
နေပြည်တော် နိုဝင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း နှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယဒေသရှိ Forever Yay Wati ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများ အတွက် အခြေခံအဆောက် အအုံများနှင့် စတူဒီယိုများ တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ကူညီဖြေရှင်းပေး
ရှေးဦးစွာ ရှင်းလင်းဆောင်၌ Forever Yay Wati ကုမ္ပဏီမှ Project Director ဦးသိန်းထွန်း အောင်က ပင်းတယဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် စိမ်းလန်းစိုပြည်ရေးကို အခြေခံသော ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများ အတွက် အခြေခံအဆောက်အအုံ များနှင့် စတူဒီယိုများတည်ဆောက် နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအခါ အနုပညာသမားများ အနေဖြင့် ဘေးပယောဂအမျိုးမျိုး ကြောင့် အနုပညာလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နိုင်မှု မရှိကြောင်း၊ ထို့ကြောင့် အချို့သော အနု ပညာရှင်များမှာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေကြ ရပြီး အနုပညာ လုပ်ငန်းများ လွတ်လပ်စွာ ဖန်တီးရိုက်ကူး ထုတ်လုပ်နိုင်ရန် စိတ်ဆန္ဒရှိနေကြ ပါကြောင်း၊ မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနသည် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာကဏ္ဍနှင့် ပတ်သက်၍ တိုက်ရိုက်တာဝန်ရှိ သည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည့် အတွက် အနုပညာရှင်များနှင့် အနု ပညာလောက၌ ကြုံတွေ့နေရ သည့် အခက်အခဲများကို ကူညီ ဖြေရှင်းပေးလိုပါကြောင်း။
အောင်မြင်စွာဆောင်ရွက်နိုင်
နိုင်ငံတော် ဝန်ကြီးချုပ်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ပညာရှင်များအဖြစ် အသိအမှတ်ပြုကာ ၎င်းတို့၏ လိုအပ်ချက်များကို ကူညီဆောင် ရွက်ပေးရန် လမ်းညွှန်ထားပါ ကြောင်း၊ ပင်းတယဒေသသည် ရေမြေရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေအရ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားရိုက်ကူး ထုတ်လုပ်မှု လုပ်ငန်းများဆောင် ရွက်ရန် အခြေအနေကောင်းများ ရှိနေပါကြောင်း၊ ယခုဆောင်ရွက် နေသည့် လုပ်ငန်းသည် သာမန် စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ဆောင်နေသည့်ပုံစံ မဟုတ်ဘဲ အနာဂတ် အနုပညာလောက အတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည့် အစီအစဉ် များလည်း ပါဝင်သည်ကို တွေ့မြင် ရသည့်အတွက် လွန်စွာကြည်နူး ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့၏ ရုပ်ရှင်အနုပညာ ရိုက်ကူး ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံ တကာ စံနှုန်းများနှင့်အညီ စနစ် တကျထုတ်လုပ်၍ နိုင်ငံတကာက ကြည့်ရှု အားပေးနိုင်သည်အထိ ရည်မှန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပင်းတယဒေသသည် လေထုညစ်ညမ်းမှု ကင်းရှင်း၍ ရာသီဥတု မျှတခြင်း၊ နယ်မြေ အေးချမ်းသာယာခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးရေးကို အခြေခံသော သဘာဝပတ်ဝန်းကျင်နှင့် ရှုခင်း ရှုကွက်များ ရှိခြင်းတို့ကြောင့် ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများ ကို အောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါကြောင်း။
ပူးပေါင်းကူညီဆောင်ရွက်
သို့ရာတွင် မြေဆီလွှာ တိုက်စား၍ မြေမျက်နှာပြင် ပျက်စီးမှု များပြားခြင်းကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန် အကြံပြုလိုပါ ကြောင်း၊ ယခုလုပ်ငန်းများ အောင်မြင်ပါက ပင်းတယဒေသ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ရုပ်ရှင်အနုပညာ လုပ်ငန်းများ လည်း ပိုမိုတိုးတက်အဆင်ပြေ လာမည်ဖြစ်သည့် အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ပင်းတယဒေသတွင် ဆောင်ရွက်နေသည့် ရုပ်မြင် သံကြား ရိုက်ကူးထုတ်လုပ်မှုများ အတွက် အခြေခံအဆောက်အအုံ နှင့် စတူဒီယိုများ တည်ဆောက် အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ က ပူးပေါင်းကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးမှာကြား
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် Forever Yay Wati ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စတူဒီယိုများ တည်ဆောက်နေမှု၊ မြေဆီလွှာ ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ပင်းတယဒေသတွင် အကောင် အထည်ဖော် ဆောင်ရွက်နေသော ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ် မှုလုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံနှင့် စတူဒီယိုများ တည်ဆောက်ခြင်း လုပ်ငန်းကို Forever Yay Wati ကုမ္ပဏီ လီမိတက်က ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီး ယခုအခါ မြေဧက ၈၀၀ ကျော်တွင် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်ရန်လိုအပ်သော အခြေခံ အဆောက်အအုံများကို တည် ဆောက်လျက်ရှိကြောင်း သိရသည်။
ကြိုးပမ်းဆောင်ရွက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဆင့် ရုံးခန်းသို့ ရောက်ရှိပြီး စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ရေးနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် လှုပ်ရှားမှုများကို ကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်