ကျေးဇူးတရားကို သိတတ်ခြင်းသည် မင်္ဂလာမည်၏။

Type

 

ကျော်ကျော်လှိုင်

 

ဗုဒ္ဓဘုရားရှင်က ကျေးဇူးတရားကို သိတတ်ခြင်းသည် မင်္ဂလာမည်၏ဟု ဟောပါသည်။ ဗုဒ္ဓဘာသာဝင်တိုင်း အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ ၏ ကျေးဇူးတရားကို သိတတ်ရပါမည်။ ထိုနည်းတူ လူတိုင်းတွင် အသက်ဘေးမှ ကယ်ဆယ်ခဲ့သည့် ကျေးဇူး၊ ဒုက္ခရောက်စဉ် ကူညီခဲ့သည့်ကျေးဇူး၊ စီးပွားတိုးတက်ရန် ငွေအား၊ အသိပညာအားဖြင့် ကူညီခဲ့သည့်ကျေးဇူး၊ လိမ္မာရေးခြားရှိရန် သွန်သင်ဆုံးမခဲ့သည့်ကျေးဇူး စသည်ဖြင့်ကျေးဇူးတင်ထိုက်သူ များစွာရှိပါသည်။ မိမိအပေါ် ကျေးဇူး ရှိသူများအပေါ် ကျေးဇူးသိတတ်ရန်လိုသလို ကျေးဇူးမကန်းရန်လည်း အရေးကြီးပါသည်။

 

အာခေါင်လှံစူး


“ဆရာကာပြန်၊   အာခေါင်လှံစူး” ဟူသော   စကားပုံသည်   ဆရာသမား အပေါ်  ကျေးဇူးကန်း၍   ဒုက္ခရောက်ရ သည်ကို ဆုံးမပါသည်။

 


အဖြစ်အပျက်မှာ -


ရှေးအခါက       ယောက်ျား တစ်ယောက်သည်    မြစ်အနီးရှိ ကတွတ်ပေါက်၌  ငါးကို  မြှောက် ကစားနေသောဗျိုင်းကို မြင်တွေ့ရာ အတုယူပြီး      သစ်ချွန်များကို ကောင်းကင်သို့      ပစ်မြှောက်၍ မြေပေါ်မကျမီ ပါးစပ်ဖြင့် ဖမ်းယူနိုင် အောင်     လေ့ကျင့်ပါသည်။   ထိုမှ တစ်ဆင့်ပြီးတစ်ဆင့် သံလက်၊ ဓား၊ လှံတံ စသည်တို့ကို ပစ်မြှောက်ပြီး မြေပေါ်မကျမီ ပါးစပ်ဖြင့် ဖမ်းယူနိုင်
အောင်  လေ့ကျင့်ပါသည်။   ထိုသူ သည် မိမိ၏ကျွမ်းကျင်မှုကို တစ်ရွာ ဝင် တစ်ရွာထွက် ပြသရာ လူအများ သဘောကျ၍   ဆုလာဘ်များစွာ ရပါသည်။ ထိုယောက်ျား၏သတင်း ကို ပြည့်ရှင်မင်းကြားသော် မင်းပွဲ သဘင်  မင်းရင်ပြင်သို့  ဝင်ရောက် ပြသစေသည်။ ထိုသူ၏  အံ့မခန်း သည့်    ပညာစွမ်းကို      မင်းကြီး မြင်သည့်အခါ   “အသင်၏ဆရာ သည် မည်သူနည်း” ဟု  မေးပါ သည်။ ဗျိုင်းထံမှ သင်ယူရရှိသည်ကို ဝန်မခံလို၍    ဆရာမရှိကြောင်း ဖြေကြားပါသည်။  ထို့နောက် တစ်ဖန် လှံကစားပြန်သော် လှံသွား သည် အာခေါင်၌  စူးဝင်သေဆုံးပါ သည်။ 
အထက်ပါပုံပြင်သည် မြင်ဆရာ၏ ကျေးဇူးကို မသိတတ်၍ အသက်ဆုံးရ သည်ကို ပြပါသည်။

 

အမ္ဗဇာတ်

တိရစ္ဆာန်ပင် ဖြစ်လင့်ကစားကျေးဇူး တရားကို  သိတတ်မှုနှင့်   ပတ်သက်ပြီး ဗုဒ္ဓဘုရားရှင်က  အမ္ဗဇာတ်ကို ဟောပါ သည်။
ဗာရာဏသီပြည်၌    ဗြဟ္မဒတ် မင်းကြီး  ထီးနန်းစိုးစံစဉ်  ဘုရား လောင်းသည် ရသေ့ပြု၍ တပည့် ငါးရာတို့နှင့်အတူ ဟိမဝန္တာတောင် ခြေရင်း၌   နေသည်။    ထိုအချိန်က ဟိမဝန္တာတွင် အပူရှိန်လွန်ကဲသဖြင့် သောက်ရေများ   ခန်းခြောက်ကုန်သည်။

 

 ထို့ကြောင့်     တိရစ္ဆာန်များ


သောက်ရေ      မရရှိကြပါ။   ထို အကြောင်းကို    သိသော     ရသေ့ တစ်ပါးသည် သစ်ပင်ကို ဖြတ်ထွင်း လျက် စားကျင်းပြုလုပ်ကာ ရေများ ထည့်ပြီး   တိရစ္ဆာန်များအတွက် သောက်ရေပေးထားသည်။ များစွာ သော    တိရစ္ဆာန်တို့သည်      ထို စားကျင်းသို့ လာ၍ ရေသောက်ကြ သည်။ ရသေ့သည် ရေလျော့နည်း သွားတိုင်း ထပ်ဖြည့်ပေးနေရသဖြင့် သစ်သီးကြီးငယ် ရှာဖွေရန် အချိန် မရပါ။ ထိုအကြောင်းကို   သိသော တိရစ္ဆာန်များသည် စုဝေးညှိနှိုင်း တိုင်ပင်၍ ရေသောက်ရန်သွားသော တိရစ္ဆာန်တိုင်း မိမိတို့၏ စွမ်းအား အလျှောက်  သစ်သီးကြီးငယ်များ ယူဆောင်သွားကြရန်  ကတိကဝတ် ပြုကြပါသည်။      ထိုကတိအရ တိရစ္ဆာန်များသည် သစ်သီးကြီးငယ် များကို    ယူဆောင်လာခဲ့ကြရာ နေ့စဉ်   လှည်းနှစ်ဆယ့်တစ်စီးခွဲ တိုက်   ပမာဏရှိပါသည်။   ရသေ့ ငါးရာတို့သည်   ထိုသစ်သီးတို့ကို စားသောက်သော်လည်း  နေ့စဉ် ပိုလျှံ၍ နေပါသည်။ ဘုရားလောင်း ရသေ့ကြီးသည်  ထိုသစ်သီးများကို ကြည့်၍  “ဝတ်နှင့်   ပြည့်စုံသော ရသေ့တစ်ပါးကြောင့်      ရသေ့ အားလုံးတို့     သစ်သီးများဖြင့် မျှတခြင်း ရှိကြရသည်။ ထိုကြောင့် ဝီရိယ မည်သည်ကို ပြုရမည်သာ” ဟု ဆုံးမစကား ဆိုပါသည်။

 


တိရစ္ဆာန်များပင် ကျေးဇူးသိတတ် လျှင် လူသားများက  ကျေးဇူးတရားကို ပိုသိတတ်ရပါမည်။  ကျေးဇူးသိတတ်မှ တန်ဖိုးရှိသည့်လူဖြစ်ပါမည်။

 


အိမ်ငှားသည်     အိမ်ရှင်အပေါ် တွင်  ကျေးဇူးသိတတ်ရပါမည်။   မိမိကို နေစရာအိမ်ပေးသော     အိမ်ရှင်သည် ကျေးဇူးရှင် ဖြစ်ပါသည်။ အိမ်ငှားအဖြစ် နေစဉ်   မိမိအိမ်ကဲ့သို့    ထိန်းသိမ်း စောင့်ရှောက်ခြင်း၊    အိမ်ငှားရမ်းခကို အချိန်မီပေးခြင်း၊ အိမ်ရှင်က  အလိုရှိ၍ အိမ်မှ   ဖယ်ပေးရန်    ပြောသောအခါ ဖယ်ပေးခြင်းတို့ကို   ဆောင်ရွက်လျှင် အိမ်ရှင်ကို   ကျေးဇူးဆပ်ရာ   ရောက်ပါ သည်။   ယနေ့ခေတ်တွင်    အိမ်ငှားက အိမ်မှ ဖယ်မပေးလို၍ အိမ်ရှင်ကို တရား ပြန်စွဲခြင်း၊ အိမ်လခပေးရန် ပျက်ကွက် ခြင်း    စသည်တို့ကို   ဝမ်းနည်းဖွယ်ရာ တွေ့နေရပါသည်။ ထိုနည်းတူ   အလုပ် သမားများကလည်း  မိမိကို  အလုပ်ပေး ထားသော အလုပ်ရှင်အပေါ်   ကျေးဇူး သိတတ်ရန် လိုအပ်ပါသည်။ စားဝတ်နေ ရေး အဆင်ပြေအောင် မိမိကို အလုပ်ပေး ထားသော  အလုပ်ရှင်အပေါ်   ကျေးဇူး မကန်းရန် အရေးကြီးပါသည်။ အလုပ် သမားက   အလုပ်ရှင်ကို   ဆန္ဒပြခြင်း၊ အလုပ်ရှင်ကို  တရားစွဲခြင်းများသည် ကျေးဇူးကန်းသည့်အပြုအမူများ ဖြစ်ပါ သည်။ အလုပ်ရှင်ကလည်း အလုပ်သမား များ၏ ကျေးဇူးကို  အသိအမှတ်ပြုရပါ မည်။ အလုပ်သမားများသည်   မိမိကို စီးပွားတိုးတက်အောင်   လုပ်ပေးသူများ ဖြစ်သည်ဟု အလုပ်ရှင်များက သဘော ထား တတ်ရပါမည်။ ဤကဲ့သို့ ကျေးဇူး တရားကို အပြန်ပြန်အလှန်လှန် သိတတ် လျှင် မင်္ဂလာတရားတော်နှင့်  ညီသည့် အတွက် ချမ်းသာအောင်မြင်ခြင်းများကို ရပါမည်။

 


ပြည်သူများကလည်း တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ရန်နှင့် တရားဥပဒေစိုးမိုးမှု ခိုင်မာပြီး တိုင်းပြည်ငြိမ်းချမ်းသာယာရန် စီမံအုပ်ချုပ်နေသည့် အစိုးရ၏ကျေးဇူးကို သိတတ်ရန်  လိုသကဲ့သို့၊ အစိုးရကလည်း အခွန်မှန်မှန်ပေးဆောင်၍ တရားဥပဒေ ကို လေးစားလိုက်နာသည့် ပြည်သူများ ကို  ကျေးဇူးတင်ရပါမည်။   အထူးသဖြင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများသည် ကျေးဇူးတရားကို စောင့်ထိန်းရန် အရေး ကြီးပါသည်။

 


ကျေးဇူးသိသူ ဘုရင့်နောင်


ဒုတိယ      မြန်မာနိုင်ငံတော်ကို အင်အားကြီးသည့်      နိုင်ငံဖြစ်အောင် တည်ထောင်ခဲ့သူ ဘုရင့်နောင်ကျော်ထင် နော်ရထာမင်းတရားကြီးသည် ကျေးဇူး တရားကို  အလွန်တန်ဖိုးထားသည်ကို အောက်ပါအဖြစ်အပျက်က ပြပါသည်။

 


တပင်ရွှေထီးသည် မူးယစ်သောက် စား၍   တိုင်းပြည်၏   အုပ်ချုပ်မှု လျော့ပါးလာသည့်အခါ   မှူးမတ် များက    ဘုရင့်နောင် ကျော်ထင် နော်ရထာကို ထီးနန်းသိမ်းပိုက်ရန် လျှောက်ထားကြပါသည်။ ထိုအခါ ဘုရင့်နောင်က “အစ်ကိုတို့   ငါတို့ ဘဝရှင် ကျေးဇူးတော်၊ သစ္စာတော် နှစ်ပါးရှိပါသည်။  သည်စကားကို ငါသာကြားစေ၊ အခြား မကြားစေ နှင့်၊ သဗ္ဗညုဘုရားတရားတော်မှာ လည်း    မတော်မမှန်စောင့်ကျင့် သောသူသည်  အနှစ်တစ်ရာပင် နေရသော်လည်း၊       တော်မှန် ဖြောင့်မတ်သောသူ    တစ်ရက်နေရ သည်လောက် မတန်ဟု ဟောတော် မူသည်။       ဘဝရှင်မင်းတရား စိတ်တော်ကို   ဖြောင့်၍   အကျိုး အကြောင်းကို လျှောက်ပါဦးမည်” ဟု ပြောပြီး မှူးမတ်တို့၏ အကြံကို လက်မခံခဲ့ပါ။

 


ကျေးဇူးတရား 


ကျေးဇူးတရားကို သိတတ်သူသည် ဘုန်းတန်ခိုးကြီးမားမည် ဖြစ်သော်လည်း ကျေးဇူးကန်းသူ၊ ကျေးဇူးတရားတော်ကို မသိတတ်သူသည် တစ်နေ့တခြား စီးပွား ချမ်းသာများ  ယုတ်လျော့မည်၊   ဒီရေ ကျသကဲ့သို့   ဘုန်းတန်ခိုးနှင့်   တန်ဖိုးများ လျော့ကျမည်ကို ကျေးဇူးရှင် မန်လည် ဆရာတော်ဘုရားက -


ဤလူ့ဘဝ၊  လူ့လောက၌၊  ဉာဏ သမ္ပဇဉ်၊   ကင်းမယှဉ်ဘဲ၊   ကတ ညုတ၊ ကတဝေဒိ၊  မသိတတ်သူ၊ လူသမာ၊  ထိုများစွာတို့၊     ချမ်းသာ စီးပွား၊ လျော့ပါးယိမ်းယိုင်၊    ခိုင်မမြဲ ဘူး၊ ဓမ္မကရိုဏ် စစ်ရေ၊ ကျဖျားရေ သို့၊   သရေမတိုး၊   တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။
ဟု ဆုံးမခဲ့ပါသည်။

 

မြန်မာ   စကားပုံများတွင်လည်း ကျေးဇူးမသိတတ်သူများနှင့် ပတ်သက်၍ “သားရေပေါ် အိပ်၊ သားရေနားစား” နှင့် “အရိပ်နေနေ၊ အခက်ချိုးချိုး” တို့သည် ထင်ရှားသည့် စကားပုံများ ဖြစ်ပါသည်။ အလုပ်အကိုင်ပေးသူ၊ စားစရာနေစရာ ပေးသူတို့၏ကျေးဇူးကို    သိတတ်ရန် သတိပေးပါသည်။ “ကျေးဇူးရှိမှ ကျေးစွပ် သည်” စကားပုံသည်  ကျေးဇူးတရား ရှိခဲ့သူအပေါ် ပြစ်မှားလျှင်  အကုသိုလ် အလွန်ကြီးသည်ကို    ဆိုလိုပါသည်။ “တစ်လုတ်စားဖူး   သူ့ကျေးဇူး”   သည် အစားတစ်လုတ်စားဖူးလျှင်ပင် ကျေးဇူး တရားကို သိတတ်ရမည်” ဟု ဆုံးမပါ သည်။

 


နိဂုံးချုပ်အနေဖြင့် ကျေးဇူးတရားကို သိတတ်မှ   တန်ဖိုးရှိသည့်  လူသား တစ်ယောက်    ဖြစ်ပါမည်။   ပညာရှိ သူတော်ကောင်းများက ကျေးဇူးကန်းသူ ကို လူယုတ်မာအဖြစ်  သတ်မှတ်ကြပါ သည်။ ကျေးဇူးတရားကို သိတတ်သူသည် မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာ အောင်မြင်မှုကို ရပါမည်။


“မှတ်သားစရာ” 


တိရစ္ဆာန်များပင် ကျေးဇူးသိတတ် လျှင်  လူသားများက  ကျေးဇူးတရားကို ပိုသိတတ်ရပါ့မည်။ ကျေးဇူးသိတတ်မှ တန်ဖိုးရှိသည့် လူဖြစ်ပါမည်။


    ကျမ်းကိုး 


    ၁။     ဇာတ်တော် ငါးရာ့ငါးဆယ်။ မာဏဝ ပြုစုသည်။ 
    ၂။     မြန်မာစကားပုံ။ မြန်မာစာအဖွဲ့ဦးစီး ဌာန။ 
    ၃။     မင်္ဂလာသုတ်အဖွင့်။ သုခ။ 
    ၄။     ရှေးမြန်မာမင်းများ၏ ခေါင်းဆောင် အရည်အသွေးကို လေ့လာခြင်း။
        (ဒုတိယမြန်မာနိုင်ငံတော်) 


        ကျော်ကျော်လှိုင်။