သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော် ဒီဇင်ဘာ ၁


သုတဝေဖြာသီရိဂေဟာ       မိသားစုပြိုင်ပွဲ   အသိပညာပေးအစီအစဉ်(Family Quiz) ပွဲစဉ်  (၄၃) ကို  ဒီဇင်ဘာ ၃ ရက်တွင်   မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ   ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာ ပေး   အစီအစဉ်ကို တင်ဆက်သူ ရဲထိုက်နှင့် ယဉ်လက်တို့က   တင်ဆက်ကြမည်ဖြစ်ပြီး   လူရွှင်တော်အသင်းနှင့်  ကိုလူချောအဖွဲ့တို့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ    ယင်းပြိုင်ပွဲများကို ဒီဇင်ဘာ  (၃ ၊ ၄ ၊ ၅) ရက် နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆နာရီ သတင်းအပြီး၌   ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း သိရသည်။        

သတင်းစဉ်