
နေပြည်တော် နိုဝင်ဘာ ၂
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့၊ ကျုံပျော်မြို့၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ ချင်းပြည်နယ် ပလက်ဝမြို့၊ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့၊ ရွှေတောင်မြို့နှင့် ပေါင်းတည်မြို့ တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ NUG၊ CRPH ၊ PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG၊ CRPH၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်း ရေး ပြည်ပစွက်ဖက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလုပ်ငန်းစဉ် (၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG၊ PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်