
နေပြည်တော် ဒီဇင်ဘာ ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများသည် ဝန်ကြီးဌာန အဖွဲ့အစည်းတိုင်းတွင် အရေးကြီးကြောင်း၊ စနစ် တကျမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် အတွက် သိရှိနားလည် တတ်ကျွမ်းထားရန် လိုအပ် ကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်း/ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင် ရွက်နိုင်စေရန်နှင့် စာရင်းစစ် ကန့်ကွက်ချက်များ မရှိစေရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်ကြားပို့ချပေး ခဲ့သည့် သင်ခန်းစာများကို စာအုပ်ထဲတွင် မထားခဲ့ဘဲ လက်တွေ့အသုံးချ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာနတိုင်းတွင် ကြုံတွေ့နေရဆဲ ဖြစ်သည့် မျိုးဆက်ပြတ်လပ်မှုပြဿနာ၊ ငွေစာရင်း ကိစ္စများ၊ စာရင်းသွင်းမမှန်ခြင်း၊ ခွင့်ပြုချက်အတိုင်း သုံးစွဲမှုမရှိခြင်း၊ အသုံးစရိတ်များ မှန်ကန်အောင် သုံးစွဲမှုမရှိခြင်းအစရှိသည့် ဖြစ်စဉ်မျိုးကို အတတ် နိုင်ဆုံးအမှားအယွင်းမရှိဘဲ မှန်ကန်စွာ အသုံးချ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ တာဝန် ကျရာဌာနခွဲ၊ ဒေသများသို့ ပြန်ရောက်သည့်အခါ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန် အောင် ထမ်းဆောင်ကြရန်နှင့် ငွေစာရင်းလုပ်ငန်းများ အမှားအယွင်းမရှိစေရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ သတ်မှတ်ထား သည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ် ချီးမြှင့်၍ သင်တန်းနည်းပြဆရာမ ဒေါ်လင်းလင်းထွန်း အား ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာန အခြေခံကွန်ပျူတာ သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို အားကစားနှင့် ကာယပညာဦးစီးဌာနခွဲ များမှ (ဝန်ထမ်း) သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး ဌာနရှိ ကွန်ပျူတာ နည်းပြဆရာ ဆရာမများက ဒီဇင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွား မည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားပို့ချရာတွင် အသုံးပြုမည့် ကွန်ပျူတာ အခန်းနှင့် ကွန်ပျူတာများ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်