အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ (၁၈) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၃ 


မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့ ရှိ  British  High  Commission  ၏    ပံ့ပိုးမှုဖြင့်    မလေးရှားနိုင်ငံ   လူ့အခွင့်အရေး    ကော်မရှင်က  ကမကထ     ပြုလုပ်ကျင်းပသော  “အကျဉ်းထောင်ပြုပြင် ပြောင်းလဲ ရေးနှင့် စပ်လျဉ်းသည့်  ဒေသတွင်း ဆွေးနွေးပွဲ”          (Regional Conference on Prison Reform) ကို နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက် အထိလည်းကောင်း၊ အရှေ့တောင် အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ  ဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသော         မလေးရှားနိုင်ငံ လူ့အခွင့်အရေး    ကော်မရှင်က ဦးဆောင်ကျင်းပသော      အရှေ့ တောင်အာရှ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ       ဖိုရမ် (Southeast   Asia  National Human Rights Institutions Forum -SEANF) ၏ (၁၈) ကြိမ် မြောက်       နှစ်ပတ်လည်အစည်း အဝေးကို ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိလည်းကောင်း hybrid format ဖြင့် ကျင်းပသည်။

 


နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက် အထိ ကျင်းပခဲ့သော “အကျဉ်း ထောင်   ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့်     ဒေသတွင်း ဆွေးနွေးပွဲ” သို့ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့ အစည်းများ      ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့်  အင်ဒိုနီးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမော လက်စ်တေနိုင်ငံနှင့်  မလေးရှား နိုင်ငံ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊       မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး         ကော်မရှင်မှ ကော်မရှင်    ဥက္ကဋ္ဌ    ဦးလှမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် တာဝန်ရှိသူများ၊  ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့်   ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနတို့မှ အရာရှိကြီး များ၊ United Nations Office on Drugs and Crime (UNODC) မှ ကိုယ်စားလှယ်များ၊ အရှေ့တောင် အာရှဒေသလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ ကိုယ်စားလှယ် များ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့်  တီမောလက်စ်တေနိုင်ငံ တရားရေးနှင့် ဥပဒေရေးရာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ မလေးရှားနိုင်ငံ၊   အင်ဒိုနီးရှားနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊  အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

 


ဒေသတွင်း   ဆွေးနွေးပွဲတွင် အရှေ့တောင် အာရှဒေသတွင်းရှိ အကျဉ်းထောင်များ အခြေအနေ၊ အကျဉ်းထောင်များနှင့် စပ်လျဉ်း သည့်      နိုင်ငံတကာစံနှုန်းများ၊ တရားစီရင်ရေးဆိုင်ရာ   ဆောင် ရွက်ချက်များ၊  ပိုမိုကောင်းမွန်သည့် အကျဉ်းထောင်စနစ်  ဖြစ်ပေါ်ရေး အတွက်       အမျိုးသားလူ့အခွင့် အရေး အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ၊    အကျဉ်းထောင်ပြုပြင် ပြောင်းလဲရေးအတွက် လွှတ်တော် များ၏     ပံ့ပိုးမှုအခန်းကဏ္ဍနှင့် ပိုမိုကောင်းမွန် ထိရောက်မှုရှိသော အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအတွက်         အရပ်ဘက်အဖွဲ့ အစည်းများနှင့်           ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ အစရှိသည့် ဘာသာရပ်များကို      Panel Discussion ပုံစံများဖြင့် ကျင်းပ ခဲ့ရာ       မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး   ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး  ဦးသူရကျော်က ပိုမိုကောင်းမွန်သည့်     အကျဉ်း ထောင်စနစ် ဖြစ်ပေါ်ရေးအတွက် အမျိုးသားလူ့အခွင့်အရေး   အဖွဲ့ အစည်းများ၏   အခန်းကဏ္ဍနှင့် စပ်လျဉ်းသော Panel Discussion တွင် အကျဉ်းထောင်ပြုပြင်ပြောင်း လဲရေးနှင့်  စပ်လျဉ်း၍  မြန်မာနိုင်ငံ အမျိုးသား         လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ တိုးတက်ဖြစ်ပေါ်မှုများနှင့် စိန်ခေါ် မှုများကို ဆွေးနွေးတင်ပြသည်။ 

 


ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သော အရှေ့တောင်အာရှ အမျိုးသား   လူ့အခွင့်အရေးအဖွဲ့ အစည်းများ  ဖိုရမ်၏ (၁၈)  ကြိမ် မြောက်နှစ်ပတ်လည်          အစည်း အဝေးသို့   ဖိုရမ်အဖွဲ့ဝင်   အင်ဒိုနီး ရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊  ထိုင်း နိုင်ငံ၊   တီမောလက်စ်တေနိုင်ငံတို့ ၏   အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများမှ   ကိုယ်စားလှယ် အဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊   ကော်မရှင်အဖွဲ့ဝင်များ နှင့်   တာဝန်ရှိသူများ၊  မလေးရှား နိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များနှင့်     ရုံး ဝန်ထမ်းများ၊ စုစုပေါင်း ၄၈ ဦး ပါဝင် တက်ရောက်ခဲ့ကြသည်။

 


နှစ်ပတ်လည် အစည်းအဝေး တွင် ၂၀၂၁ ခုနှစ်အတွင်း   ဖိုရမ် အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏           လူ့အခွင့် အရေးနှင့်စပ်လျဉ်းသည့် ဆောင် ရွက်ချက်များ၊ တိုးတက်ဖြစ်ထွန်းမှု များနှင့်  ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို   ဖိုရမ်အဖွဲ့ဝင် ကော်မရှင်    တစ်ဖွဲ့ချင်းစီက ဆွေးနွေးတင်ပြခြင်း၊    ဖိုရမ်၏ အမှတ်တံဆိပ် (Logo) အတည်ပြု ချမှတ်ခြင်း၊    ဖိုရမ်၏   website အသစ်  စတင်မိတ်ဆက်  လွှင့်တင် ခြင်း၊ ဖိုရမ်၏ မဟာဗျုဟာ (၂၀၂၂-၂၀၂၆) ကို   အတည်ပြုချမှတ်ခြင်း၊ ဖိုရမ်၏              ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်‌ရေး လမ်းညွှန် စာတမ်းအတည်ပြုခြင်း၊     ဖိုရမ် အဖွဲ့ဝင်များ၏   လူ့အခွင့်အရေး မြှင့်တင်ရေး၊ အသိပညာပေးခြင်း တို့နှင့် စပ်လျဉ်း၍ ကျင့်သုံးဆောင် ရွက်မှုပုံစံကောင်းများနှင့်   စိန်ခေါ် မှုများကို  တင်ပြဆွေးနွေးခြင်း၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူး ချုပ်ရုံး  တည်ထောင်ရေး   ကိစ္စရပ် များနှင့်  စပ်လျဉ်းသည့် တိုးတက် ဆောင်ရွက်ချက်များ၊ မလေးရှား နိုင်ငံ  လူ့အခွင့်အရေး ကော်မရှင်၏  Office of the Children’s Com- missioner မှ  မလေးရှားနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများတင်ပြဆွေးနွေးခြင်း၊   ဖိလစ်ပိုင် အမျိုးသား        လူ့အခွင့်အရေး ကော်မရှင်က “Digital Rights” နှင့်  စပ်လျဉ်း၍  တင်ပြဆွေးနွေး ခြင်းတို့ကို   ဆောင်ရွက်ကြသည်။

 

နှစ်ပတ်လည် အစည်းအဝေး တွင်    မြန်မာနိုင်ငံ   အမျိုးသား လူ့အခွင့်အရေး      ကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ချက်များနှင့်  တိုးတက် ဖြစ်ထွန်းမှုများ၊ ရင်ဆိုင် ကြုံတွေ့ ရသည့်   အခက်အခဲများကိုလည်း ကောင်း၊   ကော်မရှင်ရုံး  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက   လူ့အခွင့်အရေး မြှင့်တင်ရေး၊ အသိပညာပေးရေး နှင့်  စပ်လျဉ်းသည့်  ကျင့်သုံးဆောင် ရွက်မှုပုံစံကောင်းများနှင့် စိန်ခေါ်မှု များကိုလည်းကောင်း တင်ပြဆွေး နွေးသည်။  နှစ်ပတ်လည်အစည်း အဝေးအပြီးတွင်    မလေးရှားနိုင်ငံ အမျိုးသား      လူ့အခွင့်အရေး ကော်မရှင်မှ ဖိုရမ်၏ ၂၀၂၂ ခုနှစ် အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဖိလစ် ပိုင်နိုင်ငံ   အမျိုးသား   လူ့အခွင့် အရေးသို့ ဖိုရမ်၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။                      

သတင်းစဉ်