
စိန်ရတုအခမ်းအနားဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ်ထားသည့်
ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
နေပြည်တော် ဒီဇင်ဘာ ၂
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟို ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
စိန်ရတုအခမ်းအနားဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေးသည် (၇၅) နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် ဆိုသည့်အတိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ
၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု နေ့သည် စိန်ရတုအခမ်းအနားဖြစ်သည့် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ရောက်ရှိခဲ့မှု သမိုင်းကြောင်းကို ကြည့်မည် ဆိုလျှင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ဦးဆောင်၍ နိုင်ငံ၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာပြန်လည်ရရှိရေးတို့အတွက် တိုင်းရင်းသားများနှင့် စုစည်းကာ တောင်တန်းနှင့် ပြည်မ ပြန်လည် ပေါင်းစည်း၍ တစ်သွေးတစ်သားတည်းဖြစ်အောင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံညီလာခံကျင်းပကာ လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ ရယူမည်ဆိုသည့် တညီတညွတ်တည်း
စိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီးထွက်ပေါ်လာခဲ့ ကြောင်း။
နိုင်ငံ၏ လွတ်လပ်ရေးရယူရန်အတွက် တိုင်းရင်းသားများအားလုံး စုစည်းညီညွတ်စွာ ပေါင်းစည်းမှုနှင့် စုစည်းအားများဖြင့် စတင် ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်သည် တစ်နည်း အားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ၏ စုစည်းညီညွတ်မှု သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ကြောင်း၊ နောင်လာနောက်သားများ၊ မျိုးဆက်သစ်လူငယ်များအားလုံး မမေ့
မလျော့အောင် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အနေဖြင့် ထူးခြားသည်မှာ (၇၅) နှစ်မြောက် စိန်ရတုဖြစ်သည့်အတွက် တာဝန် ထမ်းဆောင်ကြရသည့် ပုဂ္ဂိုလ်များ အားလုံးနှင့် နိုင်ငံသူ နိုင်ငံသားများ အားလုံးအနေဖြင့် စိန်ရတု အခမ်းအနားတွင် အားလုံးသိုက်သိုက်ဝန်းဝန်း၊ စည်စည်ကားကား ကျင်းပသွားရမည်
ဖြစ်ကြောင်း။
သမိုင်းအစဉ်အဆက်နှင့် ယနေ့အချိန် ကာလအထိ ကြည့်မည်ဆိုလျှင် လက်ရှိ မိမိတို့ နိုင်ငံတွင် လူဦးရေစာရင်းအရ သန်း ၅၀ ကျော်ရှိကြောင်း၊ အဆိုပါ သန်း ၅၀ ကျော်သည် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းဟူသည့် တိုင်းရင်းသားလူမျိုးစု ရှစ်ခုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော်တို့ သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု၌ အေးအတူ ပူအမျှ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေ တည်းသောက် တစ်မိုးအောက်တည်းတွင် နေထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတု အခမ်းအနားကြီးကို ကျင်းပသွားရ မည်ဖြစ်ကြောင်း။
မိမိတို့၏ မိဘဘိုးဘွားဘေးဘီဘင် လက်ထက်မှယခုအချိန်အထိနှင့် နောင်ကာလ များတိုင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် မြန်မာဟူသော စိတ်ဓာတ်ဖြင့် စုစည်း ညီညွတ်စွာ နေထိုင်ခဲ့ကြပါကြောင်း၊ ထိုသို့ စုစည်းနေထိုင်မှုကို မျိုးဆက်သစ် လူငယ် လူရွယ်များ အမှတ်ရသိရှိစေရန်နှင့် မြန်မာ ဆိုသည့် စိတ်ဓာတ်ကိန်းဝပ်နေစေရန် စိန်ရတု အဖြစ် ကျရောက်သော ပြည်ထောင်စုနေ့အခမ်း အနားတွင် တိုက်တွန်းနှိုးဆော် ဖော်ထုတ် ပြသ အသိပေးသွားကြရမည်ဖြစ်ကြောင်း။
အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီကို ကော်မတီဝင် ၁၄ ဦး ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီအား အဖွဲ့ဝင် ၁၇ ဦးဖြင့်လည်းကောင်း၊ လုပ်ငန်း အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရေး ဆပ်ကော်မတီ ၁၄ ခုကိုလည်းကောင်း ဖွဲ့စည်းထားပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ကြရမည့် လုပ်ငန်းများကိုလည်း ကြိုတင်စီမံ ဆောင်ရွက်ထားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ယနေ့အချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု နှုန်း နှစ်ရာခိုင်နှုန်းအောက် ရောက်နေ သော်လည်း ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ဗီဇမျိုးကွဲ၊ မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ပေါ်ပေါက်နေကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ယခုအချိန် သည် နည်းသော်လည်း စိန်ရတုအခမ်းအနား ကျင်းပမည့်ရက်မှာ အချိန်ကာလအားဖြင့်
နှစ်လတာ ကာလရှိနေ၍ ပြောင်းလဲမှုများ ရှိနိုင် သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် စိန်ရတု အခမ်းအနား ကျင်းပသည့်အခါ အင်ပြည့်အားပြည့်ဖြင့် လည်းကောင်း ၊ အနည်းဆုံးအင်အားဖြင့် လည်းကောင်း ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီမံထားရန် လိုကြောင်း။
ပြည်ထောင်စုနေ့ အခမ်းအနားသည် စိန်ရတုမတိုင်မီ (၇၄) နှစ်မြောက်တိုင်
ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ကော်မတီများအနေဖြင့် မိမိတို့လုပ်ငန်းအရ၊ အစည်းအဝေးဆုံးဖြတ်ချက်များအရ နှစ်စဉ် ဆောင်ရွက်ရသည့် အခမ်းအနားဖြစ်ကြောင်း၊ သို့သော် နှစ်စဉ် နှစ်တိုင်းဆောင်ရွက်ရသည့် အခမ်းအနားဖြစ်သော်လည်း မပေါ့မဆဘဲ လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ်များကို စိန်ရတုဟူသည့် ထူးခြားလေးနက်သည့် ခေါင်းစဉ်အောက်တွင် လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအား တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ထူးခြားလေးနက်ပြီး ခမ်းခမ်းနား နားကျင်းပသွားရန် လမ်းညွှန်ချက်ပေးထားပါ ကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ အားလုံး အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဆပ်ကော်မတီများ ဖြစ်ကြသည့် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆို နေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော် မတီ၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊
နိုင်ငံတော်အလံတင်အခမ်းအနား စီစဉ်ရေး ဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများစိုက်ထူရေးဆပ်ကော်မတီ၊ ညစာစားပွဲ ဖျော်ဖြေရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊ ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက် လာကြသူများက ဖြည့်စွက်ရှင်းလင်းတင်ပြ ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖြည့်စွက် မှာကြားသည်။
ယင်းနောက် ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်