Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဟိန်းစည်သူ ပါဝင်ယှဉ်ပြိုင်

 

ရန်ကုန်   ဒီဇင်ဘာ   ၂


Asian  Tour  က   စီစဉ်ကျင်းပသော Laguna Phuket Championship 2021 ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက် မှစ၍ ထိုင်းနိုင်ငံ Laguna Golf Phuket ၌  မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီး ရိုက် ကစားသမား ဟိန်းစည်သူ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။  

 


ဟိန်းစည်သူသည် ပြိုင်ပွဲပထမနေ့ တွင်   စုစုပေါင်း ရိုက်ချက် ၆၉   ချက်ဖြင့်   သတ်မှတ်ရိုက်ချက်ထက်    တစ်ချက် လျှော့ရိုက်ထားပြီး ပြိုင်ပွဲဒုတိယနေ့ကို ဒီဇင်ဘာ ၃ ရက်တွင်  ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။   ဟိန်းစည်သူသည်  ပြိုင်ပွဲပထမနေ့တွင်  တစ်ချက်တည်း ကျင်းဝင်ခဲ့ပြီး ၂၀၅ ကိုက်ရှိသော ကျင်း အမှတ် ၁၆ တွင် Srixon သံတုတ်  ၆ ဖြင့်       ရိုက်လိုက်ရာ         တစ်ချက်တည်းဖြင့်    ကျင်းဝင်ကာ Hole In   One   ဆုရရှိခဲ့ခြင်း ဖြစ်သည်။    

 


ယခုပြိုင်ပွဲတွင် နိုင်ငံပေါင်း၂၀ ကျော်မှ ဂေါက်သီးရိုက်ကစားသမား   ၁၄၄  ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဆုကြေး ငွေ  စုစုစုပေါင်း   အမေရိကန်ဒေါ်လာ တစ်သန်း   ချီးမြှင့်သွားမည်ဖြစ်သည်။  ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်အထိ  ကျင်းပ သွားမည်ဖြစ်သည်။ 


ကိုညီလေး၊ ဓာတ်ပုံ-Asian Tour