
(ယမန်နေ့မှအဆက်)
ရှေးဦးစွာ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက UEC အနေဖြင့် ယခု PR စနစ်ကိုသွားမည်ဆိုပါက နိုင်ငံရေး ပါတီငယ်များ အများအပြားဖြစ်နေသည့် အတွက် ၎င်းတို့အနေဖြင့် မဟာမိတ်ဖွဲ့ရန် ကိစ္စရပ်များရှိနေသည်ဟုလည်း ကြားနေ ရပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး UEC အနေဖြင့် အပြည့်အဝအကူအညီပေး ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်း သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများလည်း ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ယခင် ရွေးကောက်ပွဲတွင်လည်း အတွေ့အကြုံ ရှိပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက် ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းခဲ့သည်များလည်း ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ၎င်းတို့ သဘောတူညီသည် ဆိုပါက အစည်းအဝေးများ၊ မှတ်တမ်းများ၊ လိုအပ်သည့် အချက်အလက်များ၊ ပုံစံများ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီများ ပူးပေါင်း၍ရပါကြောင်း၊ UEC အနေဖြင့် ၎င်းတို့ အဆင်ပြေအောင် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၂၀ ပြည့်နှစ်တွင် နှင်းဆီ ပါတီမှ ဦးကျော်မြင့် တရားစွဲခံရပြီး နောက်တွင် နှင်းဆီပါတီကို ဖျက်သိမ်း လိုက်ကြောင်း၊ ပိုင်ဆိုင်မှုများကိုလည်း ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းလိုက် ကြောင်း၊ အစောပိုင်းက UEC က ရှင်းပြခဲ့ သည့်အထဲတွင် NLD ပါတီဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း အပါအဝင်၊ သမ္မတ၊ ဒုတိယဥက္ကဋ္ဌနှင့် CEC အဖွဲ့များ ကိုယခုလက်ရှိတွင် တရားဝင်တရားစွဲဆို ထားသည်ဟု သိရကြောင်း၊ ထိုသို့ တရားစွဲ ခံထားရသည့် NLD ပါတီကို UEC အနေဖြင့် ဖျက်သိမ်းရန် ရှိ/မရှိ သိလိုကြောင်းနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဖျက်သိမ်းမည် ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ကြားနေအဖြစ်သာ ရပ်တည်လို
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်း ထောက်ကြီး၏ သဘောထားကို မေးလို ကြောင်း မေးမြန်းရာ သတင်းထောက်မှ မိမိတို့သည် မီဒီယာဖြစ်သည့်အလျောက် ကြားနေအဖြစ်သာ ရပ်တည်လိုကြောင်း ဖြေကြားသည်။
ထို့နောက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက် ဖြေကြားရာတွင် လက်ရှိသတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လည်း ရှင်းလင်းပြောကြားသွားပြီးဖြစ် ကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် သတင်းများနှင့် ထုတ်ပြန်ချက်များတွင် လည်း NLD ပါတီ၏ ပါဝင်ပတ်သက်မှုများ ကို အားလုံးကြားသိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် အစည်းအဝေးနှင့် အခမ်းအနား ၃ ကြိမ်တိုင်တိုင် ကြီးကြီးမားမားပြုလုပ် ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်သည့် အချိန် တိုင်း NLD ပါတီကိုလည်း ဖိတ်ကြားခဲ့ ကြောင်း၊ ယင်းသို့ ဖိတ်ကြားရာတွင် နိုင်ငံပိုင်မီဒီယာမှ ဖိတ်ကြားခဲ့သကဲ့သို့ UEC Website, E-mail တို့အပြင် စာ လမ်းကြောင်းမှလည်း ဖိတ်ကြားခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်တွင်အခြေစိုက်သည့် ရန်ကုန်ကော်မရှင်အဖွဲ့ခွဲတို့မှ တစ်ဆင့် လည်း ဖိတ်ကြားခဲ့ကြောင်း၊ ဖိတ်ကြား သည့် နည်းလမ်း ၅ မျိုးခန့်နှင့် ဖိတ်ကြား ခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် အစည်း အဝေးများတွင် ၎င်းပါတီအနေဖြင့် အဆက် အသွယ်ရရှိခြင်း၊ တက်ရောက်ခြင်းမရှိခဲ့ ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အစောပိုင်းက တင်ပြ ခဲ့သကဲ့သို့ နိုင်ငံရေးပါတီစစ်ဆေးခြင်းကို ၃၈ ပါတီကို စစ်ဆေးခဲ့ကြောင်း၊ NLD ပါတီ ကို စစ်ဆေး၍မပြီးသေးကြောင်း၊ နိုင်ငံရေး ပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန်တာဝန်ရှိ ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် NLD ပါတီ ဖျက်သိမ်း ရန်ကိစ္စကို ယခင်သတင်းစာရှင်းလင်းပွဲ များတွင် မိမိဖြေကြားခဲ့သကဲ့သို့ ကြိုတင် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ သို့သော် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ NLD ပါတီအား အလုံးစုံဖျက်သိမ်းရန် UEC ကို တင်ပြထား သည်ဟု သိရကြောင်း၊ အဆိုပါကိစ္စသည် မှန်ကန်မှုရှိပါသလား၊ မှန်ခဲ့မည်ဆိုပါက UEC အနေဖြင့် မည်သို့ပြောလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက် ရက်စွဲပါစာဖြင့် အကြံပြု တင်ပြခြင်းစာအား လက်ခံရရှိကြောင်း၊ မိမိတို့ ပြောလိုသည်မှာ အဆိုပါအကြံပြုစာ တွင် လိုအပ်သည့် သက်သေအထောက် အထားများ ပြည့်စုံစွာမပါရှိကြောင်း၊ UEC အနေဖြင့် လက်ရှိတွင် ပါတီများကို စစ်ဆေးဆဲဖြစ်ပြီး NLD ပါတီကိုလည်း မစစ်ဆေးရသည်များလည်း ရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ် ရွေးကောက်ပွဲများတွင် မှတ်ပုံတင်မရှိ၍ မဲပေးခွင့်ဆုံးရှုံးခဲ့သည့် ပြည်သူများစွာရှိခဲ့ကြောင်း၊ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ပြုလုပ်ပေးမည့်ရွေးကောက် ပွဲတွင် UEC အနေဖြင့် မည်သို့ဖြေရှင်းသွား မည်ကို သိလိုကြောင်း မေးမြန်းသည်။
ဥပဒေမူကြမ်း ရေးဆွဲထား
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးရာ၌ မဲမသမာမှုဖြစ်နိုင်သည့် မဲဆန္ဒရှင် ၁၁ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ယင်းတို့ အထဲတွင် မှတ်ပုံတင်မရှိသူ ၄ သန်း ၈ သိန်း ခန့်ရှိကြောင်း၊ ထို့ကြောင့် နောင်ကျင်းပ မည့် ရွေးကောက်ပွဲများတွင် ထိုသို့ မဲမသမာမှု မပါရှိစေရန် မဲဆန္ဒရှင်များသည် မှတ်ပုံတင်ရှိရမည်၊ နိုင်ငံသား၊ ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရကြောင်းကို ခိုင်လုံစေသည့် မှတ်ပုံတင်ပါရှိရမည်၊ သက်ဆိုင်ရာ ဒေသတွင်လည်း နေထိုင်သူ ဖြစ်ရမည်ဆိုသည့် ဥပဒေမူကြမ်းကိုလည်း ရေးဆွဲထားကြောင်း၊ ထို့ကြောင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကလည်း မိုးပွင့်စီမံချက်ဖြင့် မှတ်ပုံတင် များအမြန်ရရှိစေရေး ဆောင်ရွက်နေပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အပိုင်း နှစ်ပိုင်းရှိကြောင်း၊ ပထမတစ်ပိုင်းတွင် မှတ်ပုံတင်လိုအပ်နေသည့်သူများကို ဌာန ဆိုင်ရာနှင့် နိုင်ငံတော်က ဆောင်ရွက်ပေး နေသကဲ့သို့ ကာယကံရှင်များကိုယ်တိုင် ကလည်း မိမိ၏ မှတ်ပုံတင်ရရှိရန် ကိုယ်တိုင်ကြိုးစားအားထုတ် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ နှစ်ဦး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ယခုကိစ္စအားလုံး အဆင်ပြေသွားလိမ့်မည် ဟု ထင်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်း အေဂျင်စီမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦး က မိမိအနေဖြင့် PR စနစ်ကိစ္စကို (၉/ ၂၀၂၁) သတင်းစာရှင်းလင်းပွဲတွင်လည်း မေးမြန်းခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း PR စနစ်ကို စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များက ယခုသတင်းစာရှင်းလင်းပွဲ တွင် မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ၎င်းတို့ကိုယ်စား မေးမြန်းခြင်းဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက အဆိုပါ PR စနစ်မှာ အများအပြားရှိပြီး လွန်စွာ ကျယ်ပြန့်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သွားရ မည်ဖြစ်သဖြင့် မဲဆန္ဒနယ်မြေကို ကိုယ်စား ပြုသည့် PR စနစ်ကို ကျင့်သုံးမည်လား၊ Parliment Access ဆိုသည့် ကိုယ်စားပြု သည့်စနစ်ကို ကျင့်သုံးမည်လား၊ ထိုသို့ ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားများ၏ အခွင့်အရေး မည်မျှရရှိနိုင်မည်ဟု သိလို ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ကာလတွင် မိမိအား NLD ပါတီက နိုင်ငံရေး အမှုဖြင့် ထောင်ချထားသဖြင့် အကျဉ်း ထောင်ထဲတွင် ရောက်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမှမသိခဲ့ရကြောင်း၊ ၂၀၁၅ ရွေးကောက် ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဆိုသည့် အဖွဲ့များရှိကြောင်း၊ အဆိုပါအဖွဲ့ များက ရွေးကောက်ပွဲအစီရင်ခံစာများကို တင်ပြခဲ့သည်များလည်းရှိကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲပြီးသည့် အချိန်တွင် လည်း ထိုအဖွဲ့များက ၎င်းတို့၏ တွေ့ရှိ ချက်များကို တင်ပြခဲ့ခြင်းများလည်းရှိခဲ့ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၎င်းတို့တင်ပြလာသည့် အစီရင် ခံစာများအပေါ် ဖတ်ရှုလေ့လာပြီး ၎င်းတို့ ၏ တင်ပြချက်များ မှန်/မမှန်နှင့် အားနည်း ချက်၊ အားသာချက်များကို သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို တရားစွဲဆိုခွင့် မရှိဆိုပြီး အတိအလင်းပြဋ္ဌာန်းထားသည် ကို ဖတ်ရပါကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို တရားစွဲထားသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ဦးလှသိန်းကို မည်သည့်ဥပဒေနှင့် တရားစွဲထားသည်ကို သိလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် နောက်ကြောင်းမပြန်ရဟူသည့် ဥပဒေ လည်းရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုး နောင်အလားတူဖြစ်ပေါ် လာပါက လက်ရှိ သတင်းနှင့် ပြန်ကြားရေး လုပ်ဆောင်နေသည့် ကော်မရှင်အဖွဲ့ဝင် ဖြစ်သည့် ဦးခင်မောင်ဦးနှင့် ကော်မရှင်မှ တာဝန်ရှိသူများ အနေဖြင့်လည်း နောက်လူများက ယင်းသို့လုပ်ဆောင် မည်ဆိုသည့် စိုးရိမ်စိတ်များဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့နိုင်ငံအတွက်လည်း မကောင်းသည့် အတိတ်နိမိတ်ဖြစ်သည့် အတွက် အဆိုပါကိစ္စအတွက် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလို ကြောင်း မေးမြန်းသည်။
ပို၍အကျိုးများ
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်၏ သဘောကို အစောပိုင်းက Presentation ဖြင့် မိမိ တင်ပြခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများအတွက် ပို၍ အကျိုးများသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မဲများကို အချိုးကျရရှိမည်ဖြစ်ပြီး မဲများ မဆုံးရှုံးသဖြင့် တိုင်းရင်းသားဒေသများနှင့် အားလုံးအတွက် အကျိုးများမည်ဖြစ် ကြောင်း၊ PR စနစ်တွင် မျှမျှတတဖြင့် ကိုယ်စားလှယ်များ ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားများအတွက် ပို၍အကျိုးများ မည်ဖြစ်ကြောင်း၊ PR စနစ်ကိုသွားသည့် အချိန်တွင် PR စနစ်၏ သဘောတရားအရ မဲဆန္ဒနယ်မြေကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်၍ ရသည့်မဲအတိုင်း အချိုးကျ ခံစားသည့်သဘောမှာ PR စနစ်၏ အခြေခံ သဘောတရားဖြစ်ကြောင်း၊ ထိုစနစ်တွင် စနစ်အမျိုးအစား အများအပြားရှိကြောင်း၊ သို့သော် List PR စနစ်ကို အများဆုံး ကျင့်သုံးကြသည်ကို တွေ့ရကြောင်း၊ ထိုစနစ်တွင်လည်း Close List နှင့် Open List ဟူ၍ နှစ်မျိုးရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် နောက် တစ်လ၊ နှစ်လခန့်အထိ ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးပြီး ပါက တိတိကျကျ ဖြေကြားပေးနိုင်မည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲတွင် တာဝန်ရှိသည့် တာဝန်ရှိသူအသီးသီးကို အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဥပဒေတွင် ပုံမှန်အရ မိမိ၏လုပ်ငန်း တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သဘောရိုးဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင် သည့် ကိစ္စများကို Immunity ပေးထားသည် ဆိုသည့်ကိစ္စကို ယခင်ကလည်း မိမိ ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ အကယ်၍ တရားစွဲဆိုခံရသော်လည်း ၎င်းပုဂ္ဂိုလ် အနေဖြင့် ပြန်လည်၍ ခုခံချေပပိုင်ခွင့်ရှိ ကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ထား သည်၊ သဘောရိုးဖြင့် ဆောင်ရွက်ထားသည် ဆိုပါက ဥပဒေအရ အရေးယူမည် မဟုတ် ကြောင်း၊ သို့သော် လုပ်ပိုင်ခွင့်ကို အကြောင်း ပြု၍ အစောပိုင်းက မိမိဖတ်ကြားခဲ့သည့် ပြစ်မှုဆိုင်ရာ အကြောင်းအရာများကို ကျူးလွန်မည်ဆိုပါက မည်သူမဆို အရေးယူ ခံရနိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်း အေဂျင်စီမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦး က PR စနစ်ဆိုသည်မှာ အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်ကြောင်း၊ ရွေးကောက် ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်တစ်ဦးက မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ထပ်မံ မေးမြန်းလိုကြောင်း၊ ရွေးကောက်ပွဲ ပြီးပါက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် တွင် ပါဝင်မည်ဖြစ်ကြောင်း၊ PR စနစ်သည် အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်ခြင်းကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များသည် အခြားရွေးကောက်ခံကိုယ်စားလှယ်များနည်းတူ ထပ်မံမဲထည့်ခွင့် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။
နိုင်ငံသားတိုင်း၏ အခွင့်အရေး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ထိုကိစ္စနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ တို့တွင် ပါပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ နိုင်ငံတော်၏ သမိုင်း နှင့် ဖြစ်စဉ်လိုအပ်ချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲတင်မြှောက် ခြင်းနှင့် လွှတ်တော်ဖွဲ့စည်းခြင်း အပိုင်း များကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ထိုပြဋ္ဌာန်းချက်များအတိုင်းသာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ Voter Right သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးနှင့် တာဝန်အခန်းတွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သကဲ့သို့ ရွေးကောက်ခံပိုင်ခွင့်လည်းရှိ ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အပေါ်တွင် သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ကျန်ခဲ့သည့်အဖြေအား ဖြည့်စွက် ဖြေကြားပေးသွားမည်ဖြစ် ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေး အဖွဲ့အချို့ လာရောက်လေ့လာခဲ့ကြ ကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ လူပေါင်း ၈၀၀၀ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များမှ လူပေါင်း ၆၄၁ ဦးရှိကြောင်း၊ အဆိုပါအဖွဲ့ များအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း ကနဦးအစီရင်ခံစာ နှင့် အသေးစိတ်အစီရင်ခံစာများ တင်ရ ကြောင်း၊ သို့သော် ကနဦးအစီရင်ခံစာ အချို့သာရရှိခဲ့ပြီး အသေးစိတ်အစီရင်ခံစာ များ ရရှိခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ အစီရင်ခံစာများအထဲတွင် ထူးခြားသည် မှာ မဲဆန္ဒရှင် ၁၁ သန်းကျော် မှားယွင်းနေ သည့်ကိစ္စနှင့် ကြိုတင်မဲပြဿနာများ အနည်းငယ်သာပါဝင်သည်ကို တွေ့ရ ကြောင်း ဖြည့်စွက်ဖြေကြားသည်။
ဒေါ်သဇင်ဦးက PR စနစ်လေ့လာနေ သည့် လူငယ်တစ်ယောက်အနေဖြင့် မေးခွန်းမေးလိုပါကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR Design ကို ရွေးကောက်ပွဲမကျင်းပမီ မည်မျှအလိုတွင် အတည်ပြုပြဋ္ဌာန်းနိုင် မည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က PR Design နှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အထိုက်အလျောက် တိုးတက်မှု ရရှိနေပြီဖြစ်ကြောင်း၊ နောက်တစ်လ၊ နှစ်လခန့်အကြာတွင် Design ကိစ္စအား အကျေအလည်ဆွေးနွေးပြီးပါက Design ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ ကိစ္စကိုလည်း မိမိတို့ ကြိုတင်လျာထားပြီး ဖြစ်သည့်အတွက် ဥပဒေမူဘောင်အရ Design ကိုရပြီးပါက ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး အဓိကဆောင်ရွက်ရမည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်း များကိုလည်း ကနဦးအဆင့် Knowledge ပေးပြီးဖြစ်ကြောင်း၊ Design ရပြီးပါက လည်း ထပ်မံအသိပညာပေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်များကိုအသိပေးခြင်းနှင့် ကျန်သည့်အပိုင်းများကို ပူးပေါင်း၍ ကဏ္ဍအစုံတွင် ပါဝင်ပတ်သက် သည့်သူများက ဝိုင်းဝန်းဆောင်ရွက်မည် ဆိုပါက အချိန်မီဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ အချိန်အတောအတွင်း အချိန်မီပြီးစီးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်း က ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် တင်ဒါလုပ်ငန်းများသည် မူဝါဒအလွဲအမှားများနှင့် အောက်ခြေ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တင်ဒါထွက် သည့် လုပ်ငန်းရှင်များမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ PAE နှုန်းထားများ နှိမ့်ချပြီး QC အလွန်အမင်းစစ်ဆေးသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ များစွာတွေ့ခဲ့ရ ကြောင်း၊ ထိုအခက်အခဲများ ကြုံတွေ့ရ သည့်အပြင် လတ်တလော ဘဏ်လုပ်ငန်း များကြောင့် နှောင့်နှေးမှုများစွာ ကြုံတွေ့ နေရကြောင်း၊ လေဘာအခက်အခဲများ၊ အရောင်းအဝယ်လုပ်၍ ငွေချေရာတွင် အခက်အခဲများ များစွာတွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက်တွင် တင်ဒါလုပ်ငန်းများ အဆင် ပြေချောမွေ့အောင် လုပ်ဆောင်ရန် အစီ အစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တင်ဒါ လုပ်ငန်းနှင့်ပတ်သက်ပြီး ကြုံတွေ့ရသည့် အခက်အခဲကို သိရှိကြောင်း၊ အဓိက ကြုံတွေ့ရသည့် အခက်ခဲများ နှစ်ပိုင်းရှိ ကြောင်း၊ နံပါတ်(၁)အပိုင်းမှာ ဘဏ် လုပ်ငန်းစနစ်များကြောင့် ဖြစ်နေသည် များရှိကြောင်း၊ နံပါတ်(၂)အနေဖြင့် တင်ဒါခေါ်ထားပြီး ပြည်ပမှတင်သွင်းသည့် အခက်အခဲများ ကြုံတွေ့နေရခြင်းများရှိ ကြောင်း၊ ငွေရေးကြေးရေးစျေးမြင့်သွားမှု ကြောင့် ယခင်က တင်ဒါခေါ်ယူသည့် စျေးနှုန်းနှင့် မကိုက်ညီသည့် အဖြစ်မျိုးရှိ ကြောင်း၊ အပိုင်း နှစ်ပိုင်းနှင့် ဖြေရှင်း ဆောင်ရွက်နေကြောင်း၊ နံပါတ်(၁)အပိုင်း မှာ ပစ္စည်းတင်သွင်းသည့် အပိုင်းဖြစ် ကြောင်း၊ ပစ္စည်းတင်သွင်းသည့် အပိုင်းမှာ အဓိကအားဖြင့် ကုန်းလမ်းထက် ဆိပ်ကမ်း မှ ပစ္စည်းတင်ပို့ခြင်း ပိုများသည်ဟု သိရှိ ရကြောင်း၊ ဆိပ်ကမ်း၌ရောက်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ကုန်သင်္ဘောများ ရှိကြောင်း၊ ကုန်သင်္ဘောဝင်ရောက်မှုနှင့် တချို့တစ်ကမ္ဘာလုံး၌ ဖြစ်ပျက်နေသည့် ကွန်တိန်နာများရှားပါးမှု ကြုံတွေ့နေဆဲ ဖြစ်ကြောင်း၊ ၎င်းကိုလည်း ဖြေရှင်း ဆောင်ရွက်နေဆဲဟု ပြောလိုပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့်ပတ်သက်ပြီး ဘဏ် လုပ်ငန်းတချို့ ပြဿနာအခက်အခဲများ ကြုံတွေ့နေခြင်းကိုသိရှိကြောင်း၊ ဘဏ် လုပ်ငန်းစနစ်၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာလခန့်တွင် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်၊၊
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက NUG ၊ PDF ၊ CRPH အဖွဲ့များကို ငွေကြေးထောက်ပံ့နေ သည့်ကိစ္စများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ် ပြောသွားကြောင်း၊ NUG ကလည်း ငွေတိုက် စာချုပ်များ ရောင်းနေသည်ကို တွေ့ရ ကြောင်း၊ ယင်းကိစ္စများကို မည်သို့အရေးယူ သွားမည်ကိုသိလိုပါကြောင်း မေးမြန်းသည်။
အရေးယူနိုင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG ၊ CRPH အဖွဲ့များနှင့်ပတ်သက်ပြီး ငွေကြေးထောက်ပံ့နေသူများရှိကြောင်း၊ ၎င်းတို့ အနေဖြင့် ငွေတိုက်စာချုပ်ရောင်းနေသည် မျိုးရှိကြောင်း၊ ၎င်းတို့အတွက် လော်ဘီ လုပ်နေသည့် မီဒီယာများလည်းရှိကြောင်း၊ လော်ဘီလုပ်နေသည့် မီဒီယာများက မည်မျှရောင်းလိုက်ရသည်ဟူ၍ ပြောနေ ခြင်းများကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် ဆက်စပ်ပြီး ပြောလိုကြောင်း၊ အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေး ကူညီပေးခြင်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဥပဒေ ပြဋ္ဌာန်းချက်နှင့် အရေးယူနိုင်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ က အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ(ငွေဒဏ် လည်းပါဝင်ကြောင်း) ချမှတ်ရမည်ဖြစ် ကြောင်း၊ လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအဖွဲ့ အစည်းများက ဖွဲ့စည်းထားသည့် ငွေတိုက် စာချုပ်ဝယ်ယူသူများလည်း အကြမ်းဖက်မှု ကို အားပေးကူညီရာရောက်သည်ဟု ပြောလိုကြောင်း၊ နိုင်ငံတွင်း ဝယ်ယူသူ ရှားကြောင်း၊ ပြည်ပမှထောက်ပံ့သည်ကို တစ်နည်းအားဖြင့် ငွေမည်းကို ငွေဖြူ လုပ်ရန်အတွက် အဓိကရည်ရွယ်သည်ဟု ယူဆရကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေ ၅၀(ည)တွင် ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ ပုဒ်မခွဲ(က)မှ (ဃ)အထိ ပါကြောင်း၊ မည်သို့ ပြစ်ဒဏ်ပေးနိုင်သည်ဟု ပါရှိ ကြောင်း၊ ပုဒ်မ ၄၁ (က)တွင် မည်သူမဆို အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာ တွင်ဖြစ်စေ၊ ကျူးလွန်ရန်ဖြစ်စေ၊ ယင်း ပြစ်မှုဖြစ်မြောက်အောင် ပံ့ပိုးထားသည် ဖြစ်စေ ဆောင်ရွက်စေရန်အလိုငှာ တရား ဝင်သော နည်းလမ်း၊ တရားမဝင်သော နည်းလမ်းများဖြင့်၊ ယင်းနည်းလမ်းနှစ်မျိုး လုံးဖြင့် ရရှိသည့်ရန်ပုံငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အကြမ်း ဖက်သမား တစ်ဦးဦး သို့မဟုတ် အကြမ်း ဖက်အုပ်စု တစ်ခုခုက အသုံးပြုရန်ရည်ရွယ် ပြီး အသုံးပြုမည်ကို သိလျက်နှင့်ဖြစ်စေ၊ ဥပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့် တမင်ကောက်ခံခြင်း၊ လက်ခံ ခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းသည် ပုဒ်မ ၄၁(ဃ)၊ ပုဒ်မ ၄၁(က)ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်း၊ စည်းရုံးခြင်း၊ ကြံရာပါ ဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြစ်လျှင် ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာ ရောက်သည်ဟု ပြဋ္ဌာန်းထားသည်ကို လည်း အားလုံးသိရှိစေလိုကြောင်း၊ ပုဒ်မ (၄၂)တွင် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကိုကျူးလွန်ရာ ရောက်သည့် အကြောင်းများဖြစ်ကြောင်း၊ မည်သည့်အကြမ်းဖက်အုပ်စုပိုင်ပစ္စည်း (သို့မဟုတ်) အကြမ်းဖက်သမားပိုင်ပစ္စည်းကို တိုက်ရိုက်၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ အကြမ်းဖက်သမားပိုင်ပစ္စည်းများ ပါဝင် ပတ်သက်သည့် အရောင်းအဝယ်လုပ်ငန်း တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်မြောက်အောင် ပံ့ပိုးခြင်း၊ ထို့နောက် အကျိုးအမြတ်ဖြစ်စေ ရန်အတွက် အကြမ်းဖက်သမားပိုင်ပစ္စည်း များအပါအဝင်၊ ပါဝင်ပတ်သက်သည့် ငွေကြေးဝန်ဆောင်မှု၊ အခြားဝန်ဆောင်မှု များကို ထောက်ပံ့ပေးနေမှုများ၊ အကြမ်း ဖက်သမားပိုင် ပစ္စည်းမှန်းသိလျက် မိမိ လက်ဝယ်ထားရှိခြင်း၊ ထိန်းချုပ်မှုအောက် တွင် ထားရှိခြင်းများသည် ၎င်းဥပဒေနှင့် ငြိစွန်းကြောင်းကို ပြောလိုကြောင်း၊ အကြမ်းဖက်ဥပဒေပုဒ်မ(၅၆)တွင် ပြဋ္ဌာန်း ထားသကဲ့သို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၇(၁) အရလည်း ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနှင့်စပ်လျဉ်းသည်ဟု ယူဆရန် အကြောင်းရှိသည့် ပစ္စည်း(သို့မဟုတ်) ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းကို ဖျက်ဆီးရန်၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်(သို့မဟုတ်) အခြားနည်း ဖြင့် ဆောင်ရွက်စေရန်ဆိုပြီး အမိန့်ချမှတ် နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားကြောင်း၊ တချို့လည်း သိလျက်နှင့် လုပ်နေတာရှိ ကြောင်း၊ တချို့လည်း လော်ဘီအနေနှင့် လုပ်ဆောင်နေခြင်းရှိကြောင်း၊ K pay မှ တစ်ဆင့် ငွေပွားပေးခြင်း၊ K pay မှ တစ်ဆင့် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ယင်းသည်လည်း အဆိုပါဥပဒေနှင့် ငြိစွန်း နိုင်ကြောင်း ပြည်သူလူထုကို အသိပေး လိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press News Agency မှ ဒေါက်တာစိုးမြင့်ဦးက ကျန်းမာ ရေးဝန်ကြီးဌာန၌ Non CDM အဖြစ် ရပ်တည်နေသည့် ဝန်ထမ်းများကို CDM ပြန်ဝင်သည့်သူများက ပညာပြခြင်း၊ နှိပ်စက်ခြင်းများရှိကြောင်း၊ ယင်းသို့ ဖြစ်နေသည်ကို ဝန်ထမ်းအချို့က မိမိ တို့ကို အကြောင်းကြားဆက်သွယ်လာ ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အဆင့်ဆင့် တိုင်ကြားသော်လည်း ဝန်ကြီးပင် မလွန် ဆန်နိုင်သည့် အခြေအနေမျိုးဖြစ်နေ သည်ဟု ၎င်းတို့ယူဆရသည်ဟု ပြောကြ ကြောင်း၊ ၎င်းကိစ္စများကိုလည်း ဝန်ထမ်း များ စိတ်ဓာတ်မပျက်ပြားအောင် မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလို ကြောင်း မေးမြန်းသည်။
တိုင်ကြား၍ရ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို ပြောပြသည့်အတွက် ကျေးဇူးတင်ပါ ကြောင်း၊ တချို့ဝန်ထမ်းအသိုင်းအဝိုင်းတွင်လည်း ကြားရပါကြောင်း၊ CDM လုပ် သည့်အဖွဲ့များ ပြန်ဝင်လာသည့်အချိန်တွင် ယခင်က Non CDM အဖွဲ့များကို ထိုကိစ္စ များနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် အနှောင့်အယှက်ဖြစ်ဖွယ်ရှိသည်ကို မိမိတို့ သိရကြောင်း၊ တိကျသည်ဆိုလျှင် တိုင်ကြား ၍ရကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ ကိုလည်း ပြော၍ရကြောင်း၊ တချို့ဌာန ဆိုင်ရာ အကြီးအကဲများ ပြော၍မရပါဟု ပြောဆိုနေကြသည်ကိုလည်း ကြားသိရ ကြောင်း၊ ပြောလို့ရသည့် နည်းလမ်းများရှိ ကြောင်း၊ နည်းလမ်းများအတိုင်းလုပ်ဆောင် ပေးရန် ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမှုအပေါ် နိုင်ငံသားများကို အသက် အပိုင်းခြားလိုက် ထိုးပေးနေခြင်းကို တွေ့ရ ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအပေါ် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံခွင့် ရရန်အတွက် တုံကင်များပေးထားကြောင်း၊ ထိုတုံကင်ပြားများကို ဈေးကွက်စီးပွားရေး ဖော်ဆောင်ပြီး ရောင်းစားနေခြင်းများကို တွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှု၊ လုပ်ငန်းများ ပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဝင်ငွေ နည်းမှု၊ နိုင်ငံရေးပြဿနာကြောင့် ဝင်ငွေ များ နည်းပါးမှု စသည့် ပြဿနာများ ရင်ဆိုင်နေရကြောင်း၊ အဆိုပါ ပြဿနာ များအကြား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ၅၀၀၀၊ ၁၀၀၀၀ ကျပ် တောင်းစားမှုကို မိမိထံတွင် အသံဖိုင်နှင့် တကွ သက်သေရှိကြောင်း၊ အဆိုပါဖြစ်ရပ် များသည် မိမိတို့ မြန်မာနိုင်ငံတွင် အနီ၊ အစိမ်း နိုင်ငံသားအားလုံး ခံစားခွင့်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပိုင်ခွင့်ကို ထိုကဲ့သို့ အဂတိလိုက်စားပြီး မလျော်ဩဇာသုံး၍ ဈေးကွက်စီးပွားရေးဆန်ဆန်ဖြင့် သုံးဦး လျှင် ၂၅၀၀၀ ကျပ်၊ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်၊ လင်မယားနှစ်ဦးလျှင် ၂၀၀၀၀ ကျပ် ဖြင့် တောင်းစားနေသည့် အသံဖိုင်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူလူထုကို ကောင်းစေလို ခြင်းကြောင့် လုပ်ပေးသည့်အပေါ် အကျင့် ပျက်ခြစားနေမှုများ တွေ့ရကြောင်း၊ အဆိုပါပြဿနာကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးနိုင်မည်ဆိုသည် နှင့် ထပ်မဖြစ်အောင် မည်ကဲ့သို့ ကြိုတင် ပြင်ဆင်မှု ဆောင်ရွက်သွားမည်ကို သိလို ကြောင်းမေးမြန်းသည်။
မလုပ်သင့် မလုပ်ထိုက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပျံ့ပျံ့နှံ့နှံ့ ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ယခင်သတင်းစာရှင်းလင်းပွဲများ တွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ EAOs များရှိနေသည့်ဒေသများ၊ EAOs များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဒေသ များအထိ လိုက်လံဆောင်ရွက်လျက်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တချို့ရပ်ကွက်များ၊ ကျေးရွာ များအကြောင်း သတင်းထောက်၊ မီဒီယာ များ ပြောပြချက်များအရ သိရကြောင်း၊ ထိုကဲ့သို့ပြောပြခြင်းကို မိမိတို့အနေဖြင့် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အဓိက အားဖြင့် တစ်နိုင်ငံလုံးရှိ အကျုံးဝင်သည့် လူထုကို ပျံ့ပျံ့နှံ့နှံ့ ထိုးရမည်ဖြစ်ကြောင်း၊ အဆိုပါ ဆေးထိုးမှုကို လုပ်ငန်းတစ်ခု သဖွယ် မလုပ်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး စာရင်းများကို ပြုစုထားခြင်းက ကျန်းမာရေးဝန်ကြီးဌာန နှင့် IT နည်းပညာကျွမ်းကျင်သူများ ပူးပေါင်းပြီး စာရင်းဇယားဖြင့် ပြုစုထား ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေး ဝန်ကြီးဌာနနှင့် IT နည်းပညာကျွမ်းကျင်သူ များ ပြုလုပ်ထားသည့် စာရင်းဇယားသည် လဝကများ၊ မြို့နယ်အခြေခံများနှင့် လုပ်ထားခြင်းကြောင့် လွှဲမှားစရာမရှိ ကြောင်း၊ မည်သူကအကျုံးဝင်ပြီး မည်သူ ထိုးရမည်ကို စာရင်းဖြင့် လာခြင်းဖြစ် ကြောင်း၊ အဆိုပါ စာရင်းအတိုင်း ထိုးပေး နေခြင်းဖြစ်ကြောင်း၊ သို့သော် အထက်ပါ ဖြစ်စဉ်များ ဖြစ်နိုင်ခြေမရှိဟု မငြင်းပါ ကြောင်း၊ ဖြစ်နိုင်ခြေအားဖြင့် နည်းပါး ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရန် မည်သူများအကျုံးဝင်ပြီး ထိုးရမည် ဟူ၍ ရှိနိုင်ကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် အထောက်အထားများကို မိမိတို့အားပေးခဲ့ရန် ပြောကြားလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မလုပ်သင့် မလုပ် ထိုက်သည့် လုပ်ငန်းတစ်ခုဟု ပြောလိုပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မိမိဖြေကြားသည့်အဖြေအပေါ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း များကို အောက်ခြေအထိ ပျံ့ပျံ့နှံ့နှံ့ဖြစ် အောင် ပြုလုပ်ထားခြင်းကို ဆက်လက်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
ဖြည့်စွက်ဖြေကြား
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက မိမိအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးတွင် ပျံ့နှံ့စွာ ထိုးနှံရန်နှင့် ရည်မှန်းချက်က ဒီဇင်ဘာလအကုန်တွင် အသက် ၁၈ နှစ် နှင့်အထက် လူဦးရေ ၃၄ ဒသမ ၄ သန်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၇ ဒသမ ၂ သန်း ကို ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်နေ ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းကြောင့် နေ့စဉ်တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေး ထိုးသည့်အဖွဲ့ပေါင်း ၁၀၀၀ ကျော်ရှိ ကြောင်း၊ နေ့စဉ် ကာကွယ်ဆေး အရေ အတွက် ၂ သိန်းမှ ၃ သိန်းအကြား ထိုးနှံနေ ကြောင်း၊ မိမိတို့အနေဖြင့် များများနှင့် မြန်မြန် ထိုးလိုပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် သတ်မှတ်ထားသည့် သတ်မှတ် ချက်သည် ယခုအခါ အသက် ၄၀ နှစ် အထိဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ့ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း များကို အုပ်စုအများကြီးဖြင့် ထိုးပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ ထိုးပေးသည့်အခါ ကာကွယ်ဆေးထိုးသည့် အဖွဲ့များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို အနည်းငယ် ရှင်းပြလိုကြောင်း၊ ကာကွယ်ဆေးထိုးသည့် အဖွဲ့သည် ဌာနပေါင်းစုံကပါရကြောင်း၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှု ဝန်ထမ်းအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာန မှ အဖွဲ့များပါရကြောင်း၊ volunteer များ လည်းပါကြောင်း၊ ရပ်ကွက်တစ်ခုတွင် ကာကွယ်ဆေးထိုးမည့် စာရင်းများ ကောက်ပြီး စာရင်းသွင်းရကြောင်း၊ အဆိုပါ စာရင်းများသည် ကွန်ပျူတာ အတွင်း ၎င်း၏ အမည်၊ အသက်၊ မှတ်ပုံ တင် စသည့်အချက်များသွင်းပြီး ပထမ အကြိမ် ကာကွယ်ဆေးထိုးပေးလိုက် ကြောင်း၊ အဆိုပါလူအား ရက်စေ့လျှင် ဒုတိယအကြိမ် ကာကွယ်ဆေးလာထိုးရန် ချိန်းပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုး ကြောင်း၊ ထိုကဲ့သို့ ကာကွယ်ဆေးထိုးပြီး နောက် VMIS စနစ်ဖြင့် ထုတ်ထားသည့် ကာကွယ်ဆေးထိုးလက်မှတ်ကို ပေးလိုက် ကြောင်း၊ ထိုလက်မှတ်တွင် QR Code နှင့် ၎င်း၏အချက်အလက်များပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဌာန ပေါင်းစုံက ဝိုင်းဝန်း၍ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ တတ်နိုင်သလောက် သတင်းထောက်ကြီး ပြောကြားခဲ့သည့် အချက်များ မဖြစ်အောင် မိမိတို့အနေဖြင့် ကြိုးစားကြောင်း၊ သို့သော် အဖွဲ့အစည်း အများကြီးဖြင့် ဆောင်ရွက်ရခြင်းကြောင့် တချို့နေရာများတွင် ဟာကွက်ရှိကောင်း ရှိမည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း မိမိတို့အနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသည့် လူဦးရေပေါင်း ၁၁ သန်းကျော်၊ တစ်ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်း စုစုပေါင်းလူဦးရေ ၁၅ သန်း၊ ၁၆ သန်းကျော်ကို ကာကွယ်ဆေး အကြိမ်ရေ ပေါင်း၂၆ သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။
ဆက်လက်ပြီး နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က ရှင်းလင်းသွားသည့် အချက် များသည် သတင်းအချက်အလက်များ ဖြစ်သည်ကို သိပါကြောင်း၊ ယခုတင်ပြ သည့် ပြဿနာသည် ရပ်ကွက်အတွင်း ဖြစ်နေသည့် ပြဿနာကို မေးမြန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်း ထောက်ကြီးအနေဖြင့် တစ်နိုင်ငံလုံးတွင် ရပ်ကွက်မည်မျှရှိသည်ကို သိပါသလားဟု မေးမြန်းရာ နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင် က ရပ်ကွက်မည်မျှရှိသည်ကို မိမိအနေဖြင့် စာရင်းအတိအကျမရှိပါကြောင်း ဖြေကြား သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်း ထောက်ကြီးအား တိုင်ကြားထားသည့် ရပ်ကွက်မည်မျှရှိသလဲဟု မေးမြန်းရာ နေပြည်တော် Online Agency သတင်း ဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မိမိထံ တွင် တိုင်ကြားထားသည့် ရပ်ကွက် အားလုံးပေါင်း ၁၁ ရပ်ကွက်ခန့်ရှိကြောင်း ဖြေကြားသည်။
မသမာမှုများရှိနိုင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ တိုင်ကြားထားသည့် ၁၁ ရပ်ကွက် ရှိသည် မှာ ဖြစ်နိုင်ကြောင်း၊ မဖြစ်နိုင်ဘူးဟု ငြင်းနေခြင်းမဟုတ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်မည်မျှရှိသည် ထက် တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၃၅၂ မြို့နယ်ရှိကြောင်း၊ မြို့နယ် တစ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ မည်မျှရှိမည်ကို သတင်းထောက်ကြီး မှန်းကြည့်ပါ၊ ထို့ကြောင့် သတင်းထောက် ကြီးထံတွင် လာအပ်သည့် ၁၁ ရပ်ကွက် ထက်မက မသမာမှုများရှိနိုင်ကြောင်း၊ မိမိတို့အား အဆိုပါအချက်အလက်များ ပေးခဲ့ပါ၊ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မည်ကဲ့သို့အရေးယူဆောင်ရွက် မည်ဆိုသည်ကို သတင်းထောက်ကြီး သိလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပြီး မည်မျှထောင်ချ လိုက်သည်ကို သတင်းထောက်ကြီး သိလို ခြင်းဖြစ်ကြောင်း၊ စွပ်စွဲခံရသူမှာ ကာကွယ် ပိုင်ခွင့်ရှိသလို ၎င်းတို့က မဟုတ်ဘူး၊ အလွန်ကင်းရှင်းပါသည်ဟု မိမိပြောခြင်း မဟုတ်ကြောင်း၊ မည်သူမျှ ခြောက်ပစ် ကင်းသဲလဲစင်မရှိကြောင်း၊ ထိုကိစ္စဖြစ်နေ သည့် ၁၁ ရပ်ကွက်လုံးကို ပေးခဲ့ပါရန်နှင့် ထို ၁၁ ရပ်ကွက်ထက်မက ရှိနိုင်ပါသေး ကြောင်း၊ မိမိတို့အနေဖြင့် နည်းလမ်းကျန အောင် တရားဥပဒေအရ ဆောင်ရွက်ပေး မည်ဟု ပြောနိုင်ကြောင်း၊ သတင်းထောက် ကြီး လိုချင်သည့်အဖြေ “ ဘယ်လိုအရေး ယူလိုက်မယ်။ ဘယ်သူကို ဖြုတ်လိုက် မယ်”ဟူ၍ ယခုနေရာတွင် ပေးရန်မဖြစ် နိုင်ကြောင်း၊ တရားဥပဒေအရ ဖြစ်ရမည် ဟုပြောနိုင်ကြောင်း ပြန်လည်ဖြေကြား သည်။
(ဆက်လက်ဖော်ပြပါမည်)