အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်

 

နေပြည်တော်   ဒီဇင်ဘာ  ၁ 


“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ  အကောင်အထည်ဖော်ရေးကော်မတီ”  ( ၂ / ၂၀၂၁ ) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 


အစည်းအဝေးသို့    ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့်  ကော်မတီဝင်  အမြဲတမ်း အတွင်းဝန်များ၊       ဦးဆောင် ညွှန်ကြားရေးမှူးနှင့်  ညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်    ဒုတိယ ဝန်ကြီးက ရေရှည်တည်တံ့ခိုင်မြဲ သော     အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန်    ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေ စနစ် အကောင်အထည်ဖော်ရေး ကို      ဆက်လက်       ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊      ဝန်ထမ်း နောင်ရေး    ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့်   ကိစ္စ ဖြစ်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မိမိတို့ကော်မတီကို ပြန်လည်ပြင်ဆင်  ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကော်မတီအနေဖြင့်   ဆက်လက် ဆောင်ရွက်ရန်ကိစ္စများ၊  ကြိုတင် ပြင်ဆင်    ဆောင်ရွက်ထားသင့် သည့်ကိစ္စများ၊    ဥပဒေကြမ်းနှင့် ပတ်သက်၍     ဆောင်ရွက်သင့် သည့်     ကိစ္စရပ်များကို   ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍      ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေး        ကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး      ဗဟိုရန်ပုံ ငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် အခြေအနေများ အား  ရှင်းလင်းတင်ပြပြီး အစည်း အဝေးသို့      တက်ရောက်လာကြ သည့်      ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ 

 


အကြံပြု  ဆွေးနွေးချက်များ အပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး   ဦးမောင်မောင်ဝင်းက သုံးသပ်ဆွေးနွေးပြီး     နိဂုံးချုပ် အမှာစကား     ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။                    

သတင်းစဉ်