပြ


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်တို့ကို ချီးမြှင့်ဆက်ကပ်နိုင်ရေး နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးများနှင့်     တာဝန်ရှိသူများက    ဖြည့်စွက် ရှင်းလင်းတင်ပြကြရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ၊    ဒုတိယဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားသည်။ 

 


ယင်းနောက် ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ရန် စိစစ်ရေးအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ၊   ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်