
နေပြည်တော် နိုဝင်ဘာ ၂
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်ဘူတာ ကြီးမှ သတင်းနှင့် ပြန်ကြားရေးတွဲဖက်ဖြစ်သူ ဦးထိန်ဝင်း (ခ)ရန်ကင်းမောင်သည် ဗိုလ်တထောင်မြို့နယ် ဝန်ထမ်းအိမ်ရာမှ တိုင်း(၆) ရုံးသို့ ဗိုလ်မင်းရောင်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ဆင်းလာသူ အကြမ်းဖက်သမား တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထိန်ဝင်းအား လုပ်ကြံပစ်ခတ် သတ်ဖြတ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အခင်းဖြစ်စဉ်အတွင်း အကြမ်းဖက်သူများ အသုံးပြုခဲ့သည့် NPW 1Q/5868 ဟိုက်ဂျက်အဖြူ ရောင်ယာဉ်အား ထက်အောင်ကျော်(ခ)92 (၂၇)နှစ်(ဘ)ဦးအောင်ဌေးနှင့် ဇော်ရိန်ထွန်း(ခ)Tissue တို့နှင့်အတူ နိုဝင်ဘာလ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းဆုံ မီးပွိုင့်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ထက်အောင်ကျော်၏ ထွက်ဆိုချက်အရ သတင်းပေး စေခိုင်းသူ ရန်ကုန်ဘူတာကြီး စက်ပြင်လုပ်သား ဗိုလ်တထောင်မြို့နယ် (၁၀)ရက်ကွက် သိမ်ဖြူလမ်းသွယ် တိုက်(ဘီ) အခန်း(၇)နေ သူရအောင် (ခ)စောငမန်း(၂၉)နှစ်အား နိုဝင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ရန်ကုန်ဘူတာကြီး အငယ်တန်းအင်ဂျင်နီယာ(၂)၊ ကြိုးမဲ့ ဆက်သွယ်ရေးရုံးခန်းတွင် တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ထက်အောင်ကျော် ငှားရမ်းနေထိုင်ခဲ့သည့် ဒဂုံမြို့ သစ် (အရှေ့ပိုင်း)မြို့နယ် (၈)ရပ်ကွက် ဗိုလ်စောနောင်လမ်း အမှတ်(၂၃)သို့ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ဦးမောင်စိုးလမ်း အမှတ်(၁၀၈)နေ ထွဋ်မြတ်ဘုန်းကျော်(ခ)အိုမက်(၂၃)နှစ်နှင့် မင်္ဂလာဒုံမြို့နယ် ဈေးပိုင်း ရပ်ကွက် ထောက်ကြံ့လမ်းဆုံနေ မျိုးပိုင်(၁၆)နှစ်တို့ နှစ်ဦးအား ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ LUGER ကျည် ၃၁ တောင့်၊ 9 MM ကျည်ရှစ်တောင့်၊ စတီးဘောစေ့ ၁၀၀၀ ခန့်ပါ ခဲရောင်ကော်ဘူး တစ်ဘူး၊ လက်လုပ်ဗုံး တစ်လုံး၊ 91 လက်ပစ်ဗုံး သုံးလုံးနှင့် ငွေရောင်စနက်တံ သုံးချောင်း၊ အစိမ်းရောင်ကော်ဗုံးသီးခွံ ၁၃ လုံး၊ ယမ်းမှုန့် တစ်ထုပ်၊ ကီးပက်ဖုန်း ခြောက်လုံး၊ လက်တောပ့်တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဆက်လက်၍ ထက်အောင်ကျော်၏ ထွက်ဆိုချက်အရ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း) (၂၁)ရပ်ကွက် သစ္စာလမ်းနေ ကျော်လွင်ဦး(ခ)ရွှေလေး(၂၆)နှစ်အား ယင်းနေ့ ညနေ ၄ နာရီ ၅ မိနစ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ထောင်စုလမ်းမဘေး ရှိ ဆောက်လုပ်ရေးမှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှု အား စီစဉ်ညွှန်ကြားသူ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် သံသုမာလမ်း ပထမထပ် အခန်း(ဘီ)နေ အောင်ကြီး(ခ)လှိုင်ထူးအောင် (၃၆)နှစ်အား ၎င်း၏ဇနီးဖြစ်သူ မဆုရည်လှိုင်(ခ)ဆုလှိုင်(၃၂)နှစ်နှင့်အတူ သုဝဏ္ဏမြို့နယ် ကမာကြည်မီးပွိုင့်အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ပြစ်မှု ကျူးလွန်စဉ်တွင် အသုံးပြု ခဲ့သည့် လက်ကိုင်စကားပြောစက် တစ်လုံးနှင့် အားသွင်းခွက် တစ်ခုတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာနေ Dragon (ခ)ထွန်းမင်းလတ်(၂၄)နှစ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၅၃)ရပ်ကွက် စံရိပ်ငြိမ်လမ်း အမှတ်(၆၃၂)(ခ)နေ မိုင်းနပ်(ခ)အောင်ကိုသော် (၂၂)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၇)ရပ်ကွက် မင်းရဲကျော်စွာလမ်း အမှတ်(၁၁၈)နေ စောကလျာ (၂၂)နှစ်နှင့် မင်္ဂလာဒုံမြို့နယ် အေကရစ်ရပ်ကွက် စာရိတ္တလမ်း အမှတ် (၂၀)နေ အေးသန္တာ(၃၇)နှစ်တို့အား ယင်းနေ့ ညနေ ၅ နာရီ ၅ မိနစ် တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၈)ရပ်ကွက် ဗိုလ်စောနောင်လမ်း အိမ်အမှတ်(၂၃)တွင် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈)ရပ်ကွက် ကျွန်းရွှေမြိုင်လမ်းနေ ရဲထက်ဦး(ခ)YZ(၂၁)နှစ်အား ညနေ ၅ နာရီ ၅၅ မိနစ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက် မောင်းမကန်လမ်းတွင် လည်းကောင်း၊ ရဲထက်ဦးအား ယာဉ်နှင့် နေထိုင်ရန် ကူညီပေးခဲ့သူ ကြည့်မြင်တိုင်မြို့နယ် ဦးမြရပ်ကွက် ဦးမြ ငါးစင်လမ်း အမှတ်(၉၆)နေ ကြည်မင်းဟန်(၃၀)နှစ်အား ည ၇ နာရီ ၃၅ မိနစ်တွင် အလုံမြို့နယ် ကမ်းနားလမ်းနှင့် သစ်တောလမ်းထိပ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်များအရ ည ၇ နာရီ မိနစ် ၄၀ တွင် မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဦးထွန်းရှိန်လမ်း တိုက်အမှတ်(၅၅၂) (၄)လွှာယာခန်းတွင် လက်လုပ်ဗုံးများ သိုဝှက် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CROWN ယာဉ်တွင် တပ်ဆင်ခဲ့သော ယာဉ်နံပါတ်ပြား တစ်ခု၊ အစိမ်းရောင် ကော်လက်ပစ်ဗုံးခွံ ၈၈ လုံး၊ ပိုတက်စီယမ်ကလိုရိုက် ၂၉ ထုပ်၊ မီးရှို့ယမ်း အချောင်း ၄၀၊ ကော်မောင်း တုန်း တစ်ချောင်း၊ ကီးပက်ဖုန်းခြောက်လုံး၊ မီးရှို့ဒီတိုနေတာ ခုနစ်ချောင်း တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်တရားခံ စိုးဝင်းအောင်(ခ)ပြောင်ကြီး(ခ) 21 (၃၉)နှစ်အား ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် လသာ မြို့နယ်၊ (၁၉)လမ်း၌ LUGER ကျည်ခုနစ်တောင့် ပစ်ခတ်မှုဖြစ်စဉ်အတွက် ကြိုတင်ရေးဆွဲထားသည့် မြေပုံတစ်ခုပါရှိသည့် စာအုပ်တစ်အုပ်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ထက်အောင်ကျော်၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း SATURN အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့အတွင်း အကြမ်းဖက်မှု လုပ်ရပ်များ ကျူးလွန်ရန်နှင့် အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြု မည့် တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးပစ္စည်းများကို အခြားသူများအား ဖြန့်ဝေပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ကိုအောင်ကြီး(ခ)လှိုင်ထူး အောင်က အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ထက်အောင်ကျော် က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း ဦးဆောင်ခဲ့ကြပြီး အဖွဲ့ဝင်များအဖြစ် စောကလျာမောင်(ခ)Rayar၊ အေးသန္တာ(ခ)အန်တီမေ၊ ထွဋ်မြတ်ဘုန်းကျော်(ခ)အိုမက်၊ မျိုးပိုင်(ခ)SA-2 ၊ ဇော်ရိန်ထွန်း (ခ)Tissue ၊ ရဲထက်ဦး(ခ) YZ၊ အောင်ကိုသော် (ခ)မိုင်းနပ်၊ ကျော်လင်း ဦး(ခ)ရွှေလေး၊ ထွန်းမင်းလတ်(ခ)နဂါးတို့ဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများအပေါ် စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့အနေဖြင့် စိတ်ကြွမူးယစ်ဆေးဝါးများသုံးစွဲပြီး အကြမ်းဖက်မှု လုပ်ရပ်များအား ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိရပြီး မီးရထားဝန်ထမ်း ဦးထိန်ဝင်း(ခ) ရန်ကင်းမောင်အား လုပ်ကြံသတ်ဖြတ်မှုတွင် နောက်ကွယ်မှ ပါဝင်ကြသူများမှာ CDM ပြုလုပ်ထားသူ အောင်သူ ရန်ကုန်ဘူတာကြီး(မီးရထားရုံပိုင်အထူး) (ဖမ်းဆီးရန်ကျန်)နှင့် CDM ပြုလုပ်ထားသူ စန်းလွင်ဦး ရန်ကုန်ဘူတာကြီး(မီးရထားရုံပိုင်အထူး) (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး ၎င်းတို့ကျူးလွန်သူများအား လက်နက် ပံ့ပိုးပေးရန် ဒေါ်လဲ့လဲ့ဝင်း (NLD)ပါတီမှ ဗိုလ်တထောင်မြို့နယ် တိုင်း-၂ လွှတ်တော်ကိုယ်စားလှယ်ဟောင်း (ဖမ်းဆီးရန်ကျန်)က မောင်ကျော်(ခ)ဇေယျာသော်တို့အဖွဲ့နှင့် ဆက်သွယ်ပေးခဲ့ကြောင်း၊ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များအား ပံ့ပိုးပေးသူမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော်(ခ)ဇေယျာသော်(NLD)ပါတီဝင်ဖြစ်ပြီးလုပ်ကြံရန် ယာဉ်အား စီစဉ်ပေးသူမှာ မကေ (ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရကာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဇော်ထွန်း (ဖမ်းဆီးရန်ကျန်)နှင့် ယာဉ်မောင်းနှင်ပေးသူ ထွန်းထွန်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကာ ဖမ်းဆီးရမိထားသူ တရားခံ ၁၅ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုများအနေဖြင့်လည်း ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ ဖမ်းဆီးရန်ကျန် တရားခံပြေး များအား တွေ့မြင်သိရှိရပါက သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များအား လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါ သည်။
သတင်းစဉ်