အမေရိကန်အခြေစိုက် နိုင်ငံတကာဂျာနယ် Journal of Business and Economics သို့ ပေးပို့သည့် မဟာဘွဲ့သုတေသနစာတမ်း အကျဉ်းချုပ်ဆောင်းပါး ပြန်လည်ဖတ်ကြားရှင်းလင်း

နေပြည်တော်   ဒီဇင်ဘာ    ၂


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်း တွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်   ကျင်းပသည့်  အမေရိကန်အခြေစိုက် နိုင်ငံတကာဂျာနယ်  Journal of Business and Economics သို့  ပေးပို့သည့်   မဟာဘွဲ့သုတေသန စာတမ်း အကျဉ်းချုပ်ဆောင်းပါး ပြန်လည်ဖတ်ကြား ရှင်းလင်းတင်ပြပွဲ အစီအစဉ်သို့ တက်ရောက်သည်။ 


မဟာဘွဲ့သုတေသနစာတမ်း      ဖတ်ကြား ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ရှင်းလင်းတင်ပြပွဲအခမ်းအနား   ပြုလုပ်ခြင်းသည် ဝန်ထမ်းများ၏  အောင်မြင်မှုအတွက်  ချီးမြှောက် ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ အခြားဝန်ထမ်းများအနေ ဖြင့်လည်း ကြိုးစားသင်ယူလိုစိတ် ဖြစ်ပေါ်စေလိုသည့် ရည်ရွယ်ချက်ဖြင့်    ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ‌အဆိုပါ မဟာဘွဲ့သုတေသနစာတမ်းသည် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်သည့်ကဏ္ဍနှင့်  မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူမှု-ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းများနှင့် အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကဏ္ဍများ တွင်    ဧည့်လမ်းညွှန်များ   ပါဝင်လုပ်ဆောင်သည့် အခြေအနေများကို   ရည်ရွယ်ချက်ထား  ရေးသား ထားရှိသည့် မဟာဘွဲ့သုတေသနစာတမ်းဖြစ်သည် ကို    တွေ့ရှိရပါကြောင်း၊   ပညာသင်ဆုရရှိသည့် အရာထမ်းများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်  မိမိတတ်မြောက် သည့်   ပညာရပ်များကို  ပြန်လည်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ကျန်ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတကာမှ ပေးအပ်လာမည့် ပညာသင်ဆုအခွင့် အလမ်းများကို လက်လွတ်မခံဘဲ ကြိုးစားဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ များရှိ ဝန်ထမ်းများအနေဖြင့်လည်း ယခုဖော်ထုတ် တွေ့ရှိချက်များကို လေ့လာမှတ်သားပြီး မိမိဒေသ အတွက်  အကျိုးကျေးဇူးရရှိစေမည့်  လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်  လိုအပ်ပါကြောင်း ပြောကြား သည်။


ထို့နောက်    ထိုင်းနိုင်ငံ    ဗန်ကောက်မြို့ရှိ Mahidol University တွင်  နိုင်ငံတကာခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း      တက်ရောက်ခဲ့သူဖြစ်သော လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာဥုတ်ကျော် က    အမေရိကန်အခြေစိုက်   နိုင်ငံတကာဂျာနယ် (Journal of Business and Economics)  သို့ ပေးပို့သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း          ဖွံ့ဖြိုးတိုးတက်မှုအတွက် ဧည့်လမ်းညွှန်များ၏ ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍ” မဟာသုတေသနစာတမ်းကို    ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။


ယင်းနောက်        ပြည်ထောင်စုဝန်ကြီးက လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာဥုတ်ကျော် အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်