မုံရွာမြို့ အဆင့်မြင့်အဝေးပြေးကားကြီးကွင်း၌ ဇန်နဝါရီ ၄ ရက်မှစ၍ ယာဉ်များပြေးဆွဲမည်

 

မုံရွာ  ဒီဇင်ဘာ   ၃


စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့  နတ်လူထိပ်ပန်ရပ်ကွက်ရှိ မြေဧက ရှစ်ဧက        အကျယ်တွင် တည်ဆောက်ထားသည့် အဆင့် မြင့်အဝေးပြေး     ကားကြီးကွင်း တည်ဆောက်မှုများ     ပြီးစီးနေ ပြီဖြစ်၍ ၂၀၂၂ ခုနှစ်      ဇန်နဝါရီ ၄ ရက်မှစတင်ကာ   အဆိုပါ ကားကြီးကွင်းမှ       ယာဉ်များ ပြေးဆွဲတော့မည်    ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ အဆင့်မြင့်ကားကြီး ကွင်းတွင် ကားဂိတ်အခန်း ၃၀၊ စားသောက်ဆိုင်ခန်း   ၁၆ ခန်း၊ အများသုံးသန့်စင်ခန်း၊    ယာဉ် ရပ်နားရန်နေရာနှင့်     အဆင့် မြင့်ကားဝပ်ရှော့များ ပါဝင်ပြီး ယခင်အသုံးပြုခဲ့သော   မုံရွာ တောင်ရပ်ကွက်ရှိ ယာဉ်ရပ်နား စခန်းမှာ      လွန်ခဲ့သော ၂၇ နှစ် က      စတင်      အသုံးပြုခဲ့ခြင်း ဖြစ်၍      ယာဉ်များပြားလာပြီး     ရပ်နားရန်    အခက်အခဲ      ရှိလာ ခြင်းကြောင့်    ယခု       ကားကြီး ကွင်းသစ်ကို       တည်ဆောက်   ပြောင်းရွှေ့ခြင်း     ဖြစ်ကြောင်း            သိရသည်။

 


မုံရွာတောင်ရပ်ကွက်ရှိ ယာဉ် ရပ်နားစခန်းဟောင်းကို အသုံးပြု နေမှုနှင့် နတ်လူထိပ်ပန်ရပ်ကွက် ကားကြီးကွင်းသစ် တည်ဆောက် ပြီးစီးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက   ဒီဇင်ဘာ ၂ ရက်က ကွင်းဆင်း စစ်ဆေးခဲ့ပြီး  မုံရွာမြို့အခြေပြု      ပြေးဆွဲနေ သော        ယာဉ်လိုင်းပိုင်ရှင်များနှင့်  တွေ့ဆုံ၍     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ    မြို့ကြီး များသို့ ခရီးသည်တင် မော်တော် ယာဉ်လိုင်းပြေးဆွဲနေမှုနှင့်  ကား ကွင်းအတွင်း   ယာဉ်ရပ်နားရမှု             အခြေအနေများ၊   အဆင့်မြင့်  အဝေးပြေးကားကြီးကွင်း    တည် ဆောက်ပြီးစီးမှု အခြေအနေများ၊  ယာဉ်လိုင်း ပိုင်ရှင်များ၏ အခက် အခဲများနှင့်         ပတ်သက်၍ ဆွေးနွေးသည်။ 

 


ထို့နောက် ကားကြီးကွင်းသစ် အတွင်း ယာဉ်ဂိတ်အခန်းများကို စနစ်တကျခွဲဝေရေး၊       ကွင်း အတွင်း     သန့်ရှင်းသပ်ရပ်ရေး နှင့်     ယာဉ်လိုင်းပိုင်ရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်က တာဝန်ရှိသူ များနှင့်     ညှိနှိုင်းဆောင်ရွက် ပေးသည်။    

    
တိုင်းဒေသကြီး(ပြန်/ဆက်)