
နေပြည်တော် နိုဝင်ဘာ ၂၈
နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီ၊ ၄၉ မိနစ်၊ ၀၁ စက္ကန့်အချိန်တွင် ကန့်ဘလူ မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၄၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင် ၃၀ ခန့် အကွာ) မြောက်လတ္တီတွဒ် ၂၃.၃၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄.၇၇ ဒီဂရီ၊ အနက် ၄၆ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်သွားကြောင်း တိုင်းထွာရရှိသည်။
မိုး/ဇလ