ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် လုံခြုံမှုရှိစေရေးနှင့် ပညာအပြည့်အဝသင်ကြားနိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း စသည့်လေးဖွဲ့ပူးပေါင်း၍ ဆောင်ရွက်ကြရန်လို

 

နေပြည်တော် ဒီဇင်ဘာ ၃


ပြည်ထောင်စုသမ္မတ        မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး  အမှတ်စဉ် (၃/၂၀၂၁) ကို     ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊   ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊    ဦးဝဏ္ဏမောင်လွင်၊   ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊   ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊  ဦးဝင်းရှိန်၊  ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊  ဒေါက်တာ ဒေါ်သီတာဦး၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊  ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊    ဦးခင်မောင်ရီ၊         ဦးအောင်သန်းဦး၊
ဒေါက်တာချာလီသန်း၊    ဦးခင်ရီ၊    ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊          ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာဒေါ်သက်သက် ခိုင်၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့    တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


အောင်မြင်မှုများရှိခဲ့


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က        အဖွင့်အမှာစကား ပြောကြားရာတွင်  မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့်  ဦးတည် ချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး   တာဝန်ထမ်းဆောင်ခဲ့သည့် ဆယ်လတာ ကာလအတွင်း အခက်အခဲများကို ကျော်လွှားကြိုးစား ဆောင်ရွက်ခဲ့သကဲ့သို့   အောင်မြင်မှုများလည်းရှိခဲ့ ကြောင်း၊ မိမိတို့အနေဖြင့်       ပြည်တွင်းစီးပွားရေး လုပ်ငန်းများ   တိုးတက်စေရန် ရည်ရွယ်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ  စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပင်ဖြစ်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက် တွင်နေထိုင်ကြသဖြင့် လုပ်အားများ များစွာရှိသဖြင့် ကျေးလက်ကို အခြေခံသည့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို  အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်   မူဝါဒချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင် ရွက်နိုင်ရေး သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအား ထပ်မံတိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက် လျက်ရှိကြောင်း။


ပြည်ပနိုင်ငံများမှ အကူအညီများရရှိ


မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများ  တိုးတက် စေရေး    တွန်းအားပေးဆောင်ရွက်မှုများကြောင့် ထိုက်သင့်သလောက်     တိုးတက်မှုများရှိလာသော် လည်း  ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသည့်   ကာလ ဖြစ်သဖြင့်  ကန့်သတ်မှုများရှိခြင်းကြောင့် ကမ္ဘာ့နိုင်ငံ များတွင်   စီးပွားရေး ကျဆင်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊   မိမိတို့နိုင်ငံအနေဖြင့်လည်း   ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကျဆင်းသကဲ့သို့   ယခင်အစိုးရ တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်မှစ၍  စီးပွားရေး ကျဆင်းလာသည်ဟုသုံးသပ်ကြကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ ကိုဗစ် ၁၉ ရောဂါစတင် ဖြစ်ပွားချိန်တွင် ပြည်ပ နိုင်ငံများမှ  အကူအညီများရရှိခဲ့ကြောင်း၊  နိုင်ငံရေး အခြေအနေအရ      နိုင်ငံတော်အား     အရေးပေါ် အခြေအနေ ကြေညာပြီးချိန်တွင် နိုင်ငံရေးမတည်ငြိမ် မှု ဖြစ်ပေါ်လာခဲ့မှုများကြောင့်  နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများမှာလည်း စီးပွားရေးပူးပေါင်း ဆောင်ရွက် မှု   နယ်ပယ်များတွင်     ကျဆင်းမှုရှိလာခဲ့ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေမှုကြောင့် ကူးစက်မှုနှုန်းများ ကျဆင်းစေရေးအတွက်  ဦးစားပေးဆောင်ရွက်ခဲ့ရ ခြင်းကြောင့်  အချို့လုပ်ငန်းများတွင်  လစ်ဟင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုမှာ လည်း ယခုအခါ အတိုင်းအတာတစ်ခုအထိ ကျဆင်း လာပြီဖြစ်ကြောင်း။


ဈေးနှုန်းမြင့်တက်လျက်ရှိ


မိမိတို့နိုင်ငံတွင်  ကိုဗစ် - ၁၉  ရောဂါကူးစက်မှု မြင့်တက်နေချိန်ကာလတွင်လည်း      တစ်ဖက်မှ အာဆီယံအဖွဲ့နှင့်  ဘုံသဘောတူညီချက် ၅ ချက်ဖြင့် အကောင်အထည်ဖော်          ဆောင်ရွက်ရာတွင် အခက်အခဲအမျိုးမျိုးကြားမှ    တတ်နိုင်သလောက် အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏စီးပွားရေးကျဆင်းမှုမရှိစေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာရှားပါးမှုမရှိစေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာပေါများ စေရေး တပ်မတော်ကဦးဆောင်၍ ဆောင်ရွက်လျက် ရှိပြီး အထိုက်အလျောက်  ဖြည့်ဆည်းဆောင်ရွက်နိုင် သည်ကို  တွေ့ရှိရကြောင်း၊ သို့သော် ကုန်ပစ္စည်းများမှာ အကြောင်းအမျိုးမျိုးဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ပြည်ပသွင်းကုန်များ      ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး    နိုင်ငံတော်အစိုးရမှ   ဆောင်ရွက် လျက်ရှိကြောင်း၊  ပို့ကုန်သွင်းကုန်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် အစီရင်ခံစာအရ ၂၀၁၉-၂၀၂၀ ခုနှစ်ထက် ကျဆင်းသွားသည်ကို    တွေ့ရှိရကြောင်း၊   သွင်းကုန် များတွင် အဓိကသွင်းကုန်များမှာ  ရေနံထွက်ပစ္စည်း များ၊      စားအုန်းဆီများ၊   ယာဉ်အပိုပစ္စည်းများ၊ ဆေးဝါးများ၊   ဖုန်းနှင့်  ဆက်သွယ်ရေးပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊   လယ်ထွန်စက်နှင့် ဆက်စပ် ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရပြီး အများဆုံးမှာ ရေနံထွက်ပစ္စည်းများနှင့်     စားအုန်းဆီများဖြစ်ကြောင်း။ 


ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်


ပြည်ပသွင်းကုန်များအစားထိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်မှုကို မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  စက်သုံးဆီချွေတာ သုံးစွဲမည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှု များစွာလျော့နည်းသွားမည်ဖြစ်သဖြင့်     ကုန်သွယ်မှုပိုငွေများ တိုးတက်လာမည်  ဖြစ်ကြောင်း၊   မိမိတို့အနေဖြင့် Public Transportation         လုပ်ငန်းများကို ဘက်ပေါင်းစုံမှ   တိုးတက်အောင်    ဆောင်ရွက်လျက် ရှိကြောင်း၊ စက်သုံးဆီများလျှော့ချနိုင်ရေး လျှပ်စစ် ဓာတ်အား အသုံးပြုသွားလာနိုင်ရေး  ဆောင်ရွက်ရန် လိုအပ်သဖြင့်    လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့်     ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများနှင့်  နေရောင် ခြည်စွမ်းအင်သုံး  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက် စွာ     ထုတ်လုပ်နိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိ ရာတွင်  တည်ဆောက်ရေးစီမံကိန်းများမှာ အချိန်ပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အလားတူ စားသုံးဆီ များ ပြည်တွင်း၌   လုံလောက်စွာ ထုတ်လုပ်နိုင်ရေး နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့်    နေရာဒေသများစွာ  ရှိကြောင်း၊ စိုက်ပျိုးရေများ   လုံလောက်စွာ    ရရှိရေးအတွက် သက်ဆိုင်ရာ  ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊    အလားတူ   စိုက်နည်းစနစ်များ ကိုလည်း   ခေတ်မီစိုက်နည်းစနစ်ဖြင့်   စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း။


 နိုင်ငံအတွက် များစွာအကျိုးရှိမည်


ပြည်တွင်း၌     အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းကြောင့်    နိုင်ငံသားအချို့အနေဖြင့် ပြည်ပနိုင်ငံများသို့  သွားရောက်အလုပ် လုပ်ကိုင်၍ ဝင်ငွေရရှိအောင် ဆောင်ရွက်နေရကြောင်း၊ ပြည်တွင်း ထုတ်ကုန်နှင့်ပတ်သက်၍    ပြည်တွင်း၌   မော်တော် ယာဉ်များ ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ကြရန်လိုပြီး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊  ပြည်တွင်းမှ ထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသွင်းကုန်များ၏ အရည်အသွေးနှင့်ယှဉ်နိုင်အောင်   ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊    ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းစီးပွားရေး တိုးတက်စေ ရန်အတွက် အားပေးဆောင်ရွက်သွားရန် လိုကြောင်း၊ လျှပ်စစ်အသုံးပြုသည့်          မော်တော်ယာဉ်များ ပြည်တွင်း၌ထုတ်လုပ်၍   သုံးစွဲနိုင်မည်ဆိုပါက  နိုင်ငံ အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း။ 


 ကျန်းမာရေးကောင်းမွန်ရန် လိုအပ်


ပြည်ပမှဆေးဝါးများတင်သွင်းမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏ကျန်းမာရေးအတွက်  တင်သွင်းနေရ ခြင်းဖြစ်ကြောင်း၊   ပြည်သူလူထုအနေဖြင့်  ဆေးဝါး သုံးစွဲမှုလျှော့ချနိုင်ရေး    ကျန်းမာရေးကောင်းမွန်ရန် လိုအပ်ပြီး  ကျန်းမာရေးနှင့်   လျော်ညီသည့် နေထိုင် စားသောက်မှုများနှင့်      ကိုယ်လက်လှုပ်ရှားမှုများရှိ ရန်လိုကြောင်း၊ အချို့သောပြည်သူများမှာ ပြည်ပနိုင်ငံ များသို့    သွားရောက်၍     ကျန်းမာရေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊      ပြည်ပနိုင်ငံများသို့ သွားရောက်ကုသခြင်းဖြင့်      ငွေကုန်ကြေးကျများရှိ သကဲ့သို့   အခြားအခက်အခဲများလည်း   များစွာရှိ ကြောင်း၊ အဆိုပါကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက် ရန် လိုအပ်သဖြင့်   နိုင်ငံအတွင်းရှိ  ဆေးရုံ၊ ဆေးခန်း များ၌  ကျန်းမာရေးဝန်ထမ်းများသာမက အထောက် အကူပြု စက်ပစ္စည်းများကို   အဆင့်မြှင့်တင်ဆောင် ရွက်ရန်    လိုအပ်သကဲ့သို့     ပုဂ္ဂလိကဆေးရုံများ စနစ်တကျရှိစေရေး  ကြပ်မတ်ပြင်ဆင် ဆောင်ရွက် သွားရန်လိုကြောင်း၊  နိုင်ငံသားများ၏ကျန်းမာရေး မြှင့်တင်မှုများဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်မှုများမှ တိုင်းရင်းဆေးကို အခြေခံ သည့် ဆေးဝါးများနှင့် ပဋိဇီဝဆေးဝါးများ လုံလောက် စွာ ထုတ်လုပ်နိုင်ရေး   ထိထိရောက်ရောက် ဆောင် ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်ဆေးရုံပေါင်း ၁၁၇၇ ရုံရှိပြီး ၁၉၉၅ ခုနှစ်မှ   ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ         ဆေးတက္ကသိုလ်အသီးသီးမှ ဆေးပညာရှင်ပေါင်း ၅၇၀၀၀ ကျော်   မွေးထုတ်ပေး နိုင်ခဲ့သော်လည်း နိုင်ငံအတွက် တာဝန်ထမ်းဆောင် နိုင်မှု နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ တာဝန်ထမ်း ဆောင်မှု နည်းပါးခြင်းကြောင့် အချို့သော တိုက်နယ် ဆေးရုံများတွင် ဆရာဝန်များ တာဝန်ထမ်းဆောင် နိုင်မှု မရှိသည်ကိုတွေ့ရှိရကြောင်း၊   နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာ ရေးဝန်ထမ်းများကသာ       ဆောင်ရွက်၍ရသဖြင့် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ် တွင်    အပြည့်အဝ   တာဝန်ထမ်းဆောင်နိုင်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊     အိမ်နီးချင်း နိုင်ငံများနှင့်   အာဆီယံနိုင်ငံများတွင် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုသည်   အနိမ့်ဆုံးဖြစ်နေ သည့်အတွက်    ဆေးပညာနှင့်ပတ်သက်၍   လူသား အရင်းအမြစ်များ  လူမှန်နေရာမှန်ရှိစေရေး   ဆောင် ရွက်ကြရန်လိုကြောင်း။


တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး


ကျောင်းသား  ကျောင်းသူများ  ပညာသင်ကြား ရေးနှင့်ပတ်သက်၍  အချို့ကျောင်းသား  ကျောင်းသူ များအနေဖြင့် လုံခြုံရေးအခြေအနေများနှင့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့်  ပညာသင်ကြားမှုများ အပြည့်အဝဆောင်ရွက်နိုင်မှုမရှိသေးသည်ကို တွေ့ရှိ ရကြောင်း၊  ကျောင်းသား  ကျောင်းသူများ ပညာသင် ကြားရာတွင်   လုံခြုံမှုရှိစေရေးနှင့် ပညာအပြည့်အဝ သင်ကြားနိုင်ရေးအတွက်  ကျောင်းသား  ကျောင်းသူ များ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း  စသည့်လေးဖွဲ့ ပူးပေါင်း၍    ဆောင်ရွက်ကြရန်လိုကြောင်း၊   မကြာမီ အချိန်တွင်လည်း  တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက်  ရည်မှန်းချက်ထားရှိဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှင့်   ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကိုဗစ်နဲ့ပတ်သက်ပြီးတော့  အခုနောက်ဆုံးအခြေအနေပြောရလို့ရှိရင် ဖြစ်ပွားသူအားလုံး ကျွန်တော်တို့ နိုင်ငံမှာ ၅၂၃၃၄၆ ယောက်ရှိပါတယ်။   ပျောက်ကင်း တဲ့သူက ၄၉၈၇၄၈ ယောက်ရှိပြီး   သေဆုံးတဲ့သူက ၁၉၁၂၁  ယောက်ဖြစ်ပါတယ်။     ဖြစ်ပွားတဲ့နှုန်းက ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်။ နေ့စဉ် ပြောရလို့ရှိရင် အချို့လည်း ၃၀၀ လောက် ဆင်းသွား တဲ့ရက်တွေရှိသလို အချို့ရက်တွေမှာလည်း ၄၀၀ နဲ့ ၅၀၀ ကြားထဲမှာရှိနေပါတယ်။ ၂ ရာခိုင်နှုန်း  ပတ်ဝန်း ကျင်လောက်တော့    ဖြစ်ပွားမှုနှုန်းရှိနေပါတယ်။ ဒီဟာကတော့    ကျွန်တော်တို့နိုင်ငံအတွက်   ဘာပဲ ပြောပြော  လက်ခံနိုင်တဲ့အနေအထားရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့ပါတယ်။ ဒါတွေဒီလိုကျပြီဆိုပြီး ဝမ်းသာနေလို့မရဘူး။ အခု အိုမီခရွန်ဆိုပြီး  ထပ်ဖြစ် နေတယ်။ အိန္ဒိယမှာပဲ မနေ့က ၂ ယောက် တွေ့တယ် ဆိုပြီး Breaking News မှာ ကျွန်တော်တွေ့လိုက်တယ်။ ၂ ယောက်ဖြစ်တယ်ဆိုပြီး တွေ့လိုက်ပါတယ်။ အိန္ဒိယ မှာဖြစ်နေတာ။ 
အဲဒီတော့   အာရှနိုင်ငံတွေမှာလည်း ဒီ အိုမီခရွန် က  ဖြစ်နေတာရှိတယ်။    သူက ကူးစက်မှုလည်း တော်တော်လေးမြန်တယ်။ ဖြစ်ပွားမှုလည်း  ပြင်းထန် တယ် ဒီလိုပြောတာပေါ့။   အဲဒီတော့   ကျွန်တော်တို့ ပေါ့လို့တော့မရဘူးဆိုတာလေး   ပြောချင်ပါတယ်။ ကျွန်တော်တို့က ကျောင်းတွေ ဖွင့်ထားတာ။ ကျောင်း တွေ၊ ကလေးတွေ ကျောင်းတက်နေကြပြီ။ ကျောင်း တက်နေတော့ ဒီကလေးတွေ  ပညာသင်ကြားရေးမှာ ဘယ်လိုမှ ထိခိုက်ခံလို့မရဘူး။   အထိခိုက်ခံလို့  မဖြစ် ဘူး။    သူတို့ကို   ကျန်းကျန်းမာမာနဲ့မတ်လကုန် ကျွန်တော်တို့ စာမေးပွဲပြီးတဲ့အထိ ကျောင်းတက်နိုင်ဖို့ လိုတယ်၊    ကျန်းကျန်းမာမာ   တက်နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့  တက်နိုင်ဖို့လိုတယ်။ သူတို့တင်မဟုတ် ဘူး။   ပညာရေးဝန်ထမ်းတွေလည်း   ဒီအတိုင်းပဲ။ ကျန်းကျန်းမာမာနဲ့   ပညာသင်ကြားပေးနိုင်ဖို့  လို တယ်။ လုံလုံခြုံခြုံနဲ့  ပညာသင်ကြားပေးနိုင်ဖို့  လို တယ်။   ဒါကို  ကျွန်တော်တို့က  တော်တော်ဂရုစိုက်ရ မှာဖြစ်ပါတယ်။ တော်တော်ဂရုစိုက်ရမှာ။ ပညာရေး က ချက်ချင်းပြီးသွားတာ မဟုတ်ဘူး။ ကျွန်တော်တို့က တောက်လျှောက်ကို  စောင့်ရှောက်ပေးရမယ့် အနေ အထားရှိတယ်။ Long Term သွားရတာ။ ဒါကြောင့် ဒါကိုလည်း    သက်ဆိုင်ရာဝန်ကြီးဌာနများရော၊ ပြည်နယ်နဲ့     တိုင်းဒေသကြီးအစိုးရအဖွဲ့များက လည်း   အလေးထားကြပ်မတ်ပေးပါလို့ ကျွန်တော် ပြောလိုပါတယ်။” ဟု ပြောကြားသည်။


ထို့နောက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ မှုနှင့်ပတ်သက်၍ ယနေ့အချိန်အထိ စုစုပေါင်းဆေး Dose ၄၂၆၇၁၆၀၀   ရရှိခဲ့ပြီးဖြစ်ပြီး   ထိုးနှံပြီးစီးမှု အနေဖြင့် ယခုလ ၂ ရက်နေ့ အထိ ၂၉၂၁၄၉၈၀ Dose ထိုးနှံပြီး ဖြစ်ကြောင်း၊    နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၁၂၀၄၈၀၀၅ ဦး၊   တစ်ကြိမ်ထိုးနှံပြီးသူ ၅၁၁၈၉၇၀ ဖြစ်ကြောင်း၊    ယခုလအတွင်း၌လည်း   ရုရှားနိုင်ငံမှ လှူဒါန်းသည့်ဆေးဝါးများနှင့်      ဝယ်ယူထားသည့် ကာကွယ်ဆေးအလုံးရေ   တစ်သန်းထပ်မံရောက်ရှိ မည်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် ယခုနှစ်အတွင်း မျှော်မှန်းအုပ်စု၏       ၅၀ ရာခိုင်နှုန်းထိုးနှံနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊    ယခုအခါ တစ်ရက်လျှင် ဆေးထိုးနှံမှုအနေဖြင့်  ၂ သိန်း ခုနစ် သောင်း  ပတ်ဝန်းကျင်မှ ၃ သိန်းပတ်ဝန်းကျင်အထိ ထိုးနှံပေးလျက်ရှိကြောင်း၊  ဆေးထိုးနှံမှုအရေအတွက် တိုးတက်စေရေး   ထပ်မံကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ ကာကွယ်ဆေးများထိုးနှံထားမည်ဆိုပါ က ရောဂါကူးစက်မှုကို အထိုက်အလျောက်ကာကွယ် နိုင်ပြီး ရောဂါကူးစက်ခံရပါကလည်း   အတိုင်းအတာ တစ်ခုအထိ သက်သာမှုရရှိစေနိုင်ကြောင်း။

စနစ်တကျ မွေးမြူဆောင်ရွက်


စားရေရိက္ခာပေါများစေရေးနှင့်  ဒေသအလိုက် ရိက္ခာဖူလုံမှုရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး   ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ဥစားကြက် မွေးမြူရေး၊  နို့စားနွား၊ အသား စားနွားနှင့် ဝက်မွေးမြူရေးလုပ်ငန်းများကို  အားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စနစ်ကျသည့် မွေးမြူ ရေးဖြစ်စေရန် ဆောင်ရွက်ကြရန်  လိုအပ်ပြီး  ဒေသ အလိုက်    စားရေရိက္ခာဖူလုံမှုရှိပါက   နိုင်ငံသာယာ ဝပြောခြင်းပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက် ၍    အချို့တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင် စိုက်ပျိုးရေး အထွက်နှုန်းများ နည်းပါးလျက်ရှိသည် ကို တွေ့ရှိရကြောင်း၊ နိုင်ငံအတွင်းဓာတ်မြေဩဇာများ လုံလောက်စွာရရှိနိုင်ရေး   အစိုးရမှ  ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက် ရှိသည့်   စွန့်ပစ်ပစ္စည်းများကိုလည်း     သဘာဝ ဓာတ်မြေဩဇာများအဖြစ်       ထုတ်ယူသုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဓာတ်မြေဩဇာ  များပြားစွာရရှိစေရေး စနစ် ကျသည့် မွေးမြူရေးလုပ်ငန်းများအဖြစ် ဆောင်ရွက် ကြရန် လိုကြောင်း၊ ပြည်တွင်းတွင် ဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေးအတွက်လည်း စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး     ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ လာမည့်စိုက်ပျိုးရာသီအတွက် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင် ရေး  ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရာတွင် လည်း    မျိုးတူသည့်   မျိုးကောင်းမျိုးသန့်များနှင့် စိုက်နည်းစနစ်များ      မှန်ကန်ရန်   လိုအပ်သကဲ့သို့ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း။


မြို့ပြများ စနစ်တကျရှိစေရေး


မြို့သာယာလှပရေးနှင့်         ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေ၊     ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြီးခဲ့သည့်မိုးတွင်းကာလများတွင် ရေကြီးရေလျှံမှုများ မရှိသလောက် ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး   ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန်       တိုက်တွန်းလိုပါ ကြောင်း၊ အလားတူတိုင်းဒေသကြီးနှင့်  ပြည်နယ် များရှိ မြို့များအားလုံးကိုလည်း  Green City ၊ Clean City ဖြစ်စေရန် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ် ကြောင်း၊   ပြည်သူများအတွက်   ပတ်ဝန်းကျင် ကောင်းများဖြစ်အောင် ဖန်တီးပေးနိုင်ရေး၊  မြို့ပြများ စနစ်တကျရှိစေရေး၊  လမ်းများစနစ်တကျရှိစေရေး၊ ရေပေးဝေခြင်းများ    စနစ်တကျဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။


အစိုးရတစ်ရပ်အနေဖြင့်        အခွန်ငွေများ အပြည့်အဝရရှိမှသာ        နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ယခုအခါ အကြောင်းအမျိုးမျိုးကြောင့်  ဝင်ငွေခွန် အပါအဝင် အခွန်များအပြည့်အဝရရှိမှုမရှိကြောင်း၊ နယ်စပ်ဒေသ များမှ      ပြည်ပပို့ကုန်သွင်းကုန်များ၌   အခွန်ငွေ ကောက်ခံမှုများ     စနစ်တကျမရှိမှုကြောင့်   နိုင်ငံ အတွက် နစ်နာမှုများ များစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့်နယ်စပ်ကုန်သွယ်ခွန်များ   အပြည့်အဝ ကောက်ခံနိုင်ရေး  တာဝန်ရှိသူများက စနစ်တကျဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်ငွေများအပြည့်အဝရရှိရေး  သက်ဆိုင်ရာဌာန များမှ    မျက်ခြည်မပြတ်စောင့်ကြည့်၍ ဆောင်ရွက်ကြ ရန်လိုကြောင်း၊  အခွန်ငွေကောက်ခံမှုနှင့်ပတ်သက်သည့်       မသမာမှုပြုလုပ်မှုများကို      ဖော်ထုတ် ထိန်းသိမ်း၍    ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်း။


ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်


နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေ မှုနှင့်ပတ်သက်၍   လာမည့်ရွေးကောက်ပွဲမတိုင်မီ အချိန်အတွင်း နိုင်ငံသားတိုင်း   နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေး ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက် လျက်ရှိကြောင်း၊   နိုင်ငံသားစိစစ်ရေးကတ်ပြားများအဆင်ပြေစွာဖြင့်        အမြန်ဆုံးပြုလုပ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့်  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအား အခြားဝန်ကြီး ဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြ ရန်လိုကြောင်း၊     နိုင်ငံသားဖြစ်ခွင့်ဖြစ်ထိုက်သူ အားလုံး   မှတ်ပုံတင်ရရှိရေးအတွက်   ဆောင်ရွက် ကြရန် လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့  တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက  သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြု ချက်ရယူကြသည်။


အမှုကိစ္စများပြီးပြတ်အောင်ဆောင်ရွက်


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင်  တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ တရားရုံး များနှင့်  ရဲစခန်းများတွင် အမှုကိစ္စနှင့်ပတ်သက်သည့် ဖမ်းဆီးရမိ  မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များ   များပြားစွာရှိကြောင်း၊   အဆိုပါယာဉ်များမှာ အမှုကိစ္စ    မပြီးပြတ်သေးသည့်အတွက်    ကာလ ရှည်ကြာစွာရာသီဥတုဒဏ်ကြောင့်     ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်နေကြောင်း၊  ထို့ကြောင့် အမှုကိစ္စများကို အမြန်ပြီးပြတ်အောင်ဆောင်ရွက်၍        လိုအပ်သည့် နေရာများတွင် ထိရောက်အကျိုးရှိစွာ  အသုံးချနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနများအနေဖြင့် နိုင်ငံပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်     ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုပါ    ကြိုတင်တွက်ဆ၍ ထည့်သွင်းစဉ်းစား         ဆောင်ရွက်သွားကြရန် လိုကြောင်း။


ချီးမြှင့်အသိအမှတ်ပြုရန်လို


ဝန်ထမ်းရေးရာ  ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက်   တိုးချဲ့ဖွဲ့စည်းခြင်း၊   ပြုန်းတီး အင်အား          ပြန်လည်ခန့်ထားခြင်းတို့အတွက် အရာထမ်း အမှုထမ်းများ  အသစ်ခန့်အပ်ရခြင်းများ ရှိကြောင်း၊  ထိုသို့ခန့်အပ်ရာတွင် ဌာနအတွက် အမှန် တကယ်    အကျိုးရှိရန်နှင့်   မှန်မှန်ကန်ကန်ဖြစ်ရန် လိုကြောင်း၊   ရာထူးခန့်ထားရေးနှင့်ပတ်သက်ပြီး လျှော့ပေါ့စဉ်းစားပေးရမည့်       ကိစ္စရပ်များနှင့် ပတ်သက်၍   တိကျသော   မူဝါဒရှိရန်လိုကြောင်း၊ ရေရှည်အတွက် စနစ်တကျ စဉ်းစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့၏  လူ့စွမ်းအားအရင်းအမြစ် ကို မြှင့်တင်ရန်လိုအပ်ကြောင်း၊   သို့မှသာ   လုပ်ငန်း စွမ်းဆောင်ရည်များ    တိုးတက်လာမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ၎င်းတို့၏   တာဝန်ထမ်းဆောင်မှုအပေါ်   မူတည်၍ ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့်   ချီးမြှင့်သင့်သည်များကို လည်း ချီးမြှင့်ပြီး အသိအမှတ်ပြုရန်လိုကြောင်း။


စနစ်တကျ ဆောင်ရွက်


ဝန်ကြီးဌာနအလိုက်     စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း    လုပ်ငန်းဖြစ်မြောက်နိုင် စွမ်း   လေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို  စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မှန်မှန်ကန်ကန် ပြည့်ပြည့် စုံစုံ    ဆောင်ရွက်ရန်လိုအပ်ပြီး    အစီရင်ခံစာများကို စနစ်တကျ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း။


ကြပ်မတ်ပေးရမည်


ဘဏ်များနှင့်ပတ်သက်၍လည်း    အချို့ဘဏ် ဝန်ထမ်းများအနေဖြင့်      စည်းကမ်းဖောက်ဖျက်မှု၊ မသမာမှုများရှိနေသည်ကို သိရကြောင်း၊ သက်ဆိုင်ရာ    အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်    စောင့်ကြည့် ကြပ်မတ်ရန်    လိုအပ်သကဲ့သို့    ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကလည်း နိုင်ငံပိုင်နှင့်      ပုဂ္ဂလိကဘဏ်များ     မှန်မှန်ကန်ကန် ဖြစ်အောင် ကြပ်မတ်ပေးရမည်ဖြစ်ကြောင်း။


နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး (PPP)၊ (BOT) စနစ်များသို့  ပြောင်းလဲဆောင်ရွက်ခဲ့ ကြောင်း၊ မည်သို့ဆောင်ရွက်သည်ဖြစ်စေ တိုင်းပြည် အတွက် အကျိုးရှိအောင်   ဆောင်ရွက်ရန်လိုကြောင်း၊  ဝန်ကြီးဌာနအားလုံးအနေဖြင့် ပြည်ထောင်စုဝန်ကြီး အဆင့်မှ သေချာစွာစဉ်းစားဆုံးဖြတ်ပြီး သက်ဆိုင်ရာ ကော်မတီသို့ တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။   


 သတင်းစဉ်