တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  နိုဝင်ဘာ  ၂၄    


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး  အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့များ၊  နာတာရှည်ရောဂါအခံ ရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ    ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်းအဆင့်      ကျောင်းသား ကျောင်းသူများ   စသည့်ဦးတည် အုပ်စုများ        သတ်မှတ်၍ တပ်မတော်မှ   ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း)အတွင်းရှိ မြိုနယ်လေးမြို့နယ် ၌ ဒေသခံပြည်သူ ၉၇၃ ဦး၊ ရှမ်း ပြည်နယ်  (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်လေးမြို့နယ်၌   ဒေသခံ ပြည်သူ ၁၆၉၀ ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၅)မြို့နယ်တို့၌ သံဃာတော်များ နှင့် ဒေသခံပြည်သူ ၂၂၆၀၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်၌    ဒေသခံ ပြည်သူ ၄၃၈၅ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၄၅၄၉၆ ဦး၊    ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌   ဒေသခံ ပြည်သူ ၁၄၄၉၄ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် နှင့် တန့်ဆည်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၂၂၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ   ၈၈၅၄  ဦးနှင့် ပဲခူးတိုင်းဒေသကြီး   တောင်ငူ မြို့နှင့်   ထန်းတပင်မြို့နယ်တို့၌ သံဃာတော်များနှင့်   ဒေသခံ ပြည်သူ ၁၀၉၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့      ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ထို့အတူ     ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ   ၁၆၃၀၄  ဦး၊  ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ရှိ   မြို့နယ်ခုနစ်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၁၇၄၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့နယ်၊    ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျောင်းသား ကျောင်း သူ ၆၄၉ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်      ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့    ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ     တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                    

သတင်းစဉ်